Kantharyar Centre
×

 ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အႏုပညာေလာကထဲက်င္လည္ရင္း ကိုယ္ရူးသြပ္တဲ့ အဆိုေရာ၊ သရုပ္ေဆာင္ဘက္ ႏွစ္ခုစလံုးကို ဘက္ညီေအာင္ ၾကိဳးစားရပ္တည္လာခဲ့သူ မင္းေမာ္ကြန္းဟာ အခ်ိန္ကာလတစ္ခုၾကာ ပရိသတ္ေတြေရွ႕က ေပ်ာက္ကြယ္သြားခဲ့တာ အားလံုးသတိျပဳမိပါလိမ့္မယ္။ ဒါေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္းမွာပဲ အားလံုးေမ်ွာ္လင့္ေနတဲ့ မင္းေမာ္ကြန္းဟာ ရုပ္ရွင္ေလာကထဲျပန္လည္၀င္ေရာက္လာၿပီး ဇာတ္ကားေတြျပန္လည္ရုိက္ကူးေနခဲ့ပါျပီ။ ဒါ့အျပင္ မင္းေမာ္ကြန္းဟာ ခုဆုိ သားေလးႏွစ္ေယာက္၊ သမီးေလးတစ္ေယာက္ သာယာတဲ့ မိသားစုဘ၀ကိုလည္း ပိုင္ဆုိင္ထားျပန္ပါတယ္။ ဒါေၾကာင့္ မင္းေမာ္ကြန္းနဲ႕ေတြ႕ဆံုခိုက္ သိခ်င္တဲ့အေၾကာင္းအရာေတြကို ခုလို ေမးျမန္းၾကည့္ျဖစ္ေတာ့

-အခုရုိက္ေနတဲ့ ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားေလးက အရမ္းမိုက္တယ္။ အရမ္းခုိက္တယ္တဲ့။ ပါ၀င္တဲ့သရုပ္ေဆာင္ေတြက ကုိသူထူးစံ၊ ကုိေက်ာ္ရဲေအာင္၊ ယုသႏၱာတင္ ၊ရွင္ယြန္းျမတ္တို႕နဲ႕တြဲၿပီးေတာ့ ရုပ္ရွင္ကားၾကီးရုိက္ေနတယ္။ ဒါရုိက္တာက ေမာင္ေမာင္ျမင့္လြင့္ပါ။

-ဒီထဲမွာေရာ ဘယ္လိုကာရုိက္တာေလးမ်ိဳးလဲ။

ကၽြန္ေတာ္က ဒီထဲမွာ သူေဌးသား၊ အေဖကေတာ့ အဆင့္အတန္းခြဲျခားတတ္တဲ့သူေဌးေပါ့။ ကၽြန္ေတာ္ကေတာ့ လူတန္းစားမခြဲျခားတတ္တဲ့သူေဌးသား အေဖကို အရြဲ႕တိုက္တတ္တဲ့ သားတစ္ေယာက္ရဲ႕ကာရိုက္တာပါ။

-ဒီကားမတုိင္ခင္ကေရာ ဘာေတြလုပ္ျဖစ္ေသးလဲ။

လာဗင္ဒါထုတ္လုပ္ေရးနဲ႕ရုိက္တယ္။ အဲ့ဒါၿပီးေတာ့ ဒီကား၀င္တယ္။

-အခုေနာက္ပိုင္းဆိုအစ္ကို႕ကိုဟာသဇာတ္ရုပ္ေတြနဲ႕ပိုလို႕အားေပးတာကိုေတြ႕ရတယ္။ ဥပမာ အမမႈန္တို႕၊ အထီးမႈန္တို႕ေပါ့။

