Property Expo
×

ရီ ​ပတ္​ဘ​လီ​ကင္ ​ပါ​တီ ​မွ ​ဝင္​ေရာက္ ​အ​ေရြး​ခံ​မဲ့ ​ေဒၚ​နယ္​ထ​ရမ့္ ​က ​လာ​မဲ့ ​ႏို​ဝ​ဘၤာ ​သ​မၼ​တ ​ေရြး​ေကာက္​ပြဲ ​မွာ ​သူ​သာ ​အ​ႏိုင္​ရ​ခဲ့​ရင္ ​စစ္​အင္​အား ​တိုး​ခ်ဲ့​မဲ့ ​အ​ေၾကာင္း ​ေျပာ​ပါ​တယ္။ ​စစ္​သား​ေတြ ​ပို​မို ​စု​ေဆာင္း​မယ္၊ ​စစ္​ေလ​ယာဥ္​ေတြ ​စစ္​သ​ဘၤ​ော​ေတြ ​နဲ႔ ​မ​ရင္း ​တပ္​ဖြဲ႕​ဝင္ ​ေတြ ​လည္း ​အ​မ်ား​အ​ျပား ​ခန္႔​အပ္ ​မယ္ ​လို႔ ​ေျပာ​ပါ​တယ္။ ​သ​မၼ​တ ​အိမ္​ျဖဴ​ေတာ္ ​မွာ ​သ​မၼ​တ ​တာ​ဝန္​ယူ​ၿပီး​တာ ​နဲ႔ ​တ​ၿပိဳင္​နက္ ​စစ္​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြ ​ကို ​ေခၚ​ေတြ႕​ၿပီး ​ရက္ ၃၀ ​အ​တြင္း ​မွာ ​အိုင္​အက္စ္ ​အ​စၥ​လာမ္​မစ္ ​လက္​နက္​ကိုင္ ​အ​ဖြဲ႕ ​ကို ​အ​ျပတ္ ​ႏွိမ္​နင္း ​ေခ်​မႈန္း​ႏိုင္​တဲ့ ​စစ္​ဆင္​ေရး ​ကို ​ေရး​ဆြဲ ​တင္​ျပ ​ဖို႔ ​ေတာင္း​ဆို ​မွာ​ပါ ​လို႔ ​ေျပာ​ပါ​တယ္။

​ဒီ​အ​ခါ​မွာ ​တပ္​ဖက္​ဆိုင္​ရာ ​စစ္​ဆင္​ေရး ​အ​ျပင္ ​ဆိုက္​ဘာ ​စစ္​ဆင္​ေရး ၊ ​ေငြ​ေၾကး ​လည္း​ပံု​ေအာ ​သံုး​ယင္း ​ဝါ​ဒ ​သ​ေဘာ​တ​ရား ​ေရး​ရာ ​ေတြ​ပါ ​ထည့္​သြင္း​မဲ့ ​အ​ေၾကာင္း၊ ​ဒီ​စစ္​ေရး ​အ​စီ​အ​မံ ​ေတြ ​ကို ​ၿပီး​ခဲ့​တဲ့ ​သီ​တင္း​ပတ္ ​ေတြ ​အ​တြင္း ​က ​ေျပာ​ခဲ့ ​တဲ့ ​မိန္႔​ခြန္း ​ထဲ​မွာ ​ပါ​တဲ့​အ​တိုင္း ​ပဲ ​အ​စြန္း​ေရာက္ ​အိုင္​အက္စ္ ​အ​ၾကမ္း​ဖက္ ​အ​ဖြဲ႕ ​အ​ေပၚ ​မွာ ​အ​ႏိုင္ ​ရ​ေအာင္ ​လုပ္​မွာ ​ပါ ​လို႔​ေျပာ​တာ​ပါ။

​ဒါ့​အ​ျပင္ ​စစ္​ဗိုလ္​ခ်ဳပ္​ႀကီး ​ေတြ ​အ​ေန​နဲ႔ ​အိုင္​အက္စ္ ​ကို ​မ​ႏွိမ္​ႏိုင္ ​ျခင္း​ဟာ ​လည္း ​စစ္​ဆင္​ေရး ​ကို ​နား​မ​လည္ ​လို႔ ​ျဖစ္​တဲ့ ​အ​ေၾကာင္း ​စီ​ဘီ​အက္စ္ ​႐ုပ္​သံ ​သ​တင္း​ဌာ​န ​ကို​လည္း ​ေျပာ​ခဲ့​ဖူး ​ပါ​တယ္။ ​စစ္​တပ္ ​ကို ​ေဝ​ဖန္ ​အ​ၿပီး​မွာ ​ၿပိဳင္​ဘက္ ​သ​မၼ​တ​ေလာင္း ​ဟီ​လာ​ရီ ​က​လင္​တန္ ​ကို​ပါ ​မ​တည္​ၿငိမ္​သူ ​အ​ျဖစ္ ​တိုက္​ခိုက္ ​ေဝ​ဖန္ ​လိုက္​ပါ ​ေသး​တယ္။

