Kantharyar Centre
×

ယခုသီတင္းပတ္ကုန္တြင္ ခ်ယ္လ္ဆီး၌ ဒုတိယအႀကိမ္ ျပန္ လည္စတင္ကစားရန္ ျပင္ဆင္ေန စဥ္ နည္းျပကြန္တီအတြက္ မည္ သည့္ေနရာတြင္မဆို ကစားေပး ရန္ အသင့္ရွိေၾကာင္း ေဒးဗစ္လူး ၀စ္ ေျပာၾကားသည္။

ဘရာဇီးေနာက္တန္းလူ သည္ အေျပာင္းအေရႊ႕ေနာက္ဆံုး ေန႔တြင္ ခ်ယ္လ္ဆီးသို႔ မထင္မွတ္ ဘဲ ျပန္ေရာက္လာၿပီး သံုးႏွစ္စာ ခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

ပီအက္စ္ဂ်ီတြင္ ႏွစ္ရာသီ ကစားခဲ့ၿပီးေနာက္ ကြန္တီ၏ ခ်ယ္လ္ဆီးေတာ္လွန္ေရး၌ ပါ၀င္ ရန္ လူး၀စ္ကဆံုးျဖတ္ခဲ့သည္။ ေနာက္တန္းတြင္ျဖစ္ေစ၊ ကြင္း လယ္ အဖ်က္ေနရာတြင္ျဖစ္ေစ ကစားရန္ လူး၀စ္က အဆင္သင့္ ျဖစ္ေနသည္။‘‘ဘယ္ေနရာမွာ ကစားမလဲဆုိတာ အေၾကာင္းမဟုတ္ပါဘူး။ ကၽြန္ေတာ္အသင္းမွာရွိေနတဲ့ အခ်ိန္မွာ ပါ၀င္ကူညီခ်င္ပါတယ္။ နည္းျပဟာ အံ့ၾသစရာေကာင္းတဲ့ နည္းျပပါ။ နည္းဗ်ဴဟာပိုင္းေတြ သူအမ်ားႀကီး နားလည္ပါတယ္။ ပဲြတိုင္းအတြက္ အေကာင္းဆံုးလူ စာရင္းကို သူေရြးခ်ယ္တယ္ဆုိတာ သိပါတယ္။ ကၽြန္ေတာ့္ကို ကစား ေစခ်င္တယ္ဆုိရင္ ေနရာအမ်ိဳးမ်ိဳး မွာ ကစားဖို႔ အသင့္ပါပဲ’’ဟု လူး ၀စ္က ခ်ယ္လ္ဆီးအသင္း၏ ၀က္ဘ္ဆိုက္တြင္ ေျပာၾကားသည္။

ခ်ယ္လ္ဆီးသည္ ယခုသီ တင္းပတ္ကုန္တြင္ ဆြမ္ဆီးအိမ္ ကြင္းသို႔ သြားကစားရန္ ျပင္ဆင္ ေနသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ယခုသီတင်းပတ်ကုန်တွင် ချယ်လ်ဆီး၌ ဒုတိယအကြိမ် ပြန် လည်စတင်ကစားရန် ပြင်ဆင်နေ စဉ် နည်းပြကွန်တီအတွက် မည် သည့်နေရာတွင်မဆို ကစားပေး ရန် အသင့်ရှိကြောင်း ဒေးဗစ်လူး ဝစ် ပြောကြားသည်။

ဘရာဇီးနောက်တန်းလူ သည် အပြောင်းအရွှေ့နောက်ဆုံး နေ့တွင် ချယ်လ်ဆီးသို့ မထင်မှတ် ဘဲ ပြန်ရောက်လာပြီး သုံးနှစ်စာ ချုပ် ချုပ်ဆိုခဲ့သည်။

ပီအက်စ်ဂျီတွင် နှစ်ရာသီ ကစားခဲ့ပြီးနောက် ကွန်တီ၏ ချယ်လ်ဆီးတော်လှန်ရေး၌ ပါဝင် ရန် လူးဝစ်ကဆုံးဖြတ်ခဲ့သည်။ နောက်တန်းတွင်ဖြစ်စေ၊ ကွင်း လယ် အဖျက်နေရာတွင်ဖြစ်စေ ကစားရန် လူးဝစ်က အဆင်သင့် ဖြစ်နေသည်။‘‘ဘယ်နေရာမှာ ကစားမလဲဆိုတာ အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်အသင်းမှာရှိနေတဲ့ အချိန်မှာ ပါဝင်ကူညီချင်ပါတယ်။ နည်းပြဟာ အံ့သြစရာကောင်းတဲ့ နည်းပြပါ။ နည်းဗျူဟာပိုင်းတွေ သူအများကြီး နားလည်ပါတယ်။ ပွဲတိုင်းအတွက် အကောင်းဆုံးလူ စာရင်းကို သူရွေးချယ်တယ်ဆိုတာ သိပါတယ်။ ကျွန်တော့်ကို ကစား စေချင်တယ်ဆိုရင် နေရာအမျိုးမျိုး မှာ ကစားဖို့ အသင့်ပါပဲ’’ဟု လူး ဝစ်က ချယ်လ်ဆီးအသင်း၏ ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။

ချယ်လ်ဆီးသည် ယခုသီ တင်းပတ်ကုန်တွင် ဆွမ်ဆီးအိမ် ကွင်းသို့ သွားကစားရန် ပြင်ဆင် နေသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top