အဓိကကေတာ့ ဟာသာျဖစ္ျဖစ္ ဒရာမာျဖစ္ျဖစ္ ဇာတ္ေကာင္းရင္ ျပီးေတာ့ ကာရုိက္တာေကာင္းၿပီးေတာ့ သပ္သပ္ရပ္ရပ္နဲ႕ပရိသတ္အတြက္ကို ေစတနာေလးထားၿပီးလုပ္ေပးႏုိင္မယ္ဆိုရင္ အဲ့ဒီလိုကာရိုက္တာမ်ိဳးေတြဆိုရင္ေတာ့ ပိုၿပီးရုိက္ျဖစ္ပါတယ္ ။

-အေရွ႕မွာမေအးျမတ္သူတို႕နဲ႕ရုိက္ခဲ့တဲ့ စံုေထာက္ကားေလးလဲေတြ႕တယ္။ အဲ့ဒီထဲမွာ မိတ္ကပ္ Creation ေတြ၊ တင္ထားတဲ့ဓာတ္ပံုေလးေတြကို ေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနၾကတယ္။

အဲ့ဒီဇာတ္ကားက ရဲႏွစ္ပတ္လည္အတြက္ဆိုၿပီး ရိုက္ထားတာပါ။ ဒါရုိက္တာကိုေဇာ္ ( အရုဏ္ဦး )နဲ႕ေပါ့။ ကၽြန္ေတာ္တို႕တကယ့္အျဖစ္အပ်က္ကို ရုိက္ထားတာေပါ့။ အဲ့ဒီထဲမွာ ျမန္မာျပည္ကိုလာၿပီးေတာ့ ခုိေနတဲ့ ျပည္ပႏုိင္ငံသားတစ္ေယာက္အေၾကာင္းကို ရိုက္ထားတာေပါ့။

-အဲ့ဒီထဲက ရုပ္ေျပာင္းရုပ္လႊဲ မိတ္ကပ္ Creation ပုိင္းနဲ႕ပတ္သက္ၿပီးေတာ့လဲ စိတ္၀င္စားေနၾကတယ္။

ကၽြန္ေတာ္တို႕မိတ္ကပ္ပိုင္းကေတာ့ အရင္ကထက္စာရင္ အမ်ားၾကီးတိုးတက္လာပါၿပီ။ ကိုယ္လိုခ်င္တဲ့စိတ္ၾကိဳက္အေနအထားၾကီးတစ္ခုကို မေရာက္ေသးေပမဲ့ ကေလးေတြလဲ အရမ္းၾကိဳးစားတဲ့အတြက္ေလ ကၽြန္ေတာ္တို႕အေနနဲ႕အဲ့ဒီမိတ္ကပ္တစ္ခုလုပ္ၿပီဆို အခ်ိန္ ေလးနာရီ၊ ငါးနာရီ ယူရတယ္။ ဒါေတာင္မွ သူတို႕စီလီကြန္ေတြၾကိဳလုပ္ထားလို႕ေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္တို႕အရမ္းေမွ်ာ္လင့္ထားသလုိ မ်က္ႏွာ ၾကြက္သားေတြလႈပ္ႏိုင္တဲ့အထိေတာ့မရေသးဘူးေပါ့။ အဲ့ဒီေလာက္ရသြားၿပီဆိုရင္ေတာ့ ကၽြန္ေတာ္တို႕ရိုက္ခ်င္တဲ့ ကာရိုက္တာေပါင္းစံုကိုရုိက္လို႕ရသြားၿပီေပါ့။

-အခုေနာက္ပိုင္းမွာေရာ ဘယ္လိုဇာတ္ရုပ္၊ ဘယ္လိုကာရိုက္တာေတြကို သရုပ္ေဆာင္ရတာ ပိုႏွစ္ျခိဳက္ေနလဲ။

မွ်တပါတယ္ခင္ဗ်။ ကၽြန္ေတာ္အခု လက္ခံထားတဲ့ ရုပ္ရွင္ကားၾကီးေတြဆိုရင္ ဒရာမာ၊ ဟာသ၊ မိသားစုဇာတ္၊ ဒါမွမဟုတ္ လူငယ္ဇာတ္ေလးေတြအစံုေပါ့။ မတူညီတဲ့ဇာတ္လမ္းမ်ိဳးေလးေတြ လက္ခံျဖစ္တာမ်ားပါတယ္။

