Property Expo
×

သင္ဟာ အလုပ္ခြင္မွာ အလုပ္ဆက္လုပ္ဖို႔ ဘယ္လိုမွ စိတ္မပါေတာ့ဘူး။ ဒီအလုပ္ေတြကို လံုး၀ ဆက္လုပ္ခ်င္စိတ္ မရွိေတာ့ဘူးဆိုရင္ သင္ဟာ အတင္းဖ်စ္ညွစ္ၿပီး လုပ္ေနမွာေတာ့မဟုတ္ပါဘူး။ ဒါဆိုရင္ေတာ့ သင္ဖ်ားခ်င္ေယာင္ေဆာင္ၿပီး အလုပ္ကေန က်န္တဲ့ေန႔ တစ္၀က္ကို ခြင့္ယူရပါေတာ့မယ္။ ဒါဆိုရင္ ယုတၱိရွိရွိ ဖ်ားခ်င္ေယာင္ ေဆာင္ဖို႔နည္းလမ္းေလးေတြရွိပါတယ္။

၁။ ေရာဂါတစ္မ်ိဳးကိုပံုေသေရြးခ်ယ္လိုက္ပါ

သင္ ဟာ ကုထံုးမ်ိဳးစံုနဲ႔ ေရာဂါ မ်ိဳးကိုေရြးခ်ယ္လိုက္မိရင္ သင့္ကို ခြင့္ေပးဖို႔ထက္ အလုပ္ရွင္ ကိုယ္တုိင္ က ေဆးခန္း လိုက္ပို႔ဖို႔ပဲ အားသန္ေနမွာပါ။ ေဆးေသာက္ရံုေလာက္နဲ႔ ေပ်ာက္တဲ့ ေရာဂါမ်ိဳးဆိုရင္လည္း ခြင့္ယူ ဖို႔ မလြယ္ႏိုင္ပါဘူး။ ဒါေၾကာင့္ အဆင္အေျပဆံုးျဖစ္မယ့္ ေရာဂါ ကို ေရြးခ်ယ္ရမွာပါ။

၂။ ျဖဴဖတ္ျဖဴေရာ္မ်က္ႏ်ာ မ်ိဳးျဖစ္ေအာင္ ဖန္တီးပါ

မ်က္ႏွာျမင္ခ်စ္ခင္ပါေစ ၊ အသံၾကားသနားပါေစ ဆိုတာထက္ မ်က္ႏွာကိုေရာ အသံကို ပါသနားေနေအာင္ ေနတတ္ ရပါမယ္ ။ ခြင့္ေပးဖို႔ေလာက္ထိ သနားစရာ မ်က္ႏွာ မ်ိဳးျဖစ္ေနပါမွ သင္ေနမေကာင္း ျဖစ္ေန တယ္ဆိုတာကို သင့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔ အထက္အရာရွိေတြ က ခြင့္ယူခြင့္ေပးခ်င္မွာပါ။

၃။ သက္ေတာင့္သက္သာ မရွိသလိုေနပါ

သင္ဟာ ေခါင္းကိုက္ေနတယ္ ၊ ဇက္ေၾကာတက္ေနတယ္ ၊ ဗိုက္ေအာင့္ေနတယ္ ၊ ဒီေ၀ဒနာေတြ ကို တနင့္တပိုး ခံစားေနရတယ္ဆိုတဲ့ ပံုမ်ိဳးဖမ္းထားပါ။ ဒါမွလည္း သင္ခ်က္ခ်င္း ျပန္နားဖို႔လိုတယ္ဆိုတာကို သင့္ အလုပ္က လူေတြ ခံစားမိမွာပါ။ အရက္နာက်ေနတဲ့ ပံုမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။

၄။ ေဒါသထြက္ၿပီး စိတ္တို ဟန္ လုပ္ပါ

ေနမေကာင္းရင္ လူေတြအားလံုး ေဒါသ အလိုလို ထြက္ၾကပါတယ္။ ဒါေၾကာင့္ သင္ ဖ်ားေနတယ္ဆုိတာကို သက္ေသျပဖို႔ အေကာင္းဆံုးနည္းလမ္းက ေနရင္းထိုင္ရင္း စိတ္တိုေနတဲ့ ပံုစံ မ်ိဳးလုပ္ျပတာပဲျဖစ္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin


