Kantharyar Centre
×

ထုိင္းႏုိင္ငံ ဘန္ေကာက္ ၿမိဳ႕ စုခြမ္ဗစ္ (၅၆)လမ္းတြင္ လူေသအေလာင္းႏွင့္အတူ ပတ္စ္ပုိ႔အတုျပဳလုပ္သည့္ဂိုဏ္းမွ ႏုိင္ငံျခားသားမ်ားကုိ ထုိင္းရဲတပ္ဖြဲ႕က၀င္ေရာက္ဖမ္းဆီးသည့္ အမႈ၌  ျမန္မာဇနီးေမာင္ႏွံႏွစ္ဦးႏွင့္ သက္ဆုိင္မႈမရွိေၾကာင္း ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ုံးမွ သံအမတ္ႀကီး ဦး၀င္းေမာင္ကေျပာသည္။

ဘန္ေကာက္ၿမိဳ႕ (၅၆)လမ္းရွိ အေမရိကန္ႏုိင္ငံသားႏွစ္ဦး၊ ၿဗိ တိန္ႏုိင္ငံသားတစ္ဦးတုိ႔ ေနထုိင္ ေသာ ငါးလႊာတုိက္ခန္းအတြင္း ထုိင္းရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္း ဆီးမႈတြင္ အပုိင္းေျခာက္ပုိင္းျဖတ္ ေတာက္ထားသည့္ လူေသအ ေလာင္းႏွင့္ ေသနတ္သုံးလက္၊ မူး ယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိမႈတြင္ ျမန္မာဇနီးေမာင္ႏွံႏွစ္ဦးမွာ ယင္းတုိက္ခန္းအတြင္း ရွိေနျခင္းျဖစ္သည္။

တုိက္ခန္းအတြင္းရွိေနေသာ ျမန္မာဇနီးေမာင္ႏွံႏွစ္ဦးမွာ တုိက္ခန္းသန္႔ရွင္းေရးလုပ္ေပးရသူမ်ားျဖစ္၍ အမႈႏွင့္မသက္ဆုိင္ေသာ ေၾကာင့္ ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးထားျခင္းမဟုတ္ဘဲ ေခၚယူစစ္ေဆးျခင္းသာျဖစ္ေၾကာင္း သံအမတ္ႀကီး ဦး၀င္းေမာင္ကအား ေျပာသည္။

‘‘ထုိင္းရဲဘက္ကုိ ေမးၿပီးပါ ၿပီ။ သူတုိ႔ႏွစ္ေယာက္က အမႈနဲ႔မ ဆုိင္ပါဘူးတဲ့။ တစ္ပတ္ကိုႏွစ္ခါ လာၿပီး သန္႔ရွင္းေရးလုပ္ရတာလုိ႔ ေျပာတယ္။ အဲဒီတုိက္ခန္းေတြမွာ ျမန္မာအလုပ္သမားေတြက အ လွည့္က်လုပ္ၾကတယ္လို႔ ေျပာ တယ္။ မေန႔က ၀င္ဖမ္းေတာ့ သူ တုိ႔ ရွိေနတာေပါ့။ ဖမ္းဆီးတာ မ ဟုတ္ပါဘူးလုိ႔ေျပာတယ္။ ကၽြန္ ေတာ္တုိ႔လည္း သူတုိ႔ရဲ႕နာမည္ ေတြ၊ ပတ္စ္ပုိ႔ေတြအကုန္ေတာင္း ထားပါတယ္’’ဟု သံအမတ္ႀကီး ဦး၀င္းေမာင္ကေျပာသည္။

စက္တင္ဘာ ၂၃ ရက္တြင္ ျမန္မာႏုိင္ငံသား ဇနီးေမာင္ႏွံႏွစ္ ဦး၊ အေမရိကန္ႏုိင္ငံသားႏွစ္ဦး ႏွင့္  ၿဗိတိန္ႏုိင္ငံသားတစ္ဦး စုစု ေပါင္း ငါးဦးရွိေသာ တုိက္ခန္းကို ထုိင္းခရီးသြားရဲတပ္ဖြဲ႕က ၀င္ ေရာက္ဖမ္းဆီးရာ အေအးခန္းတစ္ခုအတြင္း အပုိင္းေျခာက္ပုိင္းခုတ္ထစ္ထားသည့္ လူေသအေလာင္း တစ္ေလာင္းႏွင့္အတူ ပတ္စ္ပုိ႔ျပဳလုပ္သည့္ စက္မ်ား၊ ေသနတ္သုံးလက္ႏွင့္ မူးယစ္ေဆး၀ါးမ်ားကို ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့သည္။