-အခုကေတာ့ အႏုပညာအလုပ္ေတြ ဆက္တုိက္ျပန္လုပ္ျဖစ္ေနၿပီဆိုေတာ့ေလ အေရွ႕မွာအစ္ကိုနားခဲ့တဲ့ ေတာက္ေလွ်ာက္မွာေရာ ဘာေတြလုပ္ျဖစ္ေနေသးလဲ။

ကၽြန္ေတာ္ေရွ႕မွာတုန္းကေတာ့ လုပ္ရတာတစ္အား ျငီးေငြ႕ၿပီးေတာ့ မရုိက္ခ်င္ေတာ့တဲ့အတြက္ အၾကာၾကီးနားလိုက္တယ္။ အခုကေတာ့ လူကအသစ္ျပန္ၿပီး ျဖစ္ေနတဲ့အတြက္တက္တက္ၾကြၾကြနဲ႕အားတက္သေရာျပန္လုပ္ျဖစ္တာပါ။

-ျပန္လည္ရုိက္ကူးတဲ့အခ်ိန္မွာေရာ ဘယ္လုိခံစားရလဲ။ ကိုယ့္ကိုကိုယ္အသစ္တစ္ေယာက္လိုျဖစ္ေနတာမ်ိဳးရွိလား။

တစ္ခါတစ္ေလကၽြန္ေတာ္တို႕မွာ ရုိက္ေနရင္းနဲ႕ကိုယ့္ဟာကိုယ္ ရင္မခုန္ေတာ့တာမ်ိဳးရွိတယ္။ အဲ့ဒီေတာ့ ကုိယ့္ကိုကုိယ္ျပန္ၿပီး တည့္မတ္ရတာေပါ့။ နားၿပီးျပန္ရုိက္တဲ့အခ်ိန္မွာ ထူးထူးျခားျခားမခံစားရေပမဲ့ ရုိက္ၿပီးေနာက္ပိုင္းထြက္လာတဲ့ ကားေလးေတြအေပၚ ပရိသတ္အသိအမွတ္ျပန္ျပဳတာကိုေတြ႕တဲ့အခါမွာေတာ့ ျပန္ၿပီး ၾကိဳးစားမယ္ဆိုတဲ့စိတ္ေလး၀င္လာခဲ့ပါတယ္။

-အစ္ကို႕ကိုဆြဲေဆာင္ႏုိင္တဲ့ဇာတ္ရုပ္မ်ိဳးကေရာဘယ္လိုပံုစံမ်ိဳးျဖစ္မလဲ။

အဓိကကေတာ့ ကၽြန္ေတာ္တို႕သရုပ္ေဆာင္ေတြရဲ႕ျပသနာက ကုိယ့္ဆီေရာက္လာတဲ့ ဇာတ္လမ္းကုိမွ ေရြးခ်ယ္ၿပီးစိစစ္ၿပီးမွ ရုိက္ကူးရတာ ကိုယ္ဒါရုိက္ခ်င္တယ္။ ဒါရုိက္ခ်င္တယ္။ဆိုၿပီး လုပ္လို႕သိပ္မရဘူး။ ရုပ္ရွင္ကားၾကီးေတြဆိုရင္လဲ ပရိုဂ်ဴဆာေတြ၊ ဒါရိုက္တာေတြက ဒီဇာတ္ဆိုတာကို အရင္တုိင္ပင္ၿပီးမွ ဒီအေပၚမွာ ကာရိုက္တာေတြခြဲၿပီးေရာက္လာၾကတာမ်ားေတာ့ အဲ့ဒီထဲမွာမွ ကၽြန္ေတာ္တို႕တတ္ႏုိင္သမွ် လိုက္ဖက္တယ္။ ရုိက္သင့္တယ္။ ဒီဟာေလးကေတာ့ မ်ားေနၿပီဘာညာဆိုၿပီးျပန္ေရြးခ်ယ္ရတာေပါ့။

