Kantharyar Centre
×

ဆယ္ႏွစ္ေက်ာ္ၾကာလက္တြဲခဲ့သည့္ ခ်စ္သူ ခုိုင္ေဝသူႏွင့္ လာမည့္ ႏိုဝင္ဘာလကုန္တြင္ မဂၤလာပြဲျပဳလုပ္မည္ဟု မင္းဦးကေျပာသည္။

‘‘ႏိုဝင္ဘာလပုိင္းေလာက္ က်င္းပျဖစ္မွာပါ။ ႀကီးႀကီးက်ယ္က်ယ္ႀကီးေတာ့ မဟုတ္ပါဘူး။ ဒင္နာပြဲေလးပဲလုပ္ျဖစ္မွာပါ’’ဟု မင္းဦးက ေျပာသည္။ အဆိုပါ မဂၤလာညစာစားပြဲကို ႏိုဗိုတယ္ဟိုတယ္၌ ျပဳလုပ္ရန္ စီစဥ္ထားၿပီး မဂၤလာပြဲအႀကိဳ ဓာတ္ပံုမ်ားကို ယခုရက္ပိုင္းတြင္ အင္းေလးေဒသ၌ ႐ိုက္ကူးထားေၾကာင္း ၎က ေျပာသည္။

ထုိ႔အျပင္ စက္တင္ဘာ ၂၂ ရက္တြင္ က်ေရာက္သည့္ ေမြးေန႔၌ အင္းေလးေဒသတြင္ ႐ုပ္ရွင္႐ိုက္ကူးေန၍ ေဖာင္ေတာ္ဦးဘုရားသုိ႔ သြားေရာက္ဖူးေျမာ္ခဲ့ေၾကာင္း မင္းဦးက ေျပာသည္။ လတ္တေလာတြင္ အႏုပညာလႈပ္ရွားမႈအျဖစ္ ‘ခ်စ္သူသာ ပန္းတစ္ပြင့္ျဖစ္ခဲ့လွ်င္’ ႐ုပ္ရွင္ဇာတ္ကားကို စိုင္းစိုင္းခမ္းလိႈင္၊ ဝတ္မႈံေရႊရည္၊ ခင္ဇာျခည္ေက်ာ္တုိ႔ႏွင့္အတူ အင္းေလးေဒသ၌ စက္တင္ဘာလကုန္အထိ ႐ိုက္ ကူးမည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆယ်နှစ်ကျော်ကြာလက်တွဲခဲ့သည့် ချစ်သူ ခိုင်ဝေသူနှင့် လာမည့် နိုဝင်ဘာလကုန်တွင် မင်္ဂလာပွဲပြုလုပ်မည်ဟု မင်းဦးကပြောသည်။

‘‘နိုဝင်ဘာလပိုင်းလောက် ကျင်းပဖြစ်မှာပါ။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ ဒင်နာပွဲလေးပဲလုပ်ဖြစ်မှာပါ’’ဟု မင်းဦးက ပြောသည်။ အဆိုပါ မင်္ဂလာညစာစားပွဲကို နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ရန် စီစဉ်ထားပြီး မင်္ဂလာပွဲအကြို ဓာတ်ပုံများကို ယခုရက်ပိုင်းတွင် အင်းလေးဒေသ၌ ရိုက်ကူးထားကြောင်း ၎င်းက ပြောသည်။

ထို့အပြင် စက်တင်ဘာ ၂၂ ရက်တွင် ကျရောက်သည့် မွေးနေ့၌ အင်းလေးဒေသတွင် ရုပ်ရှင်ရိုက်ကူးနေ၍ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း မင်းဦးက ပြောသည်။ လတ်တလောတွင် အနုပညာလှုပ်ရှားမှုအဖြစ် ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’ ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်၊ ခင်ဇာခြည်ကျော်တို့နှင့်အတူ အင်းလေးဒေသ၌ စက်တင်ဘာလကုန်အထိ ရိုက် ကူးမည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top