Property Expo
×

သင့္အေနနဲ႔ ဘီယာတစ္ဖန္ခြက္ေလာက္ က်ိဳက္လုိက္ရရင္ေတာင္ မေသာက္ခင္ကထက္စာလုိ႔ရွိရင္ ပုိၿပီးစကားေျပာလုိ႔ေကာင္းသြားသေယာင္၊ အာရႊင္သြားသေယာင္ ထင္ျမင္မိပါသလား။ သင့္ယူဆခ်က္ကုိ သေဘာတူညီတဲ့ ေလ့လာေတြ႔ရွိခ်က္တစ္ခု ထြက္ေပၚလာခဲ့ပါၿပီ။

ဆြစ္ဇာလန္ႏုိင္ငံက သုေတသီေတြဟာ ဘီယာေသာက္တာဟာ သင္နဲ႔ေသာက္ေဖာ္ေသာက္ဖက္ မိတ္ေဆြအေပၚ ပုိၿပီး ခင္မင္ရင္းႏွီးေစ၊ ေပ်ာ္ရႊင္ေစ၊ ပုိဆြဲေဆာင္မႈရွိေစႏုိင္တယ္လုိ႔ ေတြ႔ရွိခဲ့ၾကပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ ဘီယာတစ္ခြက္ေသာက္တာဟာ လူေတြကုိ ပုိမုိေပ်ာ္ရႊင္တဲ့ မ်က္ႏွာထားကုိ အျမန္ဆံုးေျပာင္းလဲသြားေစၿပီး စုိးရိမ္ေၾကာက္ရြံ႕မႈနည္းပါးကာ အျပဳသေဘာေဆာင္တဲ့ စိတ္ခံစားမႈအေျခအေနကုိ ျဖစ္ေပၚေစႏုိင္တာကုိ ေတြ႔ရွိခဲ့ရပါတယ္” လုိ႔ သုေတသနကုိဦးေဆာင္ခဲ့တဲ့ ဆြစ္ဇာလန္ႏုိင္ငံ၊ ေဘဆယ္လ္တကၠသိုလ္မွ Psychopharmacology ေခါင္းေဆာင္ Matthias Liechti ကဆုိပါတယ္။

အဲ့ဒီအျပင္ ဘီယာေသာက္သံုးတာဟာ သင့္ကုိပုိမုိ လူမႈေရးနည္းလမ္းက်ေစႏုိင္တယ္ လုိ႔ဆုိထားပါတယ္။

သုေတသနအဖြဲ႔အေနနဲ႔ အမ်ိဳးသား ၃၀နဲ႔ အမ်ိဳးသမီး ၃၀တုိ႔ကုိ ေလ့လာခဲ့တာျဖစ္ၿပီး တစ္ဝက္ကုိ က်ပန္းစနစ္နဲ႔ ေရြးခ်ယ္ၿပီး သူတုိ႔ရဲ႕ေသြးထဲက အယ္လ္ကုိေဟာပမာဏကုိ ေသြးတစ္လီတာကုိ ၁.၄ဂရမ္ႏႈန္းနဲ႔ ျမွင့္တင္ခဲ့တာပါ။ ဒါဟာ ခႏၶာကုိယ္ရဲ႕ပမာနနဲ႔လည္း သင့္တင့္ညီညႊတ္တဲ့ ပမာဏျဖစ္ပါတယ္။ တျခားတစ္ဖြဲ႔ကုိေတာ့ အယ္လ္ကုိေဟာပမာဏ နည္းပါးစြာသာပါဝင္တဲ့ ဘီယာေတြကုိ အကုန္လံုးေသာက္သံုးေစခဲ့တာပါ။