-ကုိယ့္ကိုကိုယ္ေရာဘာေတြေျပာင္းလဲသြားတယ္လို႕ခံစားမိလဲ။

နည္းနည္း နည္းနည္းခ်င္းေတာ့ ေျပာင္းလဲလာပါတယ္။ ဒါေပမဲ့ကၽြန္ေတာ္နဲ႕အနီးကပ္ေနေနတဲ့ ကၽြန္ေတာ့္ပတ္၀န္းက်င္ကလူေတြကပိုသိမယ္လို႕ထင္ပါတယ္။

-သမီးအၾကီးမေလးကလဲ အႏုပညာကို၀ါသနာပါတာေတြ႕ရတယ္ဆိုေတာ့ေလ သူ႕ကိုေရာ ဘယ္လိုျဖစ္ေစခ်င္လဲ။

ေလာေလာဆယ္ေတာ့ သူ႕ပညာေရးကိုပဲလုပ္ေနပါတယ္။ ဒါေပမဲ့ေက်ာင္းၿပီးတဲ့အခါက်မွပဲ သူလုပ္ခ်င္ရာသူ၀ါသနာပါရာကို ေျမေတာင္ေျမွာက္ေပးဖို႕စိတ္ကူးရွိပါတယ္။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီးေတာ့ေရာ လုပ္ျဖစ္ေသးလား။

ကၽြန္ေတာ္စဥ္းစားထားတာေလးေတြေတာ့ရွိပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ဟာေလးေတလဲ တီးၿပီးေတာ့ မလုပ္ျဖစ္ေသးတာေတြလဲ ရွိပါတယ္။ အခက္အခဲေတြကေတာ့ အမ်ိဳးမ်ိဳးေပါ့။ အခ်ိန္အခက္အခဲေနာက္ကိုယ့္ကိုကိုယ္ အားမရတာေရာ၊ ေနာက္သီခ်င္းတစ္ပုဒ္က သြင္းထားၿပီးရင္ အခ်ိန္ၾကာၿပီး ရုိးသြားတာေတြေရာေၾကာင့္ၾကာေနတာပါ။

-ႏွစ္ေပါင္းမ်ားစြာအားေပးလာတဲ့ ပရိသတ္ေတြကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ကၽြန္ေတာ့္ပရိသတ္အတြက္ပိုၿပီးအက်ိဳးေပးႏုိင္မဲ့ အက်ိဳးျပဳႏုိင္မဲ့ အႏုပညာရွင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ၾကိဳးစားသြားပါ့မယ္လို႕ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

 နှစ်ပေါင်းများစွာကြာအောင် အနုပညာလောကထဲကျင်လည်ရင်း ကိုယ်ရူးသွပ်တဲ့ အဆိုရော၊ သရုပ်ဆောင်ဘက် နှစ်ခုစလုံးကို ဘက်ညီအောင် ကြိုးစားရပ်တည်လာခဲ့သူ မင်းမော်ကွန်းဟာ အချိန်ကာလတစ်ခုကြာ ပရိသတ်တွေရှေ့က ပျောက်ကွယ်သွားခဲ့တာ အားလုံးသတိပြုမိပါလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်အတွင်းမှာပဲ အားလုံးမျှော်လင့်နေတဲ့ မင်းမော်ကွန်းဟာ ရုပ်ရှင်လောကထဲပြန်လည်ဝင်ရောက်လာပြီး ဇာတ်ကားတွေပြန်လည်ရိုက်ကူးနေခဲ့ပါပြီ။ ဒါ့အပြင် မင်းမော်ကွန်းဟာ ခုဆို သားလေးနှစ်ယောက်၊ သမီးလေးတစ်ယောက် သာယာတဲ့ မိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားပြန်ပါတယ်။ ဒါကြောင့် မင်းမော်ကွန်းနဲ့တွေ့ဆုံခိုက် သိချင်တဲ့အကြောင်းအရာတွေကို ခုလို မေးမြန်းကြည့်ဖြစ်တော့

