Kantharyar Centre
×


ယာဥ္ေၾကာပိတ္ေနတုန္း ကားေပၚ ထိုင္ေနရတာေလာက္ စိတ္ကသိကေလာက္ ျဖစ္ရတာ မရွိ။ ေနာက္ဆံုး ေလ့လာေတြ႕ရွိခ်က္ ကေတာ့ စိတ္သာမက၊ ခႏၶာက်န္းမာေရး အတြက္ပါ ကသိကေအာက္ ျဖစ္ေစသည္ဟု ဆိုလိုက္သည္။

          မီးပြိဳင့္ မီးနီေနခ်ိန္တြင္ ရပ္ေစာင့္ေနရေသာ ကားမ်ားအတြင္းမွ ယာဥ္ေမာင္းသူမ်ားသည္ ေလထုထဲမွ ညစ္ညမ္းမႈန္မ်ားကို ပိုရွဴမိၾကေၾကာင္း သိပၸံပညာရွင္မ်ား ေလ့လာေတြ႕ရွိခဲ့သည္။ အလားတူပင္ ယာဥ္ေၾကာက်ပ္သည့္ လမ္းမမ်ားေပၚတြင္ ကားထဲ ထိုင္ေစာင့္ေနရသူမ်ားသည္လည္း ေလထုညစ္ညမ္းမႈန္ ရွဴမိႏုိင္ေျခ (၄၀) ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္း သုေတသီတို႔က ဆိုသည္။ ကားရပ္ထားခ်ိန္တြင္ ျပင္ပေလကို ကားထဲစုပ္ယူကာ ေလထုလည္ ပတ္ေအာင္ လုပ္ေပးေသာ စနစ္ေၾကာင့္လည္း ျပႆနာက ပိုဆိုး၀ါးေနရသည္ဟု သုေတသီတို႔က သတိေပးသည္။

          သုေတသီတို႔သည္ (၃ ဒသမ ၇)မိုင္ လမ္းေၾကာင္းေပၚတြင္ လမ္းဆံုး(၁၀) ခုရွိ မီးပိြဳင့္မ်ားတြင္ ယာဥ္ေၾကာ က်ပ္တည္းေနခ်ိန္ ေစာင့္ဆိုင္းေနရသည့္ ကားမ်ားထဲမွ ေလထုညစ္ညမ္းႏႈန္းႏွင့္ ယာဥ္ေမာင္းမ်ား အေျခအေနကို သုေတသနျပဳခဲ့ျခင္း ျဖစ္သည္။ ယာဥ္ေၾကာ က်ပ္ေနခ်ိန္တြင္ ကားတစ္စီးနဲ႔တစ္စီး ေရွ႕ေနာက္ အလြန္ကပ္စြာ ရပ္ၾကျခင္းကလည္း အေျခအေနကို ပိုဆိုးေစသည္ဟု သုေတသီတို႔က ဆိုသည္။

            ထိုသို႔ ေနရာယူၾကျခင္းေၾကာင့္ ကားမီးခိုးေငြ႕မ်ားသည္ ေလထဲပ်ံ႕လြင့္ကာ ဓာတ္ျပယ္သြားသည့္ အဆင့္သို႔ပင္ မေရာက္ဘဲ ကားမ်ားထဲက ဒါ႐ိုင္ဘာမ်ား၏ အဆုတ္မ်ားဆီ ေရာက္ရွိသြားရေၾကာင္းလည္း သုေတသီတို႔က ေထာက္ျပသည္။

          ျပင္ပ ေလထုညစ္ညမ္းမႈသည္ ေဆးလိပ္ေသာက္ျခင္းနီးပါး လူသားကို ကင္ဆာ ျဖစ္ပြားေအာင္ လံႈ႔ေဆာ္ႏုိင္ေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႕ႀကီး (WHO) ကလည္း ဆိုထားသည္။

          ျပင္ပေလထု ညစ္ညမ္းႏႈန္းသာ ဆက္လက္ ဆိုး၀ါးေနမည္ ဆိုပါက ၂၀၅၀ ျပည့္ႏွစ္ ေရာက္လွ်င္ ေလထုညစ္ညမ္းမႈေၾကာင့္ တစ္ႏွစ္ကို လူ (၆ ဒသမ ၅) သန္းေလာက္ ေသဆံုးလိမ့္မည္ဟု သုေတသန တစ္ရပ္က ေဖာ္ျပသည္။ လက္ရွိႏႈန္းထက္ ႏွစ္ဆျဖစ္သည္။ လက္ရွိတြင္ တစ္ႏွစ္ကို လူ (၃ ဒသမ ၃)သန္း ေသဆံုးေနရၿပီး၊ အမ်ားစုမွာ အာရွတိုက္ဘက္မွ ျဖစ္သည္။

