Kantharyar Centre
×

ပ်ဳိပ်ဳိအုိအုိေယာက္်ားမိန္းမအားလုံးထိေတြ႔ဖူူး၊ ထိေတြ႔ဆဲ၊ ထိေတြ႔ရမယ့္ အခ်စ္ေရးအတြက္ ရာသီခြင္တစ္ခုခ်င္းစီအလိုက္ ၾကဳံေတြ႔ရမယ့္ အေျခအေနေတြကိုအေနာက္တုိင္းနကၡတ္ေဗဒပညာရွင္ Ellen Whitehurst က ျဂိဳလ္နကၡတ္ေတြရဲ႕ တည္ေနရာအေနအထားအလိုက္ တစ္လစာေဟာကိန္းေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

ဓႏုရာသီဖြား( ႏုိဝင္ဘာ ၂၂ ရက္မွ ဒီဇင္ဘာ ၂၁ ရက္အတြင္းေမြးဖြားသူမ်ား)

ပြဲလမ္းသဘင္မ်ားစြာသြားေရာက္ရျပီး ကုိယ္ကလူမႈေရးဘယ္ေလာက္ဝင္ဆံေၾကာင္းခ်စ္သူကိုဂုဏ္ယူစြာ ျပသႏုိင္မယ့္ အခ်ိန္ျဖစ္ပါတယ္။ တစ္ကိုယ္တည္းသမားတစ္ေယာက္ဆုိရင္ေတာ့ ကိုယ့္ဘဝအတြက္ ထူးျခားတဲ့ အေဖာ္မြန္တစ္ေယာက္ကို ကုိယ့္အသုိင္းအဝုိင္းထဲမွာပဲ ရွာေဖြေတြ႔ရွိႏုိင္မယ့္အခ်ိန္ပါ။ ကိုယ္နဲ႔အၾကိဳက္တူတဲ့သူကိုရွာေတြ႕ျပီး စိတ္ဝင္စားစရာ အခြင့္အေရးေတြလည္းရရွိႏုိင္ပါတယ္။ အထူးသျဖင့္ စက္တင္ဘာ ၁၈၊ ၁၉ ၊၂၅ ရက္နဲ႔ ၃၀ ရက္ေတြမွာအၾကိဳက္ခ်င္းတူတဲ့ ခ်စ္သူတစ္ေယာက္နဲ႔ ဆုံရကိန္းရွိပါတယ္။

မကာရရာသီဖြား ( ဒီဇင္ဘာ ၂၂ ရက္မွ ဇန္နဝါရီလ ၁၉ ရက္အတြင္းေမြးဖြားသူမ်ား)
မကာရရာသီဖြားတစ္ကို္ယ္တည္းသမားေတြအတြက္ သူငယ္ခ်င္း၊ အိမ္နီးခ်င္းနဲ႔ ေမတၱာမွ်ကိန္းရွိျပီး စိတ္ကူးယဥ္ခ်စ္အိပ္မက္ေတြ လက္ေတြ႔အေကာင္အထည္ေပၚမယ့္ ကာလျဖစ္ပါတယ္။ ဒါေပမဲ့ အရင္ကဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ အခုအခ်ိန္မွာ ၾကဳံေတြ႔ရတဲ့ခ်စ္သူကကိုယ့္အတြက္အသင့္ေတာ္ဆုံးပဲ ျဖစ္ျပီးသူတုိ႔အလုိအတုိင္းလိုက္ျပီးေဆာင္ရြက္ေပးဖုိ႔ သင့္ပါတယ္။