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက အရမ်းမိုက်တယ်။ အရမ်းခိုက်တယ်တဲ့။ ပါဝင်တဲ့သရုပ်ဆောင်တွေက ကိုသူထူးစံ၊ ကိုကျော်ရဲအောင်၊ ယုသန္တာတင် ၊ရှင်ယွန်းမြတ်တို့နဲ့တွဲပြီးတော့ ရုပ်ရှင်ကားကြီးရိုက်နေတယ်။ ဒါရိုက်တာက မောင်မောင်မြင့်လွင့်ပါ။

-ဒီထဲမှာရော ဘယ်လိုကာရိုက်တာလေးမျိုးလဲ။

ကျွန်တော်က ဒီထဲမှာ သူဌေးသား၊ အဖေကတော့ အဆင့်အတန်းခွဲခြားတတ်တဲ့သူဌေးပေါ့။ ကျွန်တော်ကတော့ လူတန်းစားမခွဲခြားတတ်တဲ့သူဌေးသား အဖေကို အရွဲ့တိုက်တတ်တဲ့ သားတစ်ယောက်ရဲ့ကာရိုက်တာပါ။

-ဒီကားမတိုင်ခင်ကရော ဘာတွေလုပ်ဖြစ်သေးလဲ။

လာဗင်ဒါထုတ်လုပ်ရေးနဲ့ရိုက်တယ်။ အဲ့ဒါပြီးတော့ ဒီကားဝင်တယ်။

-အခုနောက်ပိုင်းဆိုအစ်ကို့ကိုဟာသဇာတ်ရုပ်တွေနဲ့ပိုလို့အားပေးတာကိုတွေ့ရတယ်။ ဥပမာ အမမှုန်တို့၊ အထီးမှုန်တို့ပေါ့။

အဓိကကတော့ ဟာသာဖြစ်ဖြစ် ဒရာမာဖြစ်ဖြစ် ဇာတ်ကောင်းရင် ပြီးတော့ ကာရိုက်တာကောင်းပြီးတော့ သပ်သပ်ရပ်ရပ်နဲ့ပရိသတ်အတွက်ကို စေတနာလေးထားပြီးလုပ်ပေးနိုင်မယ်ဆိုရင် အဲ့ဒီလိုကာရိုက်တာမျိုးတွေဆိုရင်တော့ ပိုပြီးရိုက်ဖြစ်ပါတယ် ။

-အရှေ့မှာမအေးမြတ်သူတို့နဲ့ရိုက်ခဲ့တဲ့ စုံထောက်ကားလေးလဲတွေ့တယ်။ အဲ့ဒီထဲမှာ မိတ်ကပ် Creation တွေ၊ တင်ထားတဲ့ဓာတ်ပုံလေးတွေကို တော်တော်များများက စိတ်ဝင်စားနေကြတယ်။

အဲ့ဒီဇာတ်ကားက ရဲနှစ်ပတ်လည်အတွက်ဆိုပြီး ရိုက်ထားတာပါ။ ဒါရိုက်တာကိုဇော် ( အရုဏ်ဦး )နဲ့ပေါ့။ ကျွန်တော်တို့တကယ့်အဖြစ်အပျက်ကို ရိုက်ထားတာပေါ့။ အဲ့ဒီထဲမှာ မြန်မာပြည်ကိုလာပြီးတော့ ခိုနေတဲ့ ပြည်ပနိုင်ငံသားတစ်ယောက်အကြောင်းကို ရိုက်ထားတာပေါ့။

