Property Expo
×

ျမန္မာႏုိင္ငံ၏ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနာက္တစ္ပတ္မွာ အေမရိကန္ျပည္ေထာင္စုကုိ လာေရာက္လည္ပတ္မွာျဖစ္ေၾကာင္း အေမရိကန္သမၼတ ဘာရတ္ အုိဘားမားက ယေန႕ (စက္တင္ဘာ ၆ ရက္) ထုတ္ေဖာ္ေျပာၾကားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အေမရိကန္ကုိ လာေရာာက္မယ့္ ခရီးစဥ္ကုိ ၿပီးခဲ့တဲ့ ဇူလုိင္လအတြင္းက ေၾကညာခဲ့ၿပီးျဖစ္ေပမဲ့ ခရီးစဥ္ရက္ အတိအက်ကုိ ႏွစ္ဘက္လုံးက ထုတ္ျပန္ခဲ့ျခင္း မ႐ွိေသးပါဘူး။

လာအုိမွာ ျပဳလုပ္တဲ့ အစည္းအေဝးမိန္႕ခြန္းမွာ အုိဘာမားက ေဒၚေအာင္ဆန္းစုၾကည္ကုိ အိမ္ျဖဴေတာ္မွ ေနာက္တစ္ပတ္မွာ ႀကဳိဆုိဧည့္ခံသြားဖုိ႕ ေမွ်ာ္လင့္ေၾကာင္း ထည့္သြင္းေျပာၾကားပါတယ္။

ျမန္မာျပည္သူေတြရဲ႕ မတူညီမႈမ်ားျဖင့္ အတူယွဥ္တြဲေနထုိင္ေရးနဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ အေမရိကန္က ၎တုိ႕နဲ႕အတူ ရပ္တည္ေနေၾကာင္းလည္း သမၼတအုိဘားမားက ဆုိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႕ အုိဘားမားတုိ႕ဟာ ၂၀၁၂ ခုႏွစ္က ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္မွ လြတ္ေျမာက္ခဲ့ၿပီး မၾကာမီ အေမရိကန္ကုိ သြားေရာက္ခဲ့စဥ္က ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာလည္း အေမရိကန္သမၼတ အုိဘားမား ျမန္မာႏုိင္ငံခရီးစဥ္ လာေရာက္ခဲ့စဥ္က ၎တို႕ႏွစ္ဦး ေတြ႕ဆုံခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်တစ်ပတ်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်မှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက ယနေ့ (စက်တင်ဘာ ၆ ရက်) ထုတ်ဖော်ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောာက်မယ့် ခရီးစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကြေညာခဲ့ပြီးဖြစ်ပေမဲ့ ခရီးစဉ်ရက် အတိအကျကို နှစ်ဘက်လုံးက ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

လာအိုမှာ ပြုလုပ်တဲ့ အစည်းအဝေးမိန့်ခွန်းမှာ အိုဘာမားက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဖြူတော်မှ နောက်တစ်ပတ်မှာ ကြိုဆိုဧည့်ခံသွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေရဲ့ မတူညီမှုများဖြင့် အတူယှဉ်တွဲနေထိုင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမေရိကန်က ၎င်းတို့နဲ့အတူ ရပ်တည်နေကြောင်းလည်း သမ္မတအိုဘားမားက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမားတို့ဟာ ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး မကြာမီ အမေရိကန်ကို သွားရောက်ခဲ့စဉ်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ် လာရောက်ခဲ့စဉ်က ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top