Property Expo
×

  ေမွာ္ဘီနည္းပညာတကၠ သိုလ္မွ ေက်ာင္းသူအား ရည္းစား ျဖစ္သူက သတ္ျဖတ္ အေလာင္း ေဖ်ာက္မႈႏွင့္ပတ္သက္၍ စြပ္စဲြခံရသူ၏ ဦးေလးေတာ္စပ္သူ အမွတ္(၄) ေလေၾကာင္းရန္ကာကြယ္ေရးႏွင့္ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (ေမာ္လၿမိဳင္)တြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ဗိုလ္ႀကီးတက္ေနထြဋ္ကို ႐ုံးေခၚသက္ေသအျဖစ္ တင္ေလွ်ာက္ထားခဲ့ ေၾကာင္း သတင္းရရွိသည္။


 နည္းပညာတကၠသိုလ္မွ ေက်ာင္းသူကို ၎၏ရည္းစားျဖစ္ သူက သတ္ျဖတ္ကာ အေလာင္း ပစ္ခဲ့သည့္အမႈတြင္ အင္းစိန္ၿမိဳ႕မ ရဲစခန္း စခန္းမွဴး ဒုရဲမွဴးေရႊဇံကုိ စစ္ေဆးခဲ့ၿပီး တရားလိုဘက္မွ ႐ုံးေခၚသက္ေသ တင္သြင္းခဲ့ေၾကာင္း ေျမာက္ပိုင္းခ႐ုိင္တရား႐ုံးမွ သိရသည္။

တရား႐ုံးတြင္ ႐ုံးေခၚသက္ ေသအျဖစ္ တင္သြင္းခဲ့သည့္ ဗုိလ္ ႀကီးတက္ေနထြဋ္ကုိ ယခုအမႈႏွင့္ ပတ္သက္ၿပီး စစ္ခုံ႐ုံးတြင္ စစ္ေဆးကာ အမိန္႔ခ်ရန္ ေနျပည္ေတာ္စစ္ဥပေဒခ်ဳပ္႐ုံးသို႔ ေပးပို႔ထားေၾကာင္း စုံစမ္းသိရွိရသျဖင့္ အမႈႏွင့္ပတ္သက္ေနသည့္ ဗိုလ္ႀကီးတက္ေနထြဋ္ကို ႐ုံးေခၚသက္ေသအျဖစ္ တင္သြင္းခဲ့ေၾကာင္း တရားခြင္အတြင္းမွ သိရသည္။

တရားလိုဘက္မွ ဗုိလ္ႀကီး တက္ေနထြဋ္ကုိ ႐ုံးေခၚသက္ေသတင္သြင္းခဲ့သည့္အေပၚ တရားၿပိဳင္မွ စက္တင္ဘာ ၁၉ ရက္တြင္တရားသူႀကီးထံ ကန္႔ကြက္လႊာတင္သြင္းမည္ျဖစ္ေၾကာင္း သိရ သည္။

အဆုိပါအမႈကို ျပစ္မႈႀကီးအမွတ္ ၄၀/၁၆ ျဖင့္ ေျမာက္ပိုင္းခ႐ုိင္တရား႐ုံးမွ ဒုတိယခ႐ုိင္တရားသူႀကီး(၄)က တာ၀န္ယူစစ္ေဆးေနၿပီး တင္သြင္းထားသည့္ တရားလုိျပသက္ေသမ်ား စစ္ေဆးၿပီးျဖစ္ကာ ဗိုလ္ႀကီးတက္ေနထြဋ္ကို ႐ုံးေခၚသက္ေသအျဖစ္ တင္သြင္းခဲ့ေၾကာင္း ေျမာက္ပုိင္းခ႐ုိင္တရား႐ုံးမွ သိရသည္။

ဇန္န၀ါရီ ၂၆ ရက္ နံနက္တြင္ လူသတ္မႈက်ဴးလြန္သူ သူ ထက္ႏုိင္ (ခ) သူရေအာင္သည္ ေသဆုံးသူ မျမတ္သင္းၾကဴကို ေနျပည္ေတာ္မွ လက္ေဆာင္ပါလာေသာေၾကာင့္ လက္ေဆာင္ယူရန္ အျပင္သို႔ေခၚေဆာင္ခဲ့ၿပီး မဂၤလာဒုံၿမိဳ႕နယ္ ေရႊေညာင္ပင္မွတ္တုိင္အနီး၌ ကားရပ္တန္႔ကာ ႏွစ္ဦးသား စကားမ်ားရာမွ ယင္းသို႔သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ပိုင္းခ႐ုိင္ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆုံးသူ မျမတ္သင္းၾကဴ ႏွင့္ လူသတ္မႈက်ဴးလြန္သူ သူ ထက္ႏုိင္သည္ ၂၀၁၅ ၾသဂုတ္တြင္ ေဖ့စ္ဘြတ္ခ္မွ ခင္မင္ရင္းႏွီးကာ ခ်စ္သူမ်ားျဖစ္ခ့ဲၾကၿပီး ျပင္ပတြင္ (၁၀)ႀကိမ္ေက်ာ္ ေတြ႕ဆုံဖူးကာ သူထက္ႏုိင္သည္ ေဖ့စ္ဘြတ္ခ္၌ အျခားအမ်ဳိးသမီးတစ္ဦးႏွင့္ ဆက္သြယ္မႈကို ေတြ႕ရွိခဲ့ရာမွ လက္ထပ္ရန္ ေျပာဆိုခဲ့ေၾကာင္း အဆိုပါ ရဲအရာရွိက ေျပာသည္။

