Kantharyar Centre
×

စီးပြားေရးအက်ပ္အတည္းမ်ား ကာလ႐ွည္ၾကာ ႀကဳံေတြ႕ေနရတဲ့ ဗင္နီဇြဲလားႏိုင္ငံ ၿမဳိ႕ေတာ္ ကာရာကက္စ္မွာ ဘတ္စ္ကားယာဥ္ေမာင္းမ်ားက ၎တုိ႕ရဲ႕ဘတ္စ္ကားေတြကုိ လမ္းမ်ားေပၚမွာ ရပ္နားပိတ္ဆုိ႕ကာ ဆႏၵျပခဲ့ၾကပါတယ္။ ရာနဲ႕ခ်ီတဲ့ ဘတ္စ္ကားယာဥ္ေမာင္းေတြက လုပ္ခလစာ ပုိမုိရ႐ွိေရးနဲ႕ အၾကမ္းဖက္ရာဇဝတ္မႈေတြမွ ကာကြယ္ေပးရန္ အစုိးရကုိ ေတာင္းဆုိခဲ့ၾကပါတယ္။

ယာဥ္ေမာင္းေတြက ဘတ္စ္ကားမ်ားကုိ ျပဳျပင္ထိန္းသိမ္းရန္ ေငြေၾကးပုိမုိလုိအပ္ေၾကာင္းနဲ႕ ကားအပုိပစၥည္းမ်ား ႐ွားပါးျပတ္လပ္ေနေၾကာင္း ေျပာပါတယ္။ ထုိအေတာအတြင္း သမၼတ နီကုိလက္စ္ မတ္ဒူ႐ုိ ေထာက္ခံျခင္း႐ွိ မ႐ွိ ျပည္လုံးကၽြတ္ဆႏၵခံယူပြဲ ျပန္လည္က်င္းပရန္ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ဆုံးျဖတ္လုိက္ပါတယ္။

ေကာ္မ႐ွင္ရဲ႕ဆုံးျဖတ္မႈဟာ သမၼတမတ္ဒူ႐ုိကုိ ျပည္လုံးကၽြတ္ဆႏၵမဲေပးမႈျဖင့္ ရာထူးမွဖယ္႐ွားႏုိင္ေရး ႀကဳိးပမ္းေနတဲ့ အတုိက္အခံမ်ားအတြက္ အေထာက္အကူ ျဖစ္ေစတယ္လုိ႕ ဆုိပါတယ္။ အတိုက္အခံေတြ အေနနဲ႕ ျပည္လုံးကၽြတ္ဆႏၵခံယူပြဲ က်င္းပရန္အတြက္ လက္မွတ္ေပါင္း ေလးသန္းကုိ ေအာက္တုိဘာလရဲ႕ သုံးရက္တာ ကာလအတြင္း ေကာက္ခံရယူႏုိင္ပါက လာမယ့္ႏွစ္အေစာပုိင္းမွာ ဆႏၵခံယူပြဲ က်င္းပႏုိင္မွာျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မ႐ွင္က ေျပာထားပါတယ္။

ဗင္နီဇြဲလား အေျခခံဥပေဒရ ေ႐ြးေကာက္ပြဲက်င္းပတဲ့ အခ်ိန္ကာလဟာ အတုိက္အခံအုပ္စုအတြက္ အလြန္အေရးပါေနေၾကာင္း သိရပါတယ္။ အကယ္၍ သမၼတမတ္ဒူ႐ုိက ဇန္နဝါရီ ၁၀ ရက္ေနာက္ပိုင္းမွာ ရာထူးမွႏုတ္ထြက္ခဲ့ပါက ေ႐ြးေကာက္ပြဲက်င္းပစရာ မလုိအပ္ဘဲ ဒုတိယသမၼတက သမၼတရာထူးကုိ ဆက္ခံရယူမွာ ျဖစ္ပါတယ္။

