Property Expo
×

ဇီကာ ကူးစက္ခံထားရတဲ့ ၾကြက္ေတြရဲ႕ မ်က္ရည္ထဲမွာ ဇီကာဗိုင္းရပ္ရဲ႕ မ်ိဳးရိုးဗီဇ လကၡဏာ ေတြ႔ရွိရၿပီး ဗုိင္းရပ္က မ်က္လံုးေတြထဲမွာ ရွိေနႏိုင္တာကို ေလ့လာေတြ႕ရွိရပါတယ္။.

ၾကြက္ေတြရဲ႕ သေႏၶသားေလာင္းေတြ ၊ ေမြးကာစေတြ နဲ႔ အရြယ္ေရာက္ၾကြက္ေတြကို စမ္းသပ္ခဲ့ရမွ ဇီကာဗိုင္းရပ္ ကူးစပ္ခံရတဲ့ တစ္ခ်ိဳ႕လူေတြဆီမွာ ဘာေၾကာင့္ မ်က္စိေ၀သနာေတြခံစားရၿပီး အျမင္ေပ်ာက္ဆံုးရတာေတြအတြက္ ရွင္းလင္းဖို႕ အေထာက္အကူ ျဖစ္ႏိုင္ခဲ့ပါတယ္။

ေလ့လာသူပညာရွင္ေတြက ဇီကာဗိုင္းရပ္ မ်က္လံုးထဲ ကူးစက္ခံရမႈ ရွိမရွိနဲ႕ မ်က္လံုးထဲမွာ ဘယ္ေလာက္ၾကာေအာင္ အသက္ရွင္ေနႏိုင္သလဲဆိုတာကို ေလ့လာခဲ့ၾကပါတယ္။.

ဇီကာ ကူးစပ္ခံရတဲ့ ကေလး ၃ ပံု ၁ ပံု ဟာ မ်က္စိေ၀ဒနာခံစားရပါတယ္။ ဗိုင္းရပ္ေၾကာင့္ မ်က္စိအာရံုေၾကာေတြကို ထိခိုက္ပ်က္စီးတာေတြ ၊ ေမြးဖြားၿပီးေနာက္ မ်က္စိမျမင္ရတာေတြ ျဖစ္ႏိုင္ပါတယ္။

အရြယ္ေရာက္ၿပီးသား လူေတြမွာလည္း ဗိုင္းရပ္ေၾကာင့္ မ်က္လံုး ရဲေနတာေတြ ၊ ယားတာေတြ ျဖစ္ေစပါတယ္။ ရွားပါးတဲ့ ျဖစ္စဥ္ေတြအရဆိုရင္ အရြယ္ေရာက္ၿပီး ဗိုင္းရပ္ကူးစပ္ခံရတဲ့ သူေတြဆီမွာ ဗိုင္းရပ္က ပိုမိုဖြံ႕ၿဖိဳးလာၿပီး အျမင္အာရံုဆံုးရႈံးရတာေတြ ရွိပါတယ္။

မ်က္လံုးရဲ႕ မေတာ္တစ္စ ထိခိုက္မႈေတြကို ကာကြယ္ဖို႕ သိျမင္လြယ္တဲ့ တစ္ရႈးေတြရဲ႕ ေရာဂါကာကြယ္ေရး စနစ္ လုပ္ေဆာင္မႈ နည္းလာတာကို ေတြ႔ရပါတယ္။ ဒါက တခါတရံမွာ ဗိုင္းရပ္က ခႏၶာကိုယ္ထဲမွာ မရွိေတာ့ေပမယ့္ မ်က္လံုးထဲမွာ အသက္ရွင္ေနထိုင္ေနႏိုင္တယ္လို႕ ဆိုလိုတာပါ။