ခ်စ္သူမိန္းကေလးကိုသတ္ ကာ အေလာင္းကို အင္းစိန္ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္ၾကား ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ ၿခံစည္း႐ုိးအတြင္း စြန္႔ပစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပစ္မႈက်ဴးလြန္သူကိုလည္း သုံးရက္အတြင္း ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မှော်ဘီနည်းပညာတက္က သိုလ်မှ ကျောင်းသူအား ရည်းစား ဖြစ်သူက သတ်ဖြတ် အလောင်း ဖျောက်မှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ၏ ဦးလေးတော်စပ်သူ အမှတ်(၄) လေကြောင်းရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မော်လမြိုင်)တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတက်နေထွဋ်ကို ရုံးခေါ်သက်သေအဖြစ် တင်လျှောက်ထားခဲ့ ကြောင်း သတင်းရရှိသည်။


 နည်းပညာတက္ကသိုလ်မှ ကျောင်းသူကို ၎င်း၏ရည်းစားဖြစ် သူက သတ်ဖြတ်ကာ အလောင်း ပစ်ခဲ့သည့်အမှုတွင် အင်းစိန်မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူးရွှေဇံကို စစ်ဆေးခဲ့ပြီး တရားလိုဘက်မှ ရုံးခေါ်သက်သေ တင်သွင်းခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

တရားရုံးတွင် ရုံးခေါ်သက် သေအဖြစ် တင်သွင်းခဲ့သည့် ဗိုလ် ကြီးတက်နေထွဋ်ကို ယခုအမှုနှင့် ပတ်သက်ပြီး စစ်ခုံရုံးတွင် စစ်ဆေးကာ အမိန့်ချရန် နေပြည်တော်စစ်ဥပဒေချုပ်ရုံးသို့ ပေးပို့ထားကြောင်း စုံစမ်းသိရှိရသဖြင့် အမှုနှင့်ပတ်သက်နေသည့် ဗိုလ်ကြီးတက်နေထွဋ်ကို ရုံးခေါ်သက်သေအဖြစ် တင်သွင်းခဲ့ကြောင်း တရားခွင်အတွင်းမှ သိရသည်။

တရားလိုဘက်မှ ဗိုလ်ကြီး တက်နေထွဋ်ကို ရုံးခေါ်သက်သေတင်သွင်းခဲ့သည့်အပေါ် တရားပြိုင်မှ စက်တင်ဘာ ၁၉ ရက်တွင်တရားသူကြီးထံ ကန့်ကွက်လွှာတင်သွင်းမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါအမှုကို ပြစ်မှုကြီးအမှတ် ၄၀/၁၆ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး(၄)က တာဝန်ယူစစ်ဆေးနေပြီး တင်သွင်းထားသည့် တရားလိုပြသက်သေများ စစ်ဆေးပြီးဖြစ်ကာ ဗိုလ်ကြီးတက်နေထွဋ်ကို ရုံးခေါ်သက်သေအဖြစ် တင်သွင်းခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ဇန်နဝါရီ ၂၆ ရက် နံနက်တွင် လူသတ်မှုကျူးလွန်သူ သူ ထက်နိုင် (ခ) သူရအောင်သည် သေဆုံးသူ မမြတ်သင်းကြူကို နေပြည်တော်မှ လက်ဆောင်ပါလာသောကြောင့် လက်ဆောင်ယူရန် အပြင်သို့ခေါ်ဆောင်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ရွှေညောင်ပင်မှတ်တိုင်အနီး၌ ကားရပ်တန့်ကာ နှစ်ဦးသား စကားများရာမှ ယင်းသို့သတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူ မမြတ်သင်းကြူ နှင့် လူသတ်မှုကျူးလွန်သူ သူ ထက်နိုင်သည် ၂၀၁၅ သြဂုတ်တွင် ဖေ့စ်ဘွတ်ခ်မှ ခင်မင်ရင်းနှီးကာ ချစ်သူများဖြစ်ခဲ့ကြပြီး ပြင်ပတွင် (၁၀)ကြိမ်ကျော် တွေ့ဆုံဖူးကာ သူထက်နိုင်သည် ဖေ့စ်ဘွတ်ခ်၌ အခြားအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မှုကို တွေ့ရှိခဲ့ရာမှ လက်ထပ်ရန် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

ချစ်သူမိန်းကလေးကိုသတ် ကာ အလောင်းကို အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်ကြား လေကြောင်းရန် ကာကွယ်ရေးတပ် ခြံစည်းရိုးအတွင်း စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကိုလည်း သုံးရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top