ဗင္နီဇြဲလားမွာ စီးပြားေရးခၽြတ္ၿခဳံက်မႈနဲ႕အတူ အစားအစာ၊ ေဆးဝါးမ်ား အပါအဝင္ လူသုံးကုန္ပစၥည္းမ်ဳိးုစုံ ႐ွားပါးျပတ္လပ္မႈမ်ား ကာလ႐ွည္ၾကာစြာ ႀကဳံေတြ႕ေနခဲ့ရေၾကာင္း သိရပါတယ္။ အလားထူ ေမာ္ေတာ္ယာဥ္မ်ားအတြက္ တာယာ၊ ဘက္ထရီနဲ႕ စက္သုံးဆီမ်ားလည္း ျပတ္လပ္မႈ ျဖစ္ေပၚေနခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

စီးပွားရေးအကျပ်အတည်းများ ကာလရှည်ကြာ ကြုံတွေ့နေရတဲ့ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကက်စ်မှာ ဘတ်စ်ကားယာဉ်မောင်းများက ၎င်းတို့ရဲ့ဘတ်စ်ကားတွေကို လမ်းများပေါ်မှာ ရပ်နားပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပါတယ်။ ရာနဲ့ချီတဲ့ ဘတ်စ်ကားယာဉ်မောင်းတွေက လုပ်ခလစာ ပိုမိုရရှိရေးနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေမှ ကာကွယ်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ယာဉ်မောင်းတွေက ဘတ်စ်ကားများကို ပြုပြင်ထိန်းသိမ်းရန် ငွေကြေးပိုမိုလိုအပ်ကြောင်းနဲ့ ကားအပိုပစ္စည်းများ ရှားပါးပြတ်လပ်နေကြောင်း ပြောပါတယ်။ ထိုအတောအတွင်း သမ္မတ နီကိုလက်စ် မတ်ဒူရို ထောက်ခံခြင်းရှိ မရှိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

ကော်မရှင်ရဲ့ဆုံးဖြတ်မှုဟာ သမ္မတမတ်ဒူရိုကို ပြည်လုံးကျွတ်ဆန္ဒမဲပေးမှုဖြင့် ရာထူးမှဖယ်ရှားနိုင်ရေး ကြိုးပမ်းနေတဲ့ အတိုက်အခံများအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အတိုက်အခံတွေ အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် လက်မှတ်ပေါင်း လေးသန်းကို အောက်တိုဘာလရဲ့ သုံးရက်တာ ကာလအတွင်း ကောက်ခံရယူနိုင်ပါက လာမယ့်နှစ်အစောပိုင်းမှာ ဆန္ဒခံယူပွဲ ကျင်းပနိုင်မှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

ဗင်နီဇွဲလား အခြေခံဥပဒေရ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်ကာလဟာ အတိုက်အခံအုပ်စုအတွက် အလွန်အရေးပါနေကြောင်း သိရပါတယ်။ အကယ်၍ သမ္မတမတ်ဒူရိုက ဇန်နဝါရီ ၁၀ ရက်နောက်ပိုင်းမှာ ရာထူးမှနုတ်ထွက်ခဲ့ပါက ရွေးကောက်ပွဲကျင်းပစရာ မလိုအပ်ဘဲ ဒုတိယသမ္မတက သမ္မတရာထူးကို ဆက်ခံရယူမှာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားမှာ စီးပွားရေးချွတ်ခြုံကျမှုနဲ့အတူ အစားအစာ၊ ဆေးဝါးများ အပါအဝင် လူသုံးကုန်ပစ္စည်းမျိုးုစုံ ရှားပါးပြတ်လပ်မှုများ ကာလရှည်ကြာစွာ ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။ အလားထူ မော်တော်ယာဉ်များအတွက် တာယာ၊ ဘက်ထရီနဲ့ စက်သုံးဆီများလည်း ပြတ်လပ်မှု ဖြစ်ပေါ်နေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top