Property Expo
×

 ႐ုရွားေျမာက္ပိုင္းတြင္ ဝင္႐ိုးစြန္း ဝက္ဝံမ်ား၏ ေႏွာင့္ယွက္မႈေၾကာင့္ မိုးေလဝသ ပညာရွင္မ်ား ေရခဲျပင္စခန္းတြင္ ပိတ္မိမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


အာတိတ္စက္ဝိုင္း တဝိုက္တြင္ ပ်ံ႕ႏွံ႔ေနထုိင္သည့္ ဝင္႐ိုးစြန္း ဝက္ဝံမ်ားကို ႐ုရွားႏုိင္ငံ ေျမာက္ပိုင္း ေရခဲဖံုးလႊမ္းရာ ေဒသမ်ားတြင္ သဘာဝအေလ်ာက္ ေတြ႕ျမင္ႏုိင္သည္။ ႐ုရွားေျမာက္ပိုင္းရွိ ထ႐ိုင္ႏိုင္ ကၽြန္းငယ္ေလးတြင္ မိုးေလဝသစခန္းတစ္ခု တည္ေဆာက္ထားရာ ယင္းစခန္းရွိ ပညာရွင္ ၅ ဦးသည္ ဝင္႐ိုးစြန္းဝက္ဝံ အုပ္စုတစ္ခု၏ ၿခိမ္းေျခာက္မႈႏွင့္ ႀကံဳခဲ့ရျခင္း ျဖစ္သည္။

ဝက္ဝံမႀကီး တစ္ေကာင္သည္ စခန္း၏ ျပတင္းေပါက္ မွန္တံခါးမ်ားကို ကုတ္ျခစ္ခဲ့သလို စခန္းအနီးတြင္ လွည့္လည္ သြားလာေနသျဖင့္ ပညာရွင္မ်ား အျပင္မထြက္ရဲဘဲ ျဖစ္ေနခဲ့သည္။ ဆာဂ်ီဒ႐ိုမက္ျပည္နယ္ အုပ္ခ်ဳပ္ေရးဌာန အႀကီးအကဲ တစ္ဦးျဖစ္သူ ဗာဆီလီ ရွက္ဗ္ခ်န္ကိုက အဆိုပါ စခန္းႏွင့္ အႏၱရာယ္ျဖစ္ေလာက္စြာ နီးနီးကပ္ကပ္ က်က္စားေနသည့္ ဝင္႐ိုးစြန္းဝက္ဝံ အေရအတြက္မွာ အေကာင္ငယ္မ်ား အပါအဝင္ ၁၀ ေကာင္မွ် ရွိေနေၾကာင္း Tass သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ဩဂုတ္ ၃၁ ရက္မွစၿပီး ဝင္႐ိုးစြန္း ဝက္ဝံမ်ားမွာ ရန္လိုမႈ ျပသလာၿပီး စခန္းရွိ စြပ္ဖားဆြဲေခြး ႏွစ္ေကာင္ကို သတ္ျဖတ္ခဲ့ေၾကာင္း မိုးေလဝသစခန္း၏ အႀကီးအကဲ ဗာဒင္းမ္ ပေလာ့တ္နစ္ေကာ့ဗ္က ဆိုသည္။ ထို႔ေနာက္တြင္မူ ဝင္႐ိုးစြန္း ဝက္ဝံမႀကီး တစ္ေကာင္က စခန္းအနီးတြင္ လွည့္လည္သြားလာေနခဲ့ျခင္း ျဖစ္သည္။

႐ုရွား သဘာဝ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ဝန္ႀကီး ဆာဂ်ီ ဒြန္းစေကာ့ဗ္က ျပည္ေထာင္စု မိုးေလဝသ ဌာနအေနျဖင့္ ထ႐ိုင္ႏိုင္ ကၽြန္းေပၚရွိ ပညာရွင္မ်ား ေဘးကင္းေရးအတြက္ အစြမ္းကုန္ ႀကိဳးစားေဆာင္ရြက္ရန္ ညႊန္ၾကားထားသည္။

