Kantharyar Centre
×

ဒီေန႔ေခတ္မွာဆုိရင္ ခႏၶာကိုယ္ အလွေပၚေစေအာင္လို႔ ကိုယ္ က်ပ္ေဘာင္းဘီေတြ ဝတ္ၾက သလို ဝတဲ့သူေတြကလည္း ခႏၶာ ကိုယ္ထိန္းထားသလို ျဖစ္ဖို႔အ တြက္ က်ပ္လြန္းတဲ့ေဘာင္းဘီ ေတြဝတ္ၾကရာမွာ  စတုိင္ထက္ က်န္း မာေရးျပႆနာရွိေနတာကို ပညာရွင္ေတြက ေထာက္ျပသတိေပးမႈေတြ ရွိလာပါတယ္။ ဒီေတာ့ ေဘာင္းဘီက်ပ္က်ပ္ေတြက ဘယ္လိုဆုိးက်ိဳးေတြေပးႏုိင္သလဲဆုိ တာ သိထားႏုိင္ေအာင္လို႔ ေဖာ္ျပ ေပးလုိက္ပါတယ္။

အလြန္အမင္းက်ပ္လြန္းတဲ့ ေဘာင္းဘီေတြကို တစ္ခ်ိန္လံုး ဝတ္တာဟာ ခါးေအာက္ပိုင္း ေပါင္၊ ေျခသလံုးႂကြက္သားေတြ ေသြးလည္ပတ္မႈကို ထိခိုက္ေစၿပီး ေသြးေၾကာေတြပ်က္စီးေစတဲ့အ ထိပါ ျဖစ္ေစတယ္လုိ႔ ဆုိပါတယ္။ ေျပာင္းလဲလာတဲ့ ယဥ္ေက်းမႈနဲ႔ လိုက္ဖက္ညီစြာပဲ ကိုယ္က်ပ္ ေဘာင္းဘီေရာဂါစုဆိုၿပီးေတာ့ ျဖစ္လာကာ တင္ပါးဆံုေတြ၊ ဒူးေတြေရာင္ရမ္းၿပီး နာက်င္တာမ်ိဳး ေတြႀကံဳလာကာ ေပါင္တံေတြ၊ ေျခ ေထာက္ေတြကို ဒဏ္ျဖစ္ေစပါ တယ္။

ကိုယ္က်ပ္ေဘာင္းဘီ၊ ဂ်င္း ေဘာင္းဘီခပ္က်ပ္က်ပ္ေတြဝတ္ ၿပီး ေန႔စဥ္႐ံုးတက္တဲ့အခါ နာရီ ေပါင္းမ်ားစြာ အလုပ္စားပြဲမွာ ထုိင္ေနရတဲ့အတြက္ ေပါင္တံကို ဖိအားအမ်ားႀကီးေပးသလို ျဖစ္ တာေၾကာင့္ တဆစ္ဆစ္ခံစားရ ျခင္း၊ ပူေလာင္ေစျခင္း၊ ယားယံျခင္း၊ က်ိန္းစပ္ၿပီး မအီမသာျဖစ္ ျခင္းမ်ိဳး ႀကံဳရႏုိင္ပါတယ္။

အမ်ိဳးသားေတြဆုိရင္လည္း က်ပ္လြန္းတဲ့ေဘာင္းဘီေတြ ေၾကာင့္ ေသြးလည္ပတ္မႈမေကာင္းဘဲ မ်ိဳးပြားႏုိင္မႈကိုပါ ဒုကၡေပးႏိုင္ တယ္ဆုိတာ သတိျပဳဖို႔လိုပါ တယ္။ ေနာက္ၿပီး ေဘာင္းဘီက်ပ္ ေတြဟာ ေပါင္ၿခံတစ္ဝိုက္ကို အ ခ်ိန္တုိင္းလိုလို မသက္မသာျဖစ္ ေစတာနဲ႔ ဆက္စပ္ၿပီး ဆီးလမ္း ေၾကာင္း၊ ဆီးအိမ္ေတြကိုပါ ေရာဂါျဖစ္ေစႏုိင္တယ္လို႔ ဆုိပါ တယ္။