ဒီလုိျပဳလုပ္ခဲ့ၿပီးေနာက္မွာေတာ့ သုေတသီေတြဟာ လူေတြအေနနဲ႔ တစ္ခြက္ (သို႔) ႏွစ္ခြက္ ေသာက္သံုးတဲ့သူေတြဟာ ပိုမုိ Social က်လာတာကုိေတြ႔ခဲ့ရတာပါ။ ဒီသုေတသနကုိ ဂ်ာနယ္မွာေဖာ္ျပခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့ တနလၤာေန႔က၊ ၾသစႀတီးယားႏုိင္ငံ ဗီယင္နာၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ စိတ္အာရုံေၾကာနဲ႔ ေဆးဝါးဆုိင္ရာ သုေတသနပြဲမွာ တင္သြင္းခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


#Unicode Version

သင့်အနေနဲ့ ဘီယာတစ်ဖန်ခွက်လောက် ကျိုက်လိုက်ရရင်တောင် မသောက်ခင်ကထက်စာလို့ရှိရင် ပိုပြီးစကားပြောလို့ကောင်းသွားသယောင်၊ အာရွှင်သွားသယောင် ထင်မြင်မိပါသလား။ သင့်ယူဆချက်ကို သဘောတူညီတဲ့ လေ့လာတွေ့ရှိချက်တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။

ဆွစ်ဇာလန်နိုင်ငံက သုတေသီတွေဟာ ဘီယာသောက်တာဟာ သင်နဲ့သောက်ဖော်သောက်ဖက် မိတ်ဆွေအပေါ် ပိုပြီး ခင်မင်ရင်းနှီးစေ၊ ပျော်ရွှင်စေ၊ ပိုဆွဲဆောင်မှုရှိစေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဘီယာတစ်ခွက်သောက်တာဟာ လူတွေကို ပိုမိုပျော်ရွှင်တဲ့ မျက်နှာထားကို အမြန်ဆုံးပြောင်းလဲသွားစေပြီး စိုးရိမ်ကြောက်ရွံ့မှုနည်းပါးကာ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုအခြေအနေကို ဖြစ်ပေါ်စေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်” လို့ သုတေသနကိုဦးဆောင်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်လ်တက္ကသိုလ်မှ Psychopharmacology ခေါင်းဆောင် Matthias Liechti ကဆိုပါတယ်။

အဲ့ဒီအပြင် ဘီယာသောက်သုံးတာဟာ သင့်ကိုပိုမို လူမှုရေးနည်းလမ်းကျစေနိုင်တယ် လို့ဆိုထားပါတယ်။

သုတေသနအဖွဲ့အနေနဲ့ အမျိုးသား ၃၀နဲ့ အမျိုးသမီး ၃၀တို့ကို လေ့လာခဲ့တာဖြစ်ပြီး တစ်ဝက်ကို ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး သူတို့ရဲ့သွေးထဲက အယ်လ်ကိုဟောပမာဏကို သွေးတစ်လီတာကို ၁.၄ဂရမ်နှုန်းနဲ့ မြှင့်တင်ခဲ့တာပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ပမာနနဲ့လည်း သင့်တင့်ညီညွှတ်တဲ့ ပမာဏဖြစ်ပါတယ်။ တခြားတစ်ဖွဲ့ကိုတော့ အယ်လ်ကိုဟောပမာဏ နည်းပါးစွာသာပါဝင်တဲ့ ဘီယာတွေကို အကုန်လုံးသောက်သုံးစေခဲ့တာပါ။

ဒီလိုပြုလုပ်ခဲ့ပြီးနောက်မှာတော့ သုတေသီတွေဟာ လူတွေအနေနဲ့ တစ်ခွက် (သို့) နှစ်ခွက် သောက်သုံးတဲ့သူတွေဟာ ပိုမို Social ကျလာတာကိုတွေ့ခဲ့ရတာပါ။ ဒီသုတေသနကို ဂျာနယ်မှာဖော်ပြခဲ့တဲ့အပြင် ပြီးခဲ့တဲ့ တနင်္လာနေ့က၊ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ ပြုလုပ်ခဲ့တဲ့ စိတ်အာရုံကြောနဲ့ ဆေးဝါးဆိုင်ရာ သုတေသနပွဲမှာ တင်သွင်းခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top