ကုမ္ရာသီဖြား ( ဇန္နဝါရီ ၂၀ ရက္မွ ေဖေဖာ္ဝါရီ ၁၈ ရက္အတြင္းေမြးဖြားသူမ်ား)
ကုမ္ရာသီဖြားေတြအတြက္ ဒီကာလဟာ ဆြဲေဆာင္မႈရွိျပီးခ်စ္စရာေကာင္းေနတဲ့အခ်ိန္။ ခ်စ္သူနဲ႔လည္း အရမ္းေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြ ပိုင္ဆုိင္ရမယ္။ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္မႈေတြတုိးျပီး အေတြ႔အၾကဳံေကာင္းေတြၾကဳံရမယ္။ ခရီးထြက္ရကိန္းရွိတယ္။ ေပ်ာ္စရာခရီးတစ္ခုျဖစ္လိမ့္မယ္။

မိန္ရာသီဖြား( ေဖေဖာ္ဝါရီ ၁၉ ရက္ကေနမတ္လ ၂၀ ရက္အတြင္းေမြးဖြားသူမ်ား)
စက္တင္ဘာ ၁ ရက္နဲ႔ ၁၆ ရက္ကမိန္ရာသီဖြားေတြအေပၚမွာထူးျခားတဲ့သက္ေရာက္မႈ ရွိတယ္။ အေျပာင္းအလဲ ၾကီးၾကီးမားမားေတြ ျဖစ္လိမ့္မယ္။ ဒီေျပာင္းလဲမႈၾကီးေတြထဲကတစ္ခုကစိတ္ဝင္စားစရာေကာင္းတဲ့ ဆြဲေဆာင္မႈရွိတဲ့သူတစ္ေယာက္နဲ႔ ဆုံတာမ်ဳိး၊ ဘဝမွာပုိျပီးေနေပ်ာ္သြားျပီလုိ႔ ခံစားရေစမယ့္ မၾကဳံဘူးေသးတဲ့ အသစ္အဆန္းတစ္ခုခုကို ၾကဳံရတာမ်ဳိးေတြ ျဖစ္တတ္ပါတယ္။ ပိုင္ရွင္ရွိျပီးသားသူေတြအတြက္ သတိထားရမယ့္အခ်က္ရွိပါတယ္။ ဘယ္အရာကိုပဲလုပ္လုပ္ ႏွစ္ၾကိမ္ျပန္စဥ္းစားပါ။ ကိုယ့္ေဘးမွာအေဖာ္တစ္ေယာက္ရွိေနတဲ့အခ်ိန္မွာၾကဳံခဲ့ရဖူးတဲ့ ေပ်ာ္စရာကိစၥေလးေတြကိုေသေသခ်ာခ်ာေခါင္းထဲထည့္ထားျပီးမွ အခ်စ္ေရးကိစၥေတြကိုဆုံးျဖတ္ပါ။စိတ္ေလျပီး ၾကာရွည္ေနာင္တရေနႏုိင္တဲ့ ဆုံးျဖတ္ခ်က္အမွားမ်ဳိးလုပ္မိတတ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ပျိုပျိုအိုအိုယောက်ျားမိန်းမအားလုံးထိတွေ့ဖူူး၊ ထိတွေ့ဆဲ၊ ထိတွေ့ရမယ့် အချစ်ရေးအတွက် ရာသီခွင်တစ်ခုချင်းစီအလိုက် ကြုံတွေ့ရမယ့် အခြေအနေတွေကိုအနောက်တိုင်းနက္ခတ်ဗေဒပညာရှင် Ellen Whitehurst က ဂြိုလ်နက္ခတ်တွေရဲ့ တည်နေရာအနေအထားအလိုက် တစ်လစာဟောကိန်းတွေကိုဖော်ပြပေးချင်ပါတယ်။

ဓနုရာသီဖွား( နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အတွင်းမွေးဖွားသူများ)

