Property Expo
×

                 ပြဲရံုတစ္ခုတြင္ ျပသထားေသာ ပဲအမ်ိဳးမိ်ဳး ဓါတ္ပံု -ေဂ်ေမာင္ေမာင္(အမရပူရ)

အိႏၵိယက ပဲမ်ားကုိ ျပန္လည္ဝယ္ယူျခင္းေၾကာင့္ မတ္ပဲႏွင့္ ပဲစင္းငံုတစ္တန္လွ်င္ က်ပ္တစ္သိန္းေက်ာ္    ေစ်းျပန္တက္လာ ေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ဳိးစံုႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ သ တင္းရရွိ သည္။

အိႏၵိယက ပဲအဝယ္တစ္လ ၾကာ ရပ္ဆိုင္းထားၿပီးေနာက္ ၿပီးခဲ့ သည့္ၾသဂုတ္အတြင္း မတ္ပဲႏွင့္ ပဲတီစိမ္းတစ္တန္လွ်င္ ယခင္လေပါက္ေစ်းထက္ က်ပ္ငါးသိန္း ေက်ာ္ ေစ်းႏႈန္းက်ဆင္းခဲ့သည္။

ဇူလိုင္တြင္ အိႏၵိယမွ အဝယ္မ်ားေသာ မတ္ပဲတစ္တန္လွ်င္ က်ပ္တစ္ဆယ့္ရွစ္သိန္းခြဲ ရွိရာမွ ၾသဂုတ္၌ က်ပ္တစ္ဆယ့္ႏွစ္သိန္းခြဲသာရွိၿပီး    က်ပ္ေျခာက္သိန္း က်ဆင္းခဲ့သည္။

အလားတူ ပဲစင္းငံုတစ္တန္လွ်င္ က်ပ္တစ္ဆယ့္ငါးသိန္း ေပါက္ေစ်းရွိခဲ့ေသာ္လည္း ၾသဂုတ္လ တြင္ တစ္တန္လွ်င္ က်ပ္ဆယ္ သိန္းေက်ာ္သာရွိကာ က်ပ္ငါး သိန္းေစ်းက်ခဲ့ေၾကာင္း ပဲကုန္ သည္မ်ားက ေျပာသည္။

လက္ရွိတြင္ မတ္ပဲတစ္တန္ လွ်င္ က်ပ္တစ္ဆယ့္သံုးသိန္းခုနစ္ ေသာင္းႏွင့္ ပဲစင္းငံုတစ္တန္လွ်င္က်ပ္ တစ္ဆယ့္တစ္သိန္းေျခာက္ေသာင္းအထိ ျပန္လည္ေစ်းတက္ လာေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ဳိးစံု ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း အတြင္းေရးမွဴး ဦးမင္းကိုဦးက ေျပာသည္။

‘‘အိႏၵိယမွာတင္ဒါေအာင္ ထားတဲ့ ကုမၸဏီေတြက ပဲျပန္ဝယ္ လို႔ ေစ်းနည္းနည္းျပန္တက္လာ တယ္။ ပဲေလာကမွာ ျဖစ္တဲ့ေငြ ေၾကးအ႐ႈပ္အရွင္းေၾကာင့္ေတာ့ ပဲေစ်းကြက္ကို မထိခိုက္ႏိုင္ပါ ဘူး’’ဟု ဦးမင္းကိုဦးက ေျပာၾကား သည္။

ထို႔အျပင္ အိႏၵိယႏိုင္ငံ ကုန္ သည္မ်ား၏ ေစ်းကစားျခင္း ေၾကာင့္ ျပည္တြင္းပဲေစ်းမွာ အတက္၊အက်ျမန္ျခင္းမ်ား ျဖစ္ တတ္ေၾကာင္း ပဲကုန္သည္မ်ားက ေျပာသည္။

‘‘ဇူလိုင္လတစ္လလံုးက လံုးဝ အဝယ္ရပ္သြားတယ္။ ၾသဂုတ္လမွာ ပဲေစ်းေတြထုိးက် လာတာပဲ။ အေစာပိုင္းတုန္းက ဒီႏွစ္က အိႏိၵယမွာ ပဲလိုအပ္ ခ်က္မ်ားတဲ့အတြက္ ေတာက္ ေလွ်ာက္ႀကီး ေစ်းေကာင္းေပးၿပီး ဝယ္ခဲ့ၾကတယ္’’ဟု ပဲကုန္သည္ တစ္ဦးက ေျပာသည္။

အိႏၵိယႏိုင္ငံထြက္ ပဲသစ္ မ်ားသည္ ေအာက္တိုဘာတြင္ ထြက္ႏိုင္ၿပီး အထြက္မေကာင္းပါ က ျမန္မာပဲမ်ား ေစ်းႏႈန္းျပန္လည္ ျမင့္တက္ႏိုင္ေၾကာင္း ပဲကုန္သည္ မ်ားက သံုးသပ္သည္။

ၿပီးခဲ့သည့္ႏွစ္ကာလတူတြင္ အိႏၵိယႏိုင္ငံဘက္က အဝယ္ျမင့္ တက္လာ၍ မတ္ပဲတစ္တန္လွ်င္ က်ပ္ႏွစ္ဆယ့္ေျခာက္သိန္းႏွင့္ ပဲစင္းငံုတစ္တန္လွ်င္ က်ပ္သိန္း ႏွစ္ဆယ္အထိ    အျမင့္ဆံုးရရွိခဲ့ သည္။