-အဲ့ဒီထဲက ရုပ်ပြောင်းရုပ်လွှဲ မိတ်ကပ် Creation ပိုင်းနဲ့ပတ်သက်ပြီးတော့လဲ စိတ်ဝင်စားနေကြတယ်။

ကျွန်တော်တို့မိတ်ကပ်ပိုင်းကတော့ အရင်ကထက်စာရင် အများကြီးတိုးတက်လာပါပြီ။ ကိုယ်လိုချင်တဲ့စိတ်ကြိုက်အနေအထားကြီးတစ်ခုကို မရောက်သေးပေမဲ့ ကလေးတွေလဲ အရမ်းကြိုးစားတဲ့အတွက်လေ ကျွန်တော်တို့အနေနဲ့အဲ့ဒီမိတ်ကပ်တစ်ခုလုပ်ပြီဆို အချိန် လေးနာရီ၊ ငါးနာရီ ယူရတယ်။ ဒါတောင်မှ သူတို့စီလီကွန်တွေကြိုလုပ်ထားလို့ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အရမ်းမျှော်လင့်ထားသလို မျက်နှာ ကြွက်သားတွေလှုပ်နိုင်တဲ့အထိတော့မရသေးဘူးပေါ့။ အဲ့ဒီလောက်ရသွားပြီဆိုရင်တော့ ကျွန်တော်တို့ရိုက်ချင်တဲ့ ကာရိုက်တာပေါင်းစုံကိုရိုက်လို့ရသွားပြီပေါ့။

-အခုနောက်ပိုင်းမှာရော ဘယ်လိုဇာတ်ရုပ်၊ ဘယ်လိုကာရိုက်တာတွေကို သရုပ်ဆောင်ရတာ ပိုနှစ်ခြိုက်နေလဲ။

မျှတပါတယ်ခင်ဗျ။ ကျွန်တော်အခု လက်ခံထားတဲ့ ရုပ်ရှင်ကားကြီးတွေဆိုရင် ဒရာမာ၊ ဟာသ၊ မိသားစုဇာတ်၊ ဒါမှမဟုတ် လူငယ်ဇာတ်လေးတွေအစုံပေါ့။ မတူညီတဲ့ဇာတ်လမ်းမျိုးလေးတွေ လက်ခံဖြစ်တာများပါတယ်။

-အခုကတော့ အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်ဖြစ်နေပြီဆိုတော့လေ အရှေ့မှာအစ်ကိုနားခဲ့တဲ့ တောက်လျှောက်မှာရော ဘာတွေလုပ်ဖြစ်နေသေးလဲ။

ကျွန်တော်ရှေ့မှာတုန်းကတော့ လုပ်ရတာတစ်အား ငြီးငွေ့ပြီးတော့ မရိုက်ချင်တော့တဲ့အတွက် အကြာကြီးနားလိုက်တယ်။ အခုကတော့ လူကအသစ်ပြန်ပြီး ဖြစ်နေတဲ့အတွက်တက်တက်ကြွကြွနဲ့အားတက်သရောပြန်လုပ်ဖြစ်တာပါ။

-ပြန်လည်ရိုက်ကူးတဲ့အချိန်မှာရော ဘယ်လိုခံစားရလဲ။ ကိုယ့်ကိုကိုယ်အသစ်တစ်ယောက်လိုဖြစ်နေတာမျိုးရှိလား။

တစ်ခါတစ်လေကျွန်တော်တို့မှာ ရိုက်နေရင်းနဲ့ကိုယ့်ဟာကိုယ် ရင်မခုန်တော့တာမျိုးရှိတယ်။ အဲ့ဒီတော့ ကိုယ့်ကိုကိုယ်ပြန်ပြီး တည့်မတ်ရတာပေါ့။ နားပြီးပြန်ရိုက်တဲ့အချိန်မှာ ထူးထူးခြားခြားမခံစားရပေမဲ့ ရိုက်ပြီးနောက်ပိုင်းထွက်လာတဲ့ ကားလေးတွေအပေါ် ပရိသတ်အသိအမှတ်ပြန်ပြုတာကိုတွေ့တဲ့အခါမှာတော့ ပြန်ပြီး ကြိုးစားမယ်ဆိုတဲ့စိတ်လေးဝင်လာခဲ့ပါတယ်။

