Shwe Zabu River View Condominium Promotion
×

သံပုယုိသီးမွာ ဗီတာမင္ C၊ A၊ B1, B6, magnesium၊ bioflavonoids၊ pectin၊ folic acid၊ phosphorus၊ calcium နဲ႔ potassium ဓာတ္ေတြ ပါဝင္တာေၾကာင့္ သူ႔ကို super food လို႔ ေခၚၾကပါတယ္။ ေရာဂါအမ်ဳိးမ်ဳိးနဲ႔ ဖ်ားနာျခင္းတို႔ကို ကာကြယ္ေပးျပီး အူသိမ္၊ အစာအိမ္၊ အသည္း နဲ႔ ခႏၶာကိုယ္ခုခံအား စနစ္ေတြအတြက္ အက်ဳိးျပဳႏုိင္တယ္။

သံပုယုိသီးကို ပုံမွန္စားသုံးေပးပါက ငွက္ဖ်ားေရာဂါ၊ လည္မ်ဳိေရာင္နာ၊ ဘက္တီးရီးယားေတြကတဆင့္ ကူးစက္ေရာဂါေတြနဲ႔ ေသြးတိုးျခင္းတို႔ကို ခုခံကာကြယ္ေပးႏုိင္မွာျဖစ္ပါတယ္။ ေနာက္ဆုံးသုေတသနျပဳခ်က္အရ ကင္ဆာေရာဂါ ကိုေတာင္ ကာကြယ္ေပးႏုိင္တယ္လို႔ သိရတယ္။

သံပုယုိသီးကုိ အရိုးဆစ္နာက်င္မႈ ကုသျခင္းအပါအဝင္ အမ်ဳိးမ်ဳိး အသုံးျပဳႏုိင္တယ္။ လက္ေမာင္းနဲ႔ ေျခေထာက္ က အရိုးဆစ္ေတြ နာက်င္ကိုက္ခဲမႈေတြကို ေပ်ာက္ကင္းသက္သာေစမယ့္ ေဖာ္စပ္နည္းတစ္မ်ဳိး ရိွပါတယ္။

သံပုယိုသီးႏွစ္လုံးစာရဲ႕ အခြံကို ခရားတစ္ခုထဲထည့္ျပီး သံလြင္ဆီေလာင္းျဖည့္ပါ။ အဖုံးပိတ္ျပီး အဲဒီအတိုင္း ၂ ပတ္ေလာက္သိမ္းထားပါ။ အသင့္သုံးႏုိင္တဲ့ အခ်ိန္ေရာက္ရင္ သံလြင္ဆီကို အဝတ္စပါးပါး၊ သန္႔သန္႔ေလးတစ္ခုနဲ႔ နစ္လုိက္ျပီး အဲဒီအဝတ္စေလးကို အနာေပၚအုပ္ေပးပါ။ အဝတ္စေလးကို ပလတ္စတစ္အိပ္တစ္လုံးနဲ႔ ထပ္ျပီး အဲ့ ပုဝေလးနဲ႔ ထပ္အုပ္ေပးလိုက္ပါ။ ညပိုင္းလုပ္တာ အေကာင္းဆုံးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

သံပုယိုသီးမှာ ဗီတာမင် C၊ A၊ B1, B6, magnesium၊ bioflavonoids၊ pectin၊ folic acid၊ phosphorus၊ calcium နဲ့ potassium ဓာတ်တွေ ပါဝင်တာကြောင့် သူ့ကို super food လို့ ခေါ်ကြပါတယ်။ ရောဂါအမျိုးမျိုးနဲ့ ဖျားနာခြင်းတို့ကို ကာကွယ်ပေးပြီး အူသိမ်၊ အစာအိမ်၊ အသည်း နဲ့ ခန္ဓာကိုယ်ခုခံအား စနစ်တွေအတွက် အကျိုးပြုနိုင်တယ်။

သံပုယိုသီးကို ပုံမှန်စားသုံးပေးပါက ငှက်ဖျားရောဂါ၊ လည်မျိုရောင်နာ၊ ဘက်တီးရီးယားတွေကတဆင့် ကူးစက်ရောဂါတွေနဲ့ သွေးတိုးခြင်းတို့ကို ခုခံကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးသုတေသနပြုချက်အရ ကင်ဆာရောဂါ ကိုတောင် ကာကွယ်ပေးနိုင်တယ်လို့ သိရတယ်။

သံပုယိုသီးကို အရိုးဆစ်နာကျင်မှု ကုသခြင်းအပါအဝင် အမျိုးမျိုး အသုံးပြုနိုင်တယ်။ လက်မောင်းနဲ့ ခြေထောက် က အရိုးဆစ်တွေ နာကျင်ကိုက်ခဲမှုတွေကို ပျောက်ကင်းသက်သာစေမယ့် ဖော်စပ်နည်းတစ်မျိုး ရှိပါတယ်။

သံပုယိုသီးနှစ်လုံးစာရဲ့ အခွံကို ခရားတစ်ခုထဲထည့်ပြီး သံလွင်ဆီလောင်းဖြည့်ပါ။ အဖုံးပိတ်ပြီး အဲဒီအတိုင်း ၂ ပတ်လောက်သိမ်းထားပါ။ အသင့်သုံးနိုင်တဲ့ အချိန်ရောက်ရင် သံလွင်ဆီကို အဝတ်စပါးပါး၊ သန့်သန့်လေးတစ်ခုနဲ့ နစ်လိုက်ပြီး အဲဒီအဝတ်စလေးကို အနာပေါ်အုပ်ပေးပါ။ အဝတ်စလေးကို ပလတ်စတစ်အိပ်တစ်လုံးနဲ့ ထပ်ပြီး အဲ့ ပုဝလေးနဲ့ ထပ်အုပ်ပေးလိုက်ပါ။ ညပိုင်းလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top