Property Expo
×

ေျမာက္ကုိရီးယားႏုိင္ငံက ေနာက္ထပ္ ႏ်ဴကလီးယားစမ္းသပ္မႈ ျပဳလုပ္ရန္ အသင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ယြန္ဟပ္သတင္းဌာနက ယေန႕ (စက္တင္ဘာ ၁၂ ရက္) ေျပာၾကားပါတယ္။

ေျမာက္ကုိရီးယားက ေတာင္တန္းေဒသ႐ွိ ယခင္က အသုံးမျပဳခဲ့တဲ့ ႏ်ဴကလီးယားစမ္းသပ္တဲ့ ဥမင္လႈိင္ေခါင္းေနရာကုိ အသုံးျပဳသြားဖြယ္႐ွိေၾကာင္း ေတာင္ကုိရီးယားအစိုးရ သတင္းရင္းျမစ္ကုိ ကုိးကားၿပီး ယြန္ဟပ္က ေဖာ္ျပပါတယ္။

ေျမာက္ကုိရီးယားက စက္တင္ဘာ ၉ ရက္မွာ ၎ရဲ႕ ငါးႀကိမ္ေျမာက္နဲ႕ အျပင္းထန္ဆုံး ႏ်ဴကလီးယားစမ္းသပ္မႈကုိ လုပ္ေဆာင္ခဲ့ၿပီး ႏ်ဴကလီးယားထိပ္ဖူးတပ္ ဒုံးက်ည္နည္းပညာ ေအာင္ျမင္ေနၿပီျဖစ္ကာ ၿပဳိင္ဘက္ေတြကုိ ၿခိမ္းေျခာက္ႏုိင္တယ္လို႕ ဆိုပါတယ္။ ကုလသမဂၢအေနနဲ႕ ယခုကိစၥကုိ ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းအားမ႐ွိေၾကာင္းလည္း ေျမာက္ကုိရီးယားက ေျပာပါတယ္။

ေတာင္ကုိရီးယားႏုိင္ငံကလည္း ေျမာက္ကုိရီးယားက ႏ်ဴကလီးယားတုိက္ခုိက္မႈ ျပဳလုပ္လာႏုိင္ေၾကာင္း လကၡဏမ်ားေတြ႕ရပါက ၿပဳံယမ္းကုိ ေခ်မႈန္းပစ္သြားမယ္လုိ႕ ေျပာထားခဲ့ပါတယ္။ ေျမာက္ကုိရီးယားရဲ႕ ႏ်ဴကလီးယားစမ္းသပ္မႈနဲ႕ ဒုံးက်ည္ပစ္လႊတ္မႈေတြေၾကာင့္ ကုိရီးယားကၽြန္းဆြယ္မွာ ဆက္ဆံေရး တင္းမာမႈမ်ား ပုိမုိဆိုး႐ြားလာေနပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီနဲ႕ အေမရိကန္ အပါအဝင္ ႏုိင္ငံတကာအသုိင္းအဝုိင္းက အေရးယူ ပိတ္ဆုိ႕မႈမ်ား အသစ္ခ်မွတ္ရန္ ျပင္ဆင္ေနေပမဲ့ ေျမာက္ကုိရီးယားက ၎ရဲ႕ ႏ်ဴကလီးယားအစီအစဥ္ေတြကုိ ဆက္လက္ လုပ္ေဆာင္သြားမယ္လုိ႕ ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့ (စက်တင်ဘာ ၁၂ ရက်) ပြောကြားပါတယ်။

မြောက်ကိုရီးယားက တောင်တန်းဒေသရှိ ယခင်က အသုံးမပြုခဲ့တဲ့ နျူကလီးယားစမ်းသပ်တဲ့ ဥမင်လှိုင်ခေါင်းနေရာကို အသုံးပြုသွားဖွယ်ရှိကြောင်း တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ်က ဖော်ပြပါတယ်။

မြောက်ကိုရီးယားက စက်တင်ဘာ ၉ ရက်မှာ ၎င်းရဲ့ ငါးကြိမ်မြောက်နဲ့ အပြင်းထန်ဆုံး နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီး နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်နည်းပညာ အောင်မြင်နေပြီဖြစ်ကာ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ ယခုကိစ္စကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားမရှိကြောင်းလည်း မြောက်ကိုရီးယားက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကလည်း မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း လက္ခဏများတွေ့ရပါက ပြုံယမ်းကို ချေမှုန်းပစ်သွားမယ်လို့ ပြောထားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေး တင်းမာမှုများ ပိုမိုဆိုးရွားလာနေပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူ ပိတ်ဆို့မှုများ အသစ်ချမှတ်ရန် ပြင်ဆင်နေပေမဲ့ မြောက်ကိုရီးယားက ၎င်းရဲ့ နျူကလီးယားအစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top