 #Unicode Version

သင်ဟာ အလုပ်ခွင်မှာ အလုပ်ဆက်လုပ်ဖို့ ဘယ်လိုမှ စိတ်မပါတော့ဘူး။ ဒီအလုပ်တွေကို လုံး၀ ဆက်လုပ်ချင်စိတ် မရှိတော့ဘူးဆိုရင် သင်ဟာ အတင်းဖျစ်ညှစ်ပြီး လုပ်နေမှာတော့မဟုတ်ပါဘူး။ ဒါဆိုရင်တော့ သင်ဖျားချင်ယောင်ဆောင်ပြီး အလုပ်ကနေ ကျန်တဲ့နေ့ တစ်ဝက်ကို ခွင့်ယူရပါတော့မယ်။ ဒါဆိုရင် ယုတ္တိရှိရှိ ဖျားချင်ယောင် ဆောင်ဖို့နည်းလမ်းလေးတွေရှိပါတယ်။

၁။ ရောဂါတစ်မျိုးကိုပုံသေရွေးချယ်လိုက်ပါ

သင် ဟာ ကုထုံးမျိုးစုံနဲ့ ရောဂါ မျိုးကိုရွေးချယ်လိုက်မိရင် သင့်ကို ခွင့်ပေးဖို့ထက် အလုပ်ရှင် ကိုယ်တိုင် က ဆေးခန်း လိုက်ပို့ဖို့ပဲ အားသန်နေမှာပါ။ ဆေးသောက်ရုံလောက်နဲ့ ပျောက်တဲ့ ရောဂါမျိုးဆိုရင်လည်း ခွင့်ယူ ဖို့ မလွယ်နိုင်ပါဘူး။ ဒါကြောင့် အဆင်အပြေဆုံးဖြစ်မယ့် ရောဂါ ကို ရွေးချယ်ရမှာပါ။

၂။ ဖြူဖတ်ဖြူရော်မျက်နျာ မျိုးဖြစ်အောင် ဖန်တီးပါ

မျက်နှာမြင်ချစ်ခင်ပါစေ ၊ အသံကြားသနားပါစေ ဆိုတာထက် မျက်နှာကိုရော အသံကို ပါသနားနေအောင် နေတတ် ရပါမယ် ။ ခွင့်ပေးဖို့လောက်ထိ သနားစရာ မျက်နှာ မျိုးဖြစ်နေပါမှ သင်နေမကောင်း ဖြစ်နေ တယ်ဆိုတာကို သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ အထက်အရာရှိတွေ က ခွင့်ယူခွင့်ပေးချင်မှာပါ။

၃။ သက်တောင့်သက်သာ မရှိသလိုနေပါ

သင်ဟာ ခေါင်းကိုက်နေတယ် ၊ ဇက်ကြောတက်နေတယ် ၊ ဗိုက်အောင့်နေတယ် ၊ ဒီဝေဒနာတွေ ကို တနင့်တပိုး ခံစားနေရတယ်ဆိုတဲ့ ပုံမျိုးဖမ်းထားပါ။ ဒါမှလည်း သင်ချက်ချင်း ပြန်နားဖို့လိုတယ်ဆိုတာကို သင့် အလုပ်က လူတွေ ခံစားမိမှာပါ။ အရက်နာကျနေတဲ့ ပုံမျိုးတော့ မဖြစ်ပါစေနဲ့။

၄။ ဒေါသထွက်ပြီး စိတ်တို ဟန် လုပ်ပါ

နေမကောင်းရင် လူတွေအားလုံး ဒေါသ အလိုလို ထွက်ကြပါတယ်။ ဒါကြောင့် သင် ဖျားနေတယ်ဆိုတာကို သက်သေပြဖို့ အကောင်းဆုံးနည်းလမ်းက နေရင်းထိုင်ရင်း စိတ်တိုနေတဲ့ ပုံစံ မျိုးလုပ်ပြတာပဲဖြစ်မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top