တာဝန္ရွိသူမ်ားက ဝင္႐ိုးစြန္း ဝက္ဝံမ်ားကို ေျခာက္လွန္႔ႏုိင္သည့္ မီးက်ည္မ်ား အျမန္ဆံုး ေပးပို႔ရန္ စီစဉ္ေနေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း အေျခအေနအရ အေစာဆံုး ေအာက္တိုဘာလတြင္မွ စခန္းသို႔ မီးက်ည္မ်ား ေရာက္ရွိႏုိင္ဖြယ္ ရွိေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရုရှားမြောက်ပိုင်းတွင် ဝင်ရိုးစွန်း ဝက်ဝံများ၏ နှောင့်ယှက်မှုကြောင့် မိုးလေဝသ ပညာရှင်များ ရေခဲပြင်စခန်းတွင် ပိတ်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အာတိတ်စက်ဝိုင်း တဝိုက်တွင် ပျံ့နှံ့နေထိုင်သည့် ဝင်ရိုးစွန်း ဝက်ဝံများကို ရုရှားနိုင်ငံ မြောက်ပိုင်း ရေခဲဖုံးလွှမ်းရာ ဒေသများတွင် သဘာဝအလျောက် တွေ့မြင်နိုင်သည်။ ရုရှားမြောက်ပိုင်းရှိ ထရိုင်နိုင် ကျွန်းငယ်လေးတွင် မိုးလေဝသစခန်းတစ်ခု တည်ဆောက်ထားရာ ယင်းစခန်းရှိ ပညာရှင် ၅ ဦးသည် ဝင်ရိုးစွန်းဝက်ဝံ အုပ်စုတစ်ခု၏ ခြိမ်းခြောက်မှုနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။

ဝက်ဝံမကြီး တစ်ကောင်သည် စခန်း၏ ပြတင်းပေါက် မှန်တံခါးများကို ကုတ်ခြစ်ခဲ့သလို စခန်းအနီးတွင် လှည့်လည် သွားလာနေသဖြင့် ပညာရှင်များ အပြင်မထွက်ရဲဘဲ ဖြစ်နေခဲ့သည်။ ဆာဂျီဒရိုမက်ပြည်နယ် အုပ်ချုပ်ရေးဌာန အကြီးအကဲ တစ်ဦးဖြစ်သူ ဗာဆီလီ ရှက်ဗ်ချန်ကိုက အဆိုပါ စခန်းနှင့် အန္တရာယ်ဖြစ်လောက်စွာ နီးနီးကပ်ကပ် ကျက်စားနေသည့် ဝင်ရိုးစွန်းဝက်ဝံ အရေအတွက်မှာ အကောင်ငယ်များ အပါအဝင် ၁၀ ကောင်မျှ ရှိနေကြောင်း Tass သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဩဂုတ် ၃၁ ရက်မှစပြီး ဝင်ရိုးစွန်း ဝက်ဝံများမှာ ရန်လိုမှု ပြသလာပြီး စခန်းရှိ စွပ်ဖားဆွဲခွေး နှစ်ကောင်ကို သတ်ဖြတ်ခဲ့ကြောင်း မိုးလေဝသစခန်း၏ အကြီးအကဲ ဗာဒင်းမ် ပလော့တ်နစ်ကော့ဗ်က ဆိုသည်။ ထို့နောက်တွင်မူ ဝင်ရိုးစွန်း ဝက်ဝံမကြီး တစ်ကောင်က စခန်းအနီးတွင် လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်သည်။

ရုရှား သဘာဝ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဆာဂျီ ဒွန်းစကော့ဗ်က ပြည်ထောင်စု မိုးလေဝသ ဌာနအနေဖြင့် ထရိုင်နိုင် ကျွန်းပေါ်ရှိ ပညာရှင်များ ဘေးကင်းရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရန် ညွှန်ကြားထားသည်။

တာဝန်ရှိသူများက ဝင်ရိုးစွန်း ဝက်ဝံများကို ခြောက်လှန့်နိုင်သည့် မီးကျည်များ အမြန်ဆုံး ပေးပို့ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သော်လည်း အခြေအနေအရ အစောဆုံး အောက်တိုဘာလတွင်မှ စခန်းသို့ မီးကျည်များ ရောက်ရှိနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top