          ဒီဇယ္ကားမ်ားမွ ထြက္ေသာ PM2.5 အမႈန္မ်ား၊ အဆိပ္သင့္ ႏိုက္ထ႐ိုဂ်င္ဒိုင္ ေအာက္ဆိုက္ အမႈန္မ်ားသည္ အဆုတ္ထဲထိ ေရာက္ရွိကာ လူကိုအသက္ပါ ရန္ရွာႏုိင္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

 ယာဉ်ကြောပိတ်နေတုန်း ကားပေါ် ထိုင်နေရတာလောက် စိတ်ကသိကလောက် ဖြစ်ရတာ မရှိ။ နောက်ဆုံး လေ့လာတွေ့ရှိချက် ကတော့ စိတ်သာမက၊ ခန္ဓာကျန်းမာရေး အတွက်ပါ ကသိကအောက် ဖြစ်စေသည်ဟု ဆိုလိုက်သည်။

          မီးပွိုင့် မီးနီနေချိန်တွင် ရပ်စောင့်နေရသော ကားများအတွင်းမှ ယာဉ်မောင်းသူများသည် လေထုထဲမှ ညစ်ညမ်းမှုန်များကို ပိုရှူမိကြကြောင်း သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိခဲ့သည်။ အလားတူပင် ယာဉ်ကြောကျပ်သည့် လမ်းမများပေါ်တွင် ကားထဲ ထိုင်စောင့်နေရသူများသည်လည်း လေထုညစ်ညမ်းမှုန် ရှူမိနိုင်ခြေ (၄၀) ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတို့က ဆိုသည်။ ကားရပ်ထားချိန်တွင် ပြင်ပလေကို ကားထဲစုပ်ယူကာ လေထုလည် ပတ်အောင် လုပ်ပေးသော စနစ်ကြောင့်လည်း ပြဿနာက ပိုဆိုးဝါးနေရသည်ဟု သုတေသီတို့က သတိပေးသည်။

          သုတေသီတို့သည် (၃ ဒသမ ၇)မိုင် လမ်းကြောင်းပေါ်တွင် လမ်းဆုံး(၁၀) ခုရှိ မီးပွိုင့်များတွင် ယာဉ်ကြော ကျပ်တည်းနေချိန် စောင့်ဆိုင်းနေရသည့် ကားများထဲမှ လေထုညစ်ညမ်းနှုန်းနှင့် ယာဉ်မောင်းများ အခြေအနေကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ယာဉ်ကြော ကျပ်နေချိန်တွင် ကားတစ်စီးနဲ့တစ်စီး ရှေ့နောက် အလွန်ကပ်စွာ ရပ်ကြခြင်းကလည်း အခြေအနေကို ပိုဆိုးစေသည်ဟု သုတေသီတို့က ဆိုသည်။

            ထိုသို့ နေရာယူကြခြင်းကြောင့် ကားမီးခိုးငွေ့များသည် လေထဲပျံ့လွင့်ကာ ဓာတ်ပြယ်သွားသည့် အဆင့်သို့ပင် မရောက်ဘဲ ကားများထဲက ဒါရိုင်ဘာများ၏ အဆုတ်များဆီ ရောက်ရှိသွားရကြောင်းလည်း သုတေသီတို့က ထောက်ပြသည်။

          ပြင်ပ လေထုညစ်ညမ်းမှုသည် ဆေးလိပ်သောက်ခြင်းနီးပါး လူသားကို ကင်ဆာ ဖြစ်ပွားအောင် လှုံ့ဆော်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း ဆိုထားသည်။

          ပြင်ပလေထု ညစ်ညမ်းနှုန်းသာ ဆက်လက် ဆိုးဝါးနေမည် ဆိုပါက ၂၀၅၀ ပြည့်နှစ် ရောက်လျှင် လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကို လူ (၆ ဒသမ ၅) သန်းလောက် သေဆုံးလိမ့်မည်ဟု သုတေသန တစ်ရပ်က ဖော်ပြသည်။ လက်ရှိနှုန်းထက် နှစ်ဆဖြစ်သည်။ လက်ရှိတွင် တစ်နှစ်ကို လူ (၃ ဒသမ ၃)သန်း သေဆုံးနေရပြီး၊ အများစုမှာ အာရှတိုက်ဘက်မှ ဖြစ်သည်။

          ဒီဇယ်ကားများမှ ထွက်သော PM2.5 အမှုန်များ၊ အဆိပ်သင့် နိုက်ထရိုဂျင်ဒိုင် အောက်ဆိုက် အမှုန်များသည် အဆုတ်ထဲထိ ရောက်ရှိကာ လူကိုအသက်ပါ ရန်ရှာနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top