Shwe Zabu River View Condominium Promotion
×

ျမန္မာႏိုင္ငံထဲမွာရွိတဲ့ လူဦးေရစုစုေပါင္းရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္က စိတ္ေရာဂါခံစားေနရတယ္လို႔ ျမန္မာႏိုင္ငံဆရာ၀န္အသင္း စိတ္က်န္းမာေရးပညာအဖြဲ႕ဥကၠ႒ ပါေမာကၡေဒါက္တာ၀င္းေအာင္ျမင့္က ေျပာပါတယ္။

‘‘ကမၻာမွာေတာ့ လူတစ္ရာမွာ ၁၂ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းေလာက္အထိက စိတ္ေရာဂါျဖစ္တယ္လို႔ WHO က စာရင္းလုပ္ထားတယ္။ ျမန္မာမွာလည္းၿမိဳ႕နယ္ ႏွစ္ခုေလာက္ကို စစ္တမ္းေကာက္တဲ့အခါမွာေတာ့ စိတ္ေရာဂါခံစားေနရတဲ့သူ ၈ ဒသမ ၇ ရာခိုင္ႏႈန္း ေလာက္သြားေတြ႕တယ္။ ၁၀ ရာခိုင္ႏႈန္းဆိုရင္ေတာင္ လူဦးေရ ငါးသန္းေလာက္ရွိေနၿပီ’’လို႔ ပါေမာကၡ ေဒါက္တာ၀င္းေအာင္ျမင့္က ေျပာပါတယ္။

ျပည္တြင္းမွာေကာက္ယူခဲ့တဲ့ စစ္တမ္းေတြအရ စိတ္ေဖာက္ျပန္၊ စိတ္က်၊ စိတ္ႂကြ၊ စိတ္ကစဥ့္ကလ်ား၊ စိုးရိမ္စိတ္လြန္ကဲတဲ့စိတ္ေရာဂါ၊ အတက္ေရာဂါနဲ႔  ဆက္စပ္ေနတဲ့ စိတ္ေရာဂါေတြကုိ အမ်ားဆံုးေတြ႕ရတယ္လို႔ ဆိုပါတယ္။

ရြာသာႀကီး စိတ္က်န္းမာေရးေဆး႐ံုႀကီးမွာ ၂၀၁၁ ခုႏွစ္က လူနာ ၈,၆၇၂ ဦး၊ ၂၀၁၄ တြင္ ၁၃,၈၃၉ ဦးရွိခဲ့ၿပီး ၂၀၁၅ မွာ ၁၆,၁၀၁ ဦးအထိရွိလာတယ္လို႔ ေဆး႐ံုမွတ္တမ္းေတြအရ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

မြန်မာနိုင်ငံထဲမှာရှိတဲ့ လူဦးရေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်က စိတ်ရောဂါခံစားနေရတယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း စိတ်ကျန်းမာရေးပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဝင်းအောင်မြင့်က ပြောပါတယ်။

‘‘ကမ္ဘာမှာတော့ လူတစ်ရာမှာ ၁၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိက စိတ်ရောဂါဖြစ်တယ်လို့ WHO က စာရင်းလုပ်ထားတယ်။ မြန်မာမှာလည်းမြို့နယ် နှစ်ခုလောက်ကို စစ်တမ်းကောက်တဲ့အခါမှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ ၈ ဒသမ ၇ ရာခိုင်နှုန်း လောက်သွားတွေ့တယ်။ ၁၀ ရာခိုင်နှုန်းဆိုရင်တောင် လူဦးရေ ငါးသန်းလောက်ရှိနေပြီ’’လို့ ပါမောက္ခ ဒေါက်တာဝင်းအောင်မြင့်က ပြောပါတယ်။

ပြည်တွင်းမှာကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ စိတ်ဖောက်ပြန်၊ စိတ်ကျ၊ စိတ်ကြွ၊ စိတ်ကစဥ့်ကလျား၊ စိုးရိမ်စိတ်လွန်ကဲတဲ့စိတ်ရောဂါ၊ အတက်ရောဂါနဲ့  ဆက်စပ်နေတဲ့ စိတ်ရောဂါတွေကို အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီးမှာ ၂၀၁၁ ခုနှစ်က လူနာ ၈,၆၇၂ ဦး၊ ၂၀၁၄ တွင် ၁၃,၈၃၉ ဦးရှိခဲ့ပြီး ၂၀၁၅ မှာ ၁၆,၁၀၁ ဦးအထိရှိလာတယ်လို့ ဆေးရုံမှတ်တမ်းတွေအရ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top