ေနာက္ၿပီး တခ်ိဳ႕ေဘာင္းဘီ က်ပ္ေတြက ဝမ္းဗိုက္ကိုပါ စည္း ေႏွာင္ထားသလိုျဖစ္ေစတာ ေၾကာင့္ အစာအိမ္ကထြက္တဲ့ အက္စစ္ေတြ အေပၚဘက္ကိုဆန္ တက္ေအာင္လုပ္သလို ျဖစ္ေစတဲ့ အတြက္ ရင္ပူရင္ဆာျဖစ္ျခင္းမ်ိဳး လည္း ႀကံဳရႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဒီနေ့ခေတ်မှာဆိုရင် ခန္ဓာကိုယ် အလှပေါ်စေအောင်လို့ ကိုယ် ကျပ်ဘောင်းဘီတွေ ဝတ်ကြ သလို ဝတဲ့သူတွေကလည်း ခန္ဓာ ကိုယ်ထိန်းထားသလို ဖြစ်ဖို့အ တွက် ကျပ်လွန်းတဲ့ဘောင်းဘီ တွေဝတ်ကြရာမှာ  စတိုင်ထက် ကျန်း မာရေးပြဿနာရှိနေတာကို ပညာရှင်တွေက ထောက်ပြသတိပေးမှုတွေ ရှိလာပါတယ်။ ဒီတော့ ဘောင်းဘီကျပ်ကျပ်တွေက ဘယ်လိုဆိုးကျိုးတွေပေးနိုင်သလဲဆို တာ သိထားနိုင်အောင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

အလွန်အမင်းကျပ်လွန်းတဲ့ ဘောင်းဘီတွေကို တစ်ချိန်လုံး ဝတ်တာဟာ ခါးအောက်ပိုင်း ပေါင်၊ ခြေသလုံးကြွက်သားတွေ သွေးလည်ပတ်မှုကို ထိခိုက်စေပြီး သွေးကြောတွေပျက်စီးစေတဲ့အ ထိပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုနဲ့ လိုက်ဖက်ညီစွာပဲ ကိုယ်ကျပ် ဘောင်းဘီရောဂါစုဆိုပြီးတော့ ဖြစ်လာကာ တင်ပါးဆုံတွေ၊ ဒူးတွေရောင်ရမ်းပြီး နာကျင်တာမျိုး တွေကြုံလာကာ ပေါင်တံတွေ၊ ခြေ ထောက်တွေကို ဒဏ်ဖြစ်စေပါ တယ်။

ကိုယ်ကျပ်ဘောင်းဘီ၊ ဂျင်း ဘောင်းဘီခပ်ကျပ်ကျပ်တွေဝတ် ပြီး နေ့စဉ်ရုံးတက်တဲ့အခါ နာရီ ပေါင်းများစွာ အလုပ်စားပွဲမှာ ထိုင်နေရတဲ့အတွက် ပေါင်တံကို ဖိအားအများကြီးပေးသလို ဖြစ် တာကြောင့် တဆစ်ဆစ်ခံစားရ ခြင်း၊ ပူလောင်စေခြင်း၊ ယားယံခြင်း၊ ကျိန်းစပ်ပြီး မအီမသာဖြစ် ခြင်းမျိုး ကြုံရနိုင်ပါတယ်။

အမျိုးသားတွေဆိုရင်လည်း ကျပ်လွန်းတဲ့ဘောင်းဘီတွေ ကြောင့် သွေးလည်ပတ်မှုမကောင်းဘဲ မျိုးပွားနိုင်မှုကိုပါ ဒုက္ခပေးနိုင် တယ်ဆိုတာ သတိပြုဖို့လိုပါ တယ်။ နောက်ပြီး ဘောင်းဘီကျပ် တွေဟာ ပေါင်ခြံတစ်ဝိုက်ကို အ ချိန်တိုင်းလိုလို မသက်မသာဖြစ် စေတာနဲ့ ဆက်စပ်ပြီး ဆီးလမ်း ကြောင်း၊ ဆီးအိမ်တွေကိုပါ ရောဂါဖြစ်စေနိုင်တယ်လို့ ဆိုပါ တယ်။

နောက်ပြီး တချို့ဘောင်းဘီ ကျပ်တွေက ဝမ်းဗိုက်ကိုပါ စည်း နှောင်ထားသလိုဖြစ်စေတာ ကြောင့် အစာအိမ်ကထွက်တဲ့ အက်စစ်တွေ အပေါ်ဘက်ကိုဆန် တက်အောင်လုပ်သလို ဖြစ်စေတဲ့ အတွက် ရင်ပူရင်ဆာဖြစ်ခြင်းမျိုး လည်း ကြုံရနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top