Property Expo
×

ၾသဂုတ္လ တတိယ သီတင္းပတ္မွာ အႏုပညာသတင္းေတြမွာေရာ လူမႈကြန္ရက္ (Facebook) မွာပါ တစ္ဟုန္ထိုး နာမည္ႀကီးလာတဲ့ ေမာ္ဒယ္ကေတာ့ ကခ်င္ေမာ္ဒယ္ လုလုေအာင္ပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္ လုလုေအာင္ဟာ Sexy ဓာတ္ပံုေတြနဲ႔ နာမည္ရခဲ့သူ ျဖစ္ၿပီး သူ႔ရဲ႕ဓာတ္ပံုအမ်ားစုဟာ ပရိသတ္ေတြ အတြက္ အႀကိဳက္ျဖစ္ေစခဲ့ပါတယ္။

ကေလး တစ္ေယာက္ရဲ႕ မိခင္ျဖစ္သူ၊ အိမ္ေထာင္ေရး အဆင္မေျပ ျဖစ္ခဲ့သူ လုလုေအာင္ဟာ ေမာ္ဒယ္ အလုပ္ကို လုပ္ကိုင္ေနေသာ္လည္း သူ႔ရဲ႕ဘ၀ကို သမီးေလးနဲ႔အတူ ေအးခ်မ္းစြာ ျဖတ္သန္းေနတဲ့ အေၾကာင္း လူမႈကြန္ရက္မွာ မၾကာခဏ တင္ျပေလ့ရွိပါတယ္။အိမ္ေထာင္ေရး အဆင္မေျပ ျဖစ္ခဲ့ေပမယ့္ ဘ၀ကို ျဖစ္သလို မေနဘဲ ႀကိဳးစား႐ုန္းကန္ခဲ့သူ၊ အလွအပနဲ႔ ကိုယ္ကာယအတြက္ ဂ႐ုစိုက္တတ္သူ လုလုေအာင္ဟာ လက္ရွိမွာေတာ့ ျပည္တြင္းက သတင္းဂ်ာနယ္ေတြရဲ႕ ေမးျမန္းသမွ်ကို အခ်ိန္လုၿပီး ေျဖၾကားေပးေနရတဲ့ အထိ ေအာင္ျမင္လ်က္ ရွိေနပါတယ္။

သူမဟာ အဆိုေတာ္ လႊမ္းပိုင္နဲ႔အတူ မမေဝဒနာ သီခ်င္းမွာလည္း သ႐ုပ္ေဆာင္ထားၿပီး လူႀကိဳက္မ်ားခဲ့ပါတယ္။ လုလုေအာင္ အေနနဲ႔ အႏုပညာ ခရီးလမ္းမွာ ဘယ္လိုမ်ဳိး တင္ျပမႈေတြ ရွိလာမလဲဆိုတာကေတာ့ စိတ္၀င္စားစရာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Messenger

#Unicode Version

သြဂုတ်လ တတိယ သီတင်းပတ်မှာ အနုပညာသတင်းတွေမှာရော လူမှုကွန်ရက် (Facebook) မှာပါ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မော်ဒယ်ကတော့ ကချင်မော်ဒယ် လုလုအောင်ပဲ ဖြစ်ပါတယ်။ မော်ဒယ် လုလုအောင်ဟာ Sexy ဓာတ်ပုံတွေနဲ့ နာမည်ရခဲ့သူ ဖြစ်ပြီး သူ့ရဲ့ဓာတ်ပုံအများစုဟာ ပရိသတ်တွေ အတွက် အကြိုက်ဖြစ်စေခဲ့ပါတယ်။

ကလေး တစ်ယောက်ရဲ့ မိခင်ဖြစ်သူ၊ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ခဲ့သူ လုလုအောင်ဟာ မော်ဒယ် အလုပ်ကို လုပ်ကိုင်နေသော်လည်း သူ့ရဲ့ဘဝကို သမီးလေးနဲ့အတူ အေးချမ်းစွာ ဖြတ်သန်းနေတဲ့ အကြောင်း လူမှုကွန်ရက်မှာ မကြာခဏ တင်ပြလေ့ရှိပါတယ်။အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ခဲ့ပေမယ့် ဘဝကို ဖြစ်သလို မနေဘဲ ကြိုးစားရုန်းကန်ခဲ့သူ၊ အလှအပနဲ့ ကိုယ်ကာယအတွက် ဂရုစိုက်တတ်သူ လုလုအောင်ဟာ လက်ရှိမှာတော့ ပြည်တွင်းက သတင်းဂျာနယ်တွေရဲ့ မေးမြန်းသမျှကို အချိန်လုပြီး ဖြေကြားပေးနေရတဲ့ အထိ အောင်မြင်လျက် ရှိနေပါတယ်။

သူမဟာ အဆိုတော် လွှမ်းပိုင်နဲ့အတူ မမဝေဒနာ သီချင်းမှာလည်း သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့ပါတယ်။ လုလုအောင် အနေနဲ့ အနုပညာ ခရီးလမ်းမှာ ဘယ်လိုမျိုး တင်ပြမှုတွေ ရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger






 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top