ယင္းတုိက္ခန္းကုိ ထုိင္းခရီးသြားရဲတပ္ဖြဲ႕က ၀င္ေရာက္ဖမ္းဆီးရာ တုိက္ခန္း၌ရွိေနသည့္ အ ေမရိကန္ႏုိင္ငံသားက ေသနတ္ျဖင့္ ျပန္လည္ပစ္ခတ္ရာ ထုိင္းရဲအရာရွိတစ္ဦး က်ည္ဆန္ထိမွန္ခဲ့ ေၾကာင္း သတင္းရရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ထိုင်းနိုင်ငံ ဘန်ကောက် မြို့ စုခွမ်ဗစ် (၅၆)လမ်းတွင် လူသေအလောင်းနှင့်အတူ ပတ်စ်ပို့အတုပြုလုပ်သည့်ဂိုဏ်းမှ နိုင်ငံခြားသားများကို ထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးသည့် အမှု၌  မြန်မာဇနီးမောင်နှံနှစ်ဦးနှင့် သက်ဆိုင်မှုမရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်ကပြောသည်။

ဘန်ကောက်မြို့ (၅၆)လမ်းရှိ အမေရိကန်နိုင်ငံသားနှစ်ဦး၊ ဗြိ တိန်နိုင်ငံသားတစ်ဦးတို့ နေထိုင် သော ငါးလွှာတိုက်ခန်းအတွင်း ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်း ဆီးမှုတွင် အပိုင်းခြောက်ပိုင်းဖြတ် တောက်ထားသည့် လူသေအ လောင်းနှင့် သေနတ်သုံးလက်၊ မူး ယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် မြန်မာဇနီးမောင်နှံနှစ်ဦးမှာ ယင်းတိုက်ခန်းအတွင်း ရှိနေခြင်းဖြစ်သည်။

တိုက်ခန်းအတွင်းရှိနေသော မြန်မာဇနီးမောင်နှံနှစ်ဦးမှာ တိုက်ခန်းသန့်ရှင်းရေးလုပ်ပေးရသူများဖြစ်၍ အမှုနှင့်မသက်ဆိုင်သော ကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းမဟုတ်ဘဲ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင်ကအား ပြောသည်။

‘‘ထိုင်းရဲဘက်ကို မေးပြီးပါ ပြီ။ သူတို့နှစ်ယောက်က အမှုနဲ့မ ဆိုင်ပါဘူးတဲ့။ တစ်ပတ်ကိုနှစ်ခါ လာပြီး သန့်ရှင်းရေးလုပ်ရတာလို့ ပြောတယ်။ အဲဒီတိုက်ခန်းတွေမှာ မြန်မာအလုပ်သမားတွေက အ လှည့်ကျလုပ်ကြတယ်လို့ ပြော တယ်။ မနေ့က ဝင်ဖမ်းတော့ သူ တို့ ရှိနေတာပေါ့။ ဖမ်းဆီးတာ မ ဟုတ်ပါဘူးလို့ပြောတယ်။ ကျွန် တော်တို့လည်း သူတို့ရဲ့နာမည် တွေ၊ ပတ်စ်ပို့တွေအကုန်တောင်း ထားပါတယ်’’ဟု သံအမတ်ကြီး ဦးဝင်းမောင်ကပြောသည်။

စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ် ဦး၊ အမေရိကန်နိုင်ငံသားနှစ်ဦး နှင့်  ဗြိတိန်နိုင်ငံသားတစ်ဦး စုစု ပေါင်း ငါးဦးရှိသော တိုက်ခန်းကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဝင် ရောက်ဖမ်းဆီးရာ အအေးခန်းတစ်ခုအတွင်း အပိုင်းခြောက်ပိုင်းခုတ်ထစ်ထားသည့် လူသေအလောင်း တစ်လောင်းနှင့်အတူ ပတ်စ်ပို့ပြုလုပ်သည့် စက်များ၊ သေနတ်သုံးလက်နှင့် မူးယစ်ဆေးဝါးများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ယင်းတိုက်ခန်းကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တိုက်ခန်း၌ရှိနေသည့် အ မေရိကန်နိုင်ငံသားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ရာ ထိုင်းရဲအရာရှိတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ ကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top