ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ကေလးၿမိဳ႕နယ္၊ကံဦးေက်းရြာတြင္ စက္တင္ဘာ ၁၉ရက္၊ နံနက္ ၆နာရီ၃၀မိနစ္အခ်ိန္ခန္႔က အဘြားအိုးတစ္ဦး၏ ဦးေခါင္းတြင္ ဓားစိုက္ဝင္လ်ွက္ ေသဆံုးမႈျဖစ္ခဲ့ေၾကာင္း ကေလးၿမိဳ႕မရဲစခန္းမွ သိရသည္။

ေသဆံုးသူမွာ ကံဦးေက်းရြာေန ေဒၚလမ္ဆြမ္းက်ိန္၊၆၃ႏွစ္ျဖစ္ၿပီး ဘယ္ဘက္လက္ေမာင္း ထိုးသြင္းဒဏ္ရာ၁ခ်က္၊ဘယ္ဘက္ခ်ိဳင္းၾကားေအာက္ ထိုးသြင္းဒဏ္ရာ ၁ခ်က္၊ ဝဲဘက္နားထင္တြင္ ဓါးဦးခြၽန္စိုက္ဝင္လ်ွက္ ဓါးတန္းလန္းျဖင့္ ေသဆံုးေနျခင္း ျဖစ္သည္ဟု သိရသည္။

ေဒၚလမ္ဆြမ္းက်ိန္၏ သားျဖစ္သူထံသို႔ တူမျဖစ္သူ အသက္ ၁၂ႏွစ္က ငိုယိုၿပီး အဖြားဘာျဖစ္သြားတာလဲ မသိဘူး လာၾကည့္ေပးပါအံုးဟု ေအာ္ဟစ္ေျပာဆိုကာ ေနအိမ္ဘက္သို႔ ေျပးလာေျပာသျဖင့္ အိပ္ရာမွထၿပီး ႏွစ္အိမ္ေက်ာ္အကြာ႐ွိ မိခင္ျဖစ္သူေနအိမ္ဘက္သို႔ ေျပးသြားၾကည့္ရာ မိခင္ျဖစ္သူမွာ အိပ္ယာေပၚတြင္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔႐ွိခဲ့ရျခင္း ျဖစ္သည္။

ယင္းျဖစ္စဥ္နွင့္ပတ္သက္၍ စံုစမ္းေဖာ္ထုတ္ အေရးယူေပးပါရန္ သားျဖစ္သူ ဦးေထာင္းကပ္ေပါင္းမွ တရားလိုျပဳလုပ္၍ တိုင္တန္းထားေၾကာင္း ကေလးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Central News Myanmar

#Unicode Version
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်၊ကံဦးကျေးရွာတွင် စက်တင်ဘာ ၁၉ရက်၊ နံနက် ၆နာရီ၃၀မိနစ်အချိန်ခန့်က အဘွားအိုးတစ်ဦး၏ ဦးခေါင်းတွင် ဓားစိုက်ဝင်လျှက် သေဆုံးမှုဖြစ်ခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ကံဦးကျေးရွာနေ ဒေါ်လမ်ဆွမ်းကျိန်၊၆၃နှစ်ဖြစ်ပြီး ဘယ်ဘက်လက်မောင်း ထိုးသွင်းဒဏ်ရာ၁ချက်၊ဘယ်ဘက်ချိုင်းကြားအောက် ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဝဲဘက်နားထင်တွင် ဓါးဦးချွန်စိုက်ဝင်လျှက် ဓါးတန်းလန်းဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု သိရသည်။

ဒေါ်လမ်ဆွမ်းကျိန်၏ သားဖြစ်သူထံသို့ တူမဖြစ်သူ အသက် ၁၂နှစ်က ငိုယိုပြီး အဖွားဘာဖြစ်သွားတာလဲ မသိဘူး လာကြည့်ပေးပါအုံးဟု အော်ဟစ်ပြောဆိုကာ နေအိမ်ဘက်သို့ ပြေးလာပြောသဖြင့် အိပ်ရာမှထပြီး နှစ်အိမ်ကျော်အကွာရှိ မိခင်ဖြစ်သူနေအိမ်ဘက်သို့ ပြေးသွားကြည့်ရာ မိခင်ဖြစ်သူမှာ အိပ်ယာပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် သားဖြစ်သူ ဦးထောင်းကပ်ပေါင်းမှ တရားလိုပြုလုပ်၍ တိုင်တန်းထားကြောင်း ကလေးမြို့ မြို့မရဲစခန်းမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Central News Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top