Property Expo
×

ျပီးခဲ့တဲ့လက ျဖစ္ပြားခဲ့တဲ့ ခ်င္းတြင္းျမစ္ေရ အနက္ေရာင္ ေျပာင္းျခင္းဟာ   နန္႔စလင္ေခ်ာင္းကမ္းပါးနံရံမွ သက္တမ္းႏုေက်ာက္မီးေသြးမ်ား ျပိဳက်ျခင္းေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

 နန္႔စလင္ေခ်ာင္းအနီးမွာ ဓာတုစက္႐ံုေတြ မရွိေပမဲ့ ေခ်ာင္း႐ိုးတစ္ေလွ်ာက္ စစ္ေဆးရာမွာ အနက္ေရာင္ေက်ာက္လႊာေတြ ေခ်ာင္းအတြင္း ၿပိဳက်ေနတာကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အဆုိပါေက်ာက္လႊာေတြကို ေျမစယူျပီး ဓာတ္ခဲြစမ္းသပ္ရာမွာ သက္တမ္းႏုေက်ာက္မီးေသြးအလႊာေတြျဖစ္ေနၿပီး ေရတြင္ေပ်ာ္၀င္ေနတဲ့ ဓာတ္သတၱဳေတြကုိ ဓာတ္ခဲြစမ္းသပ္ခဲ့ရာမွာ ေသာက္သံုးဖို႔ မသင့္တဲ့ ခဲဓာတ္နဲ႔ သံဓာတ္ေတြ ပါ၀င္မႈမ်ားေနတယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖဲြ႕က သတင္းထုတ္ျပန္ထားပါတယ္။ စိမ္းလန္းအမိေျမပုဂၢလိက ဓာတ္ခဲြခန္းရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ လူနဲ႔ေရေနသတၱ၀ါေတြမွာ အႏၲ ရာယ္ရွိႏုိင္တဲ့ ဓာတ္သံုးမ်ိဳး ေတြ႕ရွိရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ချင်းတွင်းမြစ်ရေ အနက်ရောင် ပြောင်းခြင်းဟာ   နန့်စလင်ချောင်းကမ်းပါးနံရံမှ သက်တမ်းနုကျောက်မီးသွေးများ ပြိုကျခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 နန့်စလင်ချောင်းအနီးမှာ ဓာတုစက်ရုံတွေ မရှိပေမဲ့ ချောင်းရိုးတစ်လျှောက် စစ်ဆေးရာမှာ အနက်ရောင်ကျောက်လွှာတွေ ချောင်းအတွင်း ပြိုကျနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကျောက်လွှာတွေကို မြေစယူပြီး ဓာတ်ခွဲစမ်းသပ်ရာမှာ သက်တမ်းနုကျောက်မီးသွေးအလွှာတွေဖြစ်နေပြီး ရေတွင်ပျော်ဝင်နေတဲ့ ဓာတ်သတ္တုတွေကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာမှာ သောက်သုံးဖို့ မသင့်တဲ့ ခဲဓာတ်နဲ့ သံဓာတ်တွေ ပါဝင်မှုများနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စိမ်းလန်းအမိမြေပုဂ္ဂလိက ဓာတ်ခွဲခန်းရဲ့ ထုတ်ပြန်ချက်မှာတော့ လူနဲ့ရေနေသတ္တဝါတွေမှာ အန္တ ရာယ်ရှိနိုင်တဲ့ ဓာတ်သုံးမျိုး တွေ့ရှိရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top