ပွဲလမ်းသဘင်များစွာသွားရောက်ရပြီး ကိုယ်ကလူမှုရေးဘယ်လောက်ဝင်ဆံကြောင်းချစ်သူကိုဂုဏ်ယူစွာ ပြသနိုင်မယ့် အချိန်ဖြစ်ပါတယ်။ တစ်ကိုယ်တည်းသမားတစ်ယောက်ဆိုရင်တော့ ကိုယ့်ဘဝအတွက် ထူးခြားတဲ့ အဖော်မွန်တစ်ယောက်ကို ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲ ရှာဖွေတွေ့ရှိနိုင်မယ့်အချိန်ပါ။ ကိုယ်နဲ့အကြိုက်တူတဲ့သူကိုရှာတွေ့ပြီး စိတ်ဝင်စားစရာ အခွင့်အရေးတွေလည်းရရှိနိုင်ပါတယ်။ အထူးသဖြင့် စက်တင်ဘာ ၁၈၊ ၁၉ ၊၂၅ ရက်နဲ့ ၃၀ ရက်တွေမှာအကြိုက်ချင်းတူတဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံရကိန်းရှိပါတယ်။

မကာရရာသီဖွား ( ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီလ ၁၉ ရက်အတွင်းမွေးဖွားသူများ)
မကာရရာသီဖွားတစ်ကိုယ်တည်းသမားတွေအတွက် သူငယ်ချင်း၊ အိမ်နီးချင်းနဲ့ မေတ္တာမျှကိန်းရှိပြီး စိတ်ကူးယဉ်ချစ်အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်မယ့် ကာလဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာ ကြုံတွေ့ရတဲ့ချစ်သူကကိုယ့်အတွက်အသင့်တော်ဆုံးပဲ ဖြစ်ပြီးသူတို့အလိုအတိုင်းလိုက်ပြီးဆောင်ရွက်ပေးဖို့ သင့်ပါတယ်။

ကုမ်ရာသီဖွား ( ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်းမွေးဖွားသူများ)
ကုမ်ရာသီဖွားတွေအတွက် ဒီကာလဟာ ဆွဲဆောင်မှုရှိပြီးချစ်စရာကောင်းနေတဲ့အချိန်။ ချစ်သူနဲ့လည်း အရမ်းပျော်စရာကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ရမယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုတွေတိုးပြီး အတွေ့အကြုံကောင်းတွေကြုံရမယ်။ ခရီးထွက်ရကိန်းရှိတယ်။ ပျော်စရာခရီးတစ်ခုဖြစ်လိမ့်မယ်။

မိန်ရာသီဖွား( ဖေဖော်ဝါရီ ၁၉ ရက်ကနေမတ်လ ၂၀ ရက်အတွင်းမွေးဖွားသူများ)
စက်တင်ဘာ ၁ ရက်နဲ့ ၁၆ ရက်ကမိန်ရာသီဖွားတွေအပေါ်မှာထူးခြားတဲ့သက်ရောက်မှု ရှိတယ်။ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်လိမ့်မယ်။ ဒီပြောင်းလဲမှုကြီးတွေထဲကတစ်ခုကစိတ်ဝင်စားစရာကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်နဲ့ ဆုံတာမျိုး၊ ဘဝမှာပိုပြီးနေပျော်သွားပြီလို့ ခံစားရစေမယ့် မကြုံဘူးသေးတဲ့ အသစ်အဆန်းတစ်ခုခုကို ကြုံရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပိုင်ရှင်ရှိပြီးသားသူတွေအတွက် သတိထားရမယ့်အချက်ရှိပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် နှစ်ကြိမ်ပြန်စဉ်းစားပါ။ ကိုယ့်ဘေးမှာအဖော်တစ်ယောက်ရှိနေတဲ့အချိန်မှာကြုံခဲ့ရဖူးတဲ့ ပျော်စရာကိစ္စလေးတွေကိုသေသေချာချာခေါင်းထဲထည့်ထားပြီးမှ အချစ်ရေးကိစ္စတွေကိုဆုံးဖြတ်ပါ။စိတ်လေပြီး ကြာရှည်နောင်တရနေနိုင်တဲ့ ဆုံးဖြတ်ချက်အမှားမျိုးလုပ်မိတတ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top