​ ဟီ​လာ​ရီ ​က​လင္​တန္ ​က​လည္း ​သ​မၼ​တ ​တာ​ဝန္ ​အ​ျပင္ ​စစ္​ဦး​စီး​ခ်ဳပ္ ​တ​ေယာက္ ​အ​ေန​နဲ႔ ​ဘယ္​သူ​က ​ႏိုင္​ငံ ​နဲ႔ ​အ​ေမ​ရိ​ကန္ ​စစ္​တပ္ ​ကို ​အ​ကာ​အ​ကြယ္ ​ေပး​ႏိုင္ ​မ​လည္း ​ဆို​တာ ​ကို ​အ​ေမ​ရိ​ကန္ ​ျပည္​သူ​ေတြ ​က ​သ​ေဘာ​ေပါက္ ​တဲ့ ​အ​တြက္ ​ေဒၚ​နယ္​ထ​ရမ့္ ​ကို ​ထည့္​တြက္​စ​ရာ ​မ​လို​မွန္း ​သိ​ၾက ​တဲ့ ​အ​ေၾကာင္း ​ေျပာ​ပါ​တယ္။ ​အ​ေမ​ရိ​ကန္ ​စစ္​တပ္ ​အ​သိုင္း​အ​ဝိုင္း ​က​လည္း ​မ​စၥ​တာ ​ထ​ရမ့္ ​ကို ​မ​ၾကာ​ခ​န ​ေဝ​ဖန္​ေလ့ ​ရွိ ​ၾက ​ပါ​တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
ရီပတ်ဘလီကင် ပါတီ မှ ဝင်ရောက် အရွေးခံမဲ့ ဒေါ်နယ်ထရမ့် က လာမဲ့ နိုဝင်္ဘာ သမ္မတ ရွေးကောက်ပွဲ မှာ သူသာ အနိုင်ရခဲ့ရင် စစ်အင်အား တိုးချဲ့မဲ့ အကြောင်း ပြောပါတယ်။ စစ်သားတွေ ပိုမို စုဆောင်းမယ်၊ စစ်လေယာဉ်တွေ စစ်သင်္ဘောတွေ နဲ့ မရင်း တပ်ဖွဲ့ဝင် တွေ လည်း အများအပြား ခန့်အပ် မယ် လို့ ပြောပါတယ်။ သမ္မတ အိမ်ဖြူတော် မှာ သမ္မတ တာဝန်ယူပြီးတာ နဲ့ တပြိုင်နက် စစ်ဗိုလ်ချုပ်ကြီးတွေ ကို ခေါ်တွေ့ပြီး ရက် ၃၀ အတွင်း မှာ အိုင်အက်စ် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ ကို အပြတ် နှိမ်နင်း ချေမှုန်းနိုင်တဲ့ စစ်ဆင်ရေး ကို ရေးဆွဲ တင်ပြ ဖို့ တောင်းဆို မှာပါ လို့ ပြောပါတယ်။

ဒီအခါမှာ တပ်ဖက်ဆိုင်ရာ စစ်ဆင်ရေး အပြင် ဆိုက်ဘာ စစ်ဆင်ရေး ၊ ငွေကြေး လည်းပုံအော သုံးယင်း ဝါဒ သဘောတရား ရေးရာ တွေပါ ထည့်သွင်းမဲ့ အကြောင်း၊ ဒီစစ်ရေး အစီအမံ တွေ ကို ပြီးခဲ့တဲ့ သီတင်းပတ် တွေ အတွင်း က ပြောခဲ့ တဲ့ မိန့်ခွန်း ထဲမှာ ပါတဲ့အတိုင်း ပဲ အစွန်းရောက် အိုင်အက်စ် အကြမ်းဖက် အဖွဲ့ အပေါ် မှာ အနိုင် ရအောင် လုပ်မှာ ပါ လို့ပြောတာပါ။

ဒါ့အပြင် စစ်ဗိုလ်ချုပ်ကြီး တွေ အနေနဲ့ အိုင်အက်စ် ကို မနှိမ်နိုင် ခြင်းဟာ လည်း စစ်ဆင်ရေး ကို နားမလည် လို့ ဖြစ်တဲ့ အကြောင်း စီဘီအက်စ် ရုပ်သံ သတင်းဌာန ကိုလည်း ပြောခဲ့ဖူး ပါတယ်။ စစ်တပ် ကို ဝေဖန် အပြီးမှာ ပြိုင်ဘက် သမ္မတလောင်း ဟီလာရီ ကလင်တန် ကိုပါ မတည်ငြိမ်သူ အဖြစ် တိုက်ခိုက် ဝေဖန် လိုက်ပါ သေးတယ်။

ဟီလာရီ ကလင်တန် ကလည်း သမ္မတ တာဝန် အပြင် စစ်ဦးစီးချုပ် တယောက် အနေနဲ့ ဘယ်သူက နိုင်ငံ နဲ့ အမေရိကန် စစ်တပ် ကို အကာအကွယ် ပေးနိုင် မလည်း ဆိုတာ ကို အမေရိကန် ပြည်သူတွေ က သဘောပေါက် တဲ့ အတွက် ဒေါ်နယ်ထရမ့် ကို ထည့်တွက်စရာ မလိုမှန်း သိကြ တဲ့ အကြောင်း ပြောပါတယ်။ အမေရိကန် စစ်တပ် အသိုင်းအဝိုင်း ကလည်း မစ္စတာ ထရမ့် ကို မကြာခန ဝေဖန်လေ့ ရှိ ကြ ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top