၂၀၁၆ ေဖေဖာ္ဝါရီလမွ ၾသဂုတ္အထိ ျပည္ပသို႔ မတ္ပဲႏွင့္ ပဲစင္းငံုႏွစ္မ်ဳိးေပါင္းတန္ခ်ိန္ ငါး သိန္းခုနစ္ေသာင္းေက်ာ္ တင္ပို႔ ထားေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ဳိးစံု ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း တင္ပို႔မႈစာရင္းတြင္ ေဖာ္ျပထား သည္။

ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္ ပဲမ်ဳိးစံု၏ ၇၀ ရာခိုင္ႏႈန္းကို အိႏၵိယႏိုင္ငံသို႔ တင္ပို႔ၿပီး အီးယူႏွင့္ တ႐ုတ္သို႔ ၃၀ ရာခိုင္ႏႈန္းခန္႔ တင္ ပို႔ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန စာ ရင္းမ်ားအရ သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အိန္ဒိယက ပဲများကို ပြန်လည်ဝယ်ယူခြင်းကြောင့် မတ်ပဲနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်တစ်သိန်းကျော်    ဈေးပြန်တက်လာ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သ တင်းရရှိ သည်။

အိန္ဒိယက ပဲအဝယ်တစ်လ ကြာ ရပ်ဆိုင်းထားပြီးနောက် ပြီးခဲ့ သည့်သြဂုတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းတစ်တန်လျှင် ယခင်လပေါက်ဈေးထက် ကျပ်ငါးသိန်း ကျော် ဈေးနှုန်းကျဆင်းခဲ့သည်။

ဇူလိုင်တွင် အိန္ဒိယမှ အဝယ်များသော မတ်ပဲတစ်တန်လျှင် ကျပ်တစ်ဆယ့်ရှစ်သိန်းခွဲ ရှိရာမှ သြဂုတ်၌ ကျပ်တစ်ဆယ့်နှစ်သိန်းခွဲသာရှိပြီး    ကျပ်ခြောက်သိန်း ကျဆင်းခဲ့သည်။

အလားတူ ပဲစင်းငုံတစ်တန်လျှင် ကျပ်တစ်ဆယ့်ငါးသိန်း ပေါက်ဈေးရှိခဲ့သော်လည်း သြဂုတ်လ တွင် တစ်တန်လျှင် ကျပ်ဆယ် သိန်းကျော်သာရှိကာ ကျပ်ငါး သိန်းဈေးကျခဲ့ကြောင်း ပဲကုန် သည်များက ပြောသည်။

လက်ရှိတွင် မတ်ပဲတစ်တန် လျှင် ကျပ်တစ်ဆယ့်သုံးသိန်းခုနစ် သောင်းနှင့် ပဲစင်းငုံတစ်တန်လျှင်ကျပ် တစ်ဆယ့်တစ်သိန်းခြောက်သောင်းအထိ ပြန်လည်ဈေးတက် လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

‘‘အိန္ဒိယမှာတင်ဒါအောင် ထားတဲ့ ကုမ္ပဏီတွေက ပဲပြန်ဝယ် လို့ ဈေးနည်းနည်းပြန်တက်လာ တယ်။ ပဲလောကမှာ ဖြစ်တဲ့ငွေ ကြေးအရှုပ်အရှင်းကြောင့်တော့ ပဲဈေးကွက်ကို မထိခိုက်နိုင်ပါ ဘူး’’ဟု ဦးမင်းကိုဦးက ပြောကြား သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ ကုန် သည်များ၏ ဈေးကစားခြင်း ကြောင့် ပြည်တွင်းပဲဈေးမှာ အတက်၊အကျမြန်ခြင်းများ ဖြစ် တတ်ကြောင်း ပဲကုန်သည်များက ပြောသည်။

‘‘ဇူလိုင်လတစ်လလုံးက လုံးဝ အဝယ်ရပ်သွားတယ်။ သြဂုတ်လမှာ ပဲဈေးတွေထိုးကျ လာတာပဲ။ အစောပိုင်းတုန်းက ဒီနှစ်က အိန္ဒိယမှာ ပဲလိုအပ် ချက်များတဲ့အတွက် တောက် လျှောက်ကြီး ဈေးကောင်းပေးပြီး ဝယ်ခဲ့ကြတယ်’’ဟု ပဲကုန်သည် တစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံထွက် ပဲသစ် များသည် အောက်တိုဘာတွင် ထွက်နိုင်ပြီး အထွက်မကောင်းပါ က မြန်မာပဲများ ဈေးနှုန်းပြန်လည် မြင့်တက်နိုင်ကြောင်း ပဲကုန်သည် များက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ်ကာလတူတွင် အိန္ဒိယနိုင်ငံဘက်က အဝယ်မြင့် တက်လာ၍ မတ်ပဲတစ်တန်လျှင် ကျပ်နှစ်ဆယ့်ခြောက်သိန်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်သိန်း နှစ်ဆယ်အထိ    အမြင့်ဆုံးရရှိခဲ့ သည်။

၂၀၁၆ ဖေဖော်ဝါရီလမှ သြဂုတ်အထိ ပြည်ပသို့ မတ်ပဲနှင့် ပဲစင်းငုံနှစ်မျိုးပေါင်းတန်ချိန် ငါး သိန်းခုနစ်သောင်းကျော် တင်ပို့ ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်း တင်ပို့မှုစာရင်းတွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၏ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့ပြီး အီးယူနှင့် တရုတ်သို့ ၃၀ ရာခိုင်နှုန်းခန့် တင် ပို့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းများအရ သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top