Property Expo
×


ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕နယ္တြင္ ျပန္လည္ ေပါင္းသင္းရန္ ေခၚယူမႈကို ျငင္း ဆန္ခဲ့သည့္ ဇနီးကို ခင္ပြန္းက ေပါင္းခုတ္ဓားျဖင့္ လည္ပင္းျပတ္ လုနီးပါး ခုတ္သတ္မႈ ျဖစ္ပြားခဲ့ ေၾကာင္း ေနျပည္ေတာ္တုိင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ သတင္းရရွိသည္။

စက္တင္ဘာ ၁၈ ရက္ လယ္ေဝးၿမိဳ႕နယ္ ပင္ေသာင္အုပ္စု ပင္ေသာင္ေက်းရြာေန အသက္(၄၂)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက ၎၏ဇနီး အသက္(၃၈)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ ခုတ္ခဲ့ျခင္းျဖစ္သည္။

ဇနီးကို ေပါင္းခုတ္ဓားျဖင့္ ခုတ္သတ္ၿပီး ၎ကိုယ္တိုင္ ေပါင္း သတ္ေဆး ေသာက္ခဲ့ေသာ္လည္း မေသဆံုး၍ ေအလာတုိက္နယ္ ေဆး႐ံုသို႔ ရဲေထာက္ခံခ်က္ျဖင့္ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

‘‘အမႈျဖစ္စဥ္က သူက ျပန္ ေပါင္းဖို႔ပဲ ျပန္ေခၚတာ။ ဟိုက မလိုက္လို႔ ေဒါသနဲ႔ေပါ့။ တျခားဘာပေယာဂမွ မရွိဘူး။ ေဒါသ အေလ်ာက္ပဲ။ သူတို႔ဓားေတြဘာ ေတြကေတာ့ ေတာင္ယာလုပ္တဲ့ သူေလ။ ေတာင္သူလယ္သမား ေတြက ဒီဓားေတြက အၿမဲတမ္း ရွိတယ္ေလ။ လုပ္ငန္းခြင္သံုးဓား နဲ႔။  ဒါ ႐ိုး႐ိုးေလးပဲ ျဖစ္စဥ္ကေတာ့’’ဟု ေနျပည္ေတာ္တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာဝန္က်အရာရွိတစ္ဦးက ေျပာသည္။

အဆိုပါအမ်ိဳးသားကို ေသေၾကာင္းႀကံစည္သည့္ ျပစ္မႈပုဒ္မ ၃၀၉၊ လူသတ္မႈ ၃၀၂ တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  နေပြည်တော် လယ်ဝေးမြို့နယ်တွင် ပြန်လည် ပေါင်းသင်းရန် ခေါ်ယူမှုကို ငြင်း ဆန်ခဲ့သည့် ဇနီးကို ခင်ပွန်းက ပေါင်းခုတ်ဓားဖြင့် လည်ပင်းပြတ် လုနီးပါး ခုတ်သတ်မှု ဖြစ်ပွားခဲ့ ကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။


စက်တင်ဘာ ၁၈ ရက် လယ်ဝေးမြို့နယ် ပင်သောင်အုပ်စု ပင်သောင်ကျေးရွာနေ အသက်(၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ဇနီး အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။

ဇနီးကို ပေါင်းခုတ်ဓားဖြင့် ခုတ်သတ်ပြီး ၎င်းကိုယ်တိုင် ပေါင်း သတ်ဆေး သောက်ခဲ့သော်လည်း မသေဆုံး၍ အေလာတိုက်နယ် ဆေးရုံသို့ ရဲထောက်ခံချက်ဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။

‘‘အမှုဖြစ်စဉ်က သူက ပြန် ပေါင်းဖို့ပဲ ပြန်ခေါ်တာ။ ဟိုက မလိုက်လို့ ဒေါသနဲ့ပေါ့။ တခြားဘာပယောဂမှ မရှိဘူး။ ဒေါသ အလျောက်ပဲ။ သူတို့ဓားတွေဘာ တွေကတော့ တောင်ယာလုပ်တဲ့ သူလေ။ တောင်သူလယ်သမား တွေက ဒီဓားတွေက အမြဲတမ်း ရှိတယ်လေ။ လုပ်ငန်းခွင်သုံးဓား နဲ့။  ဒါ ရိုးရိုးလေးပဲ ဖြစ်စဉ်ကတော့’’ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားကို သေကြောင်းကြံစည်သည့် ပြစ်မှုပုဒ်မ ၃၀၉၊ လူသတ်မှု ၃၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top