-အစ်ကို့ကိုဆွဲဆောင်နိုင်တဲ့ဇာတ်ရုပ်မျိုးကရောဘယ်လိုပုံစံမျိုးဖြစ်မလဲ။

အဓိကကတော့ ကျွန်တော်တို့သရုပ်ဆောင်တွေရဲ့ပြသနာက ကိုယ့်ဆီရောက်လာတဲ့ ဇာတ်လမ်းကိုမှ ရွေးချယ်ပြီးစိစစ်ပြီးမှ ရိုက်ကူးရတာ ကိုယ်ဒါရိုက်ချင်တယ်။ ဒါရိုက်ချင်တယ်။ဆိုပြီး လုပ်လို့သိပ်မရဘူး။ ရုပ်ရှင်ကားကြီးတွေဆိုရင်လဲ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေက ဒီဇာတ်ဆိုတာကို အရင်တိုင်ပင်ပြီးမှ ဒီအပေါ်မှာ ကာရိုက်တာတွေခွဲပြီးရောက်လာကြတာများတော့ အဲ့ဒီထဲမှာမှ ကျွန်တော်တို့တတ်နိုင်သမျှ လိုက်ဖက်တယ်။ ရိုက်သင့်တယ်။ ဒီဟာလေးကတော့ များနေပြီဘာညာဆိုပြီးပြန်ရွေးချယ်ရတာပေါ့။

-ကိုယ့်ကိုကိုယ်ရောဘာတွေပြောင်းလဲသွားတယ်လို့ခံစားမိလဲ။

နည်းနည်း နည်းနည်းချင်းတော့ ပြောင်းလဲလာပါတယ်။ ဒါပေမဲ့ကျွန်တော်နဲ့အနီးကပ်နေနေတဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကပိုသိမယ်လို့ထင်ပါတယ်။

-သမီးအကြီးမလေးကလဲ အနုပညာကိုဝါသနာပါတာတွေ့ရတယ်ဆိုတော့လေ သူ့ကိုရော ဘယ်လိုဖြစ်စေချင်လဲ။

လောလောဆယ်တော့ သူ့ပညာရေးကိုပဲလုပ်နေပါတယ်။ ဒါပေမဲ့ကျောင်းပြီးတဲ့အခါကျမှပဲ သူလုပ်ချင်ရာသူဝါသနာပါရာကို မြေတောင်မြှောက်ပေးဖို့စိတ်ကူးရှိပါတယ်။

-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော လုပ်ဖြစ်သေးလား။

ကျွန်တော်စဉ်းစားထားတာလေးတွေတော့ရှိပါတယ်။ ဒါပေမဲ့ တချို့ဟာလေးတေလဲ တီးပြီးတော့ မလုပ်ဖြစ်သေးတာတွေလဲ ရှိပါတယ်။ အခက်အခဲတွေကတော့ အမျိုးမျိုးပေါ့။ အချိန်အခက်အခဲနောက်ကိုယ့်ကိုကိုယ် အားမရတာရော၊ နောက်သီချင်းတစ်ပုဒ်က သွင်းထားပြီးရင် အချိန်ကြာပြီး ရိုးသွားတာတွေရောကြောင့်ကြာနေတာပါ။

-နှစ်ပေါင်းများစွာအားပေးလာတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ကျွန်တော့်ပရိသတ်အတွက်ပိုပြီးအကျိုးပေးနိုင်မဲ့ အကျိုးပြုနိုင်မဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားသွားပါ့မယ်လို့ပြောချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top