ဇီကာဗိုင္းရပ္က လူေတြရဲ႕ မ်က္ရည္ကတဆင့္ ကူးစက္တာမ်ိဳး မျဖစ္ႏိုင္ပါဘူး။ ဒီထက္ပိုၿပီး ေလ့လာၾကမယ္ဆိုရင္ေတာ့ ဇီကာဗိုင္းရပ္ ကူးစက္ခံရတာ ဟုတ္မဟုတ္  ေရာဂါအမ်ိဳးအမည္ခြဲျခားရာမွာ အခုသံုးေနတဲ့ ေသြးေဖာက္စစ္တာထက္ မ်က္ရည္ကို စစ္ၿပီး နာက်င္မႈသက္သာေစမယ့္ နည္လမ္းရွာေဖြႏိုင္ဖို႕ ပညာရွင္ေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ဇီကာ ကူးစက်ခံထားရတဲ့ ကြွက်တွေရဲ့ မျက်ရည်ထဲမှာ ဇီကာဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ လက္ခဏာ တွေ့ရှိရပြီး ဗိုင်းရပ်က မျက်လုံးတွေထဲမှာ ရှိနေနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။.

ကြွက်တွေရဲ့ သန္ဓေသားလောင်းတွေ ၊ မွေးကာစတွေ နဲ့ အရွယ်ရောက်ကြွက်တွေကို စမ်းသပ်ခဲ့ရမှ ဇီကာဗိုင်းရပ် ကူးစပ်ခံရတဲ့ တစ်ချို့လူတွေဆီမှာ ဘာကြောင့် မျက်စိဝေသနာတွေခံစားရပြီး အမြင်ပျောက်ဆုံးရတာတွေအတွက် ရှင်းလင်းဖို့ အထောက်အကူ ဖြစ်နိုင်ခဲ့ပါတယ်။

လေ့လာသူပညာရှင်တွေက ဇီကာဗိုင်းရပ် မျက်လုံးထဲ ကူးစက်ခံရမှု ရှိမရှိနဲ့ မျက်လုံးထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင်နေနိုင်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။.

ဇီကာ ကူးစပ်ခံရတဲ့ ကလေး ၃ ပုံ ၁ ပုံ ဟာ မျက်စိဝေဒနာခံစားရပါတယ်။ ဗိုင်းရပ်ကြောင့် မျက်စိအာရုံကြောတွေကို ထိခိုက်ပျက်စီးတာတွေ ၊ မွေးဖွားပြီးနောက် မျက်စိမမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။

အရွယ်ရောက်ပြီးသား လူတွေမှာလည်း ဗိုင်းရပ်ကြောင့် မျက်လုံး ရဲနေတာတွေ ၊ ယားတာတွေ ဖြစ်စေပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်တွေအရဆိုရင် အရွယ်ရောက်ပြီး ဗိုင်းရပ်ကူးစပ်ခံရတဲ့ သူတွေဆီမှာ ဗိုင်းရပ်က ပိုမိုဖွံ့ဖြိုးလာပြီး အမြင်အာရုံဆုံးရှုံးရတာတွေ ရှိပါတယ်။

မျက်လုံးရဲ့ မတော်တစ်စ ထိခိုက်မှုတွေကို ကာကွယ်ဖို့ သိမြင်လွယ်တဲ့ တစ်ရှုးတွေရဲ့ ရောဂါကာကွယ်ရေး စနစ် လုပ်ဆောင်မှု နည်းလာတာကို တွေ့ရပါတယ်။ ဒါက တခါတရံမှာ ဗိုင်းရပ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ပေမယ့် မျက်လုံးထဲမှာ အသက်ရှင်နေထိုင်နေနိုင်တယ်လို့ ဆိုလိုတာပါ။

ဇီကာဗိုင်းရပ်က လူတွေရဲ့ မျက်ရည်ကတဆင့် ကူးစက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒီထက်ပိုပြီး လေ့လာကြမယ်ဆိုရင်တော့ ဇီကာဗိုင်းရပ် ကူးစက်ခံရတာ ဟုတ်မဟုတ်  ရောဂါအမျိုးအမည်ခွဲခြားရာမှာ အခုသုံးနေတဲ့ သွေးဖောက်စစ်တာထက် မျက်ရည်ကို စစ်ပြီး နာကျင်မှုသက်သာစေမယ့် နည်လမ်းရှာဖွေနိုင်ဖို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top