Property Expo
×

လာပါးမတ္စ္ႏွင့္ ရီးရဲလ္ႏွစ္ဂုိးစီသေရက်ခဲ့ေသာ ပြဲတြင္ ဒုတိယပုိင္း၌ လူစားလဲခံရေသာ တုိက္စစ္မွဴး ေရာ္နယ္ဒုိုကြင္းထဲ မွ ထြက္လာစဥ္ ေဒါသထြက္ေန ျခင္းကို မကြယ္၀ွက္ႏုိင္ျဖစ္ခဲ့ေသာ္ လည္း ရီးရဲလ္နည္းျပ ဇီဒန္းကမူ ၎ကုိႀကံဳလွ်င္ ႀကံဳသလုိထုတ္ ထားရမည္ဟု ေျပာၾကားသည္။

ရီးရဲလ္က ၂-၁ ဂုိးျဖင့္ ဦး ေဆာင္ေနစဥ္ ၇၁ မိနစ္တြင္ ေရာ္နယ္ဒုိကုိ လူစားလဲရာ ယင္း ဆံုးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ ၎က စိတ္ပ်က္ေဒါသထြက္ခဲ့ပံု ရကာ မေက်နပ္ေသာ ပံုစံမ်ိဳးျဖင့္ ကြင္းထဲမွ ထြက္သြားခဲ့သည္။

‘‘ကြၽန္ေတာ္တုိ႔ အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ပဲြကစားရပါမယ္။ သူ႔ကုိ ႀကံဳရင္ ႀကံဳသလုိ ထုတ္ထားရ ပါမယ္။ သူေကာင္းေကာင္းကစား ႏုိင္ေပမယ့္ ဒီညမွာ သူ႕ကို အဂၤါေန႔ပြဲ အေၾကာင္းစဥ္းစားရင္းနဲ႔ လူစား လဲခဲ့တာပါ’’ဟု ဇီဒန္းက ေျပာ သည္။

လာပါးမတ္စ္အသင္းအား ဒု တိယေျမာက္ ေခ်ပဂုိးခြင့္ျပဳရျခင္းသည္ အာ႐ံုစူးစုိက္မႈမရိွျခင္း ေၾကာင့္ျဖစ္သည္ဟု ဇီဒန္းက ေျပာသည္။

ထိုအေတာအတြင္း ေရာ္ နယ္ဒုိကုိ လူစားလဲလွယ္မႈႏွင့္ ပတ္သက္၍ စပိန္အားကစား သတင္း၀က္ဘ္ဆိုက္က ပရိသတ္ မ်ား၏ သေဘာထားအျမင္ ေတာင္းခံရာ ၈၃ ရာခုိင္ႏႈန္းက နည္းျပ ဇီဒန္း၏ဆံုးျဖတ္ခ်က္ကုိ ေထာက္ခံခဲ့ၾကသည္။

ရီးရဲလ္သည္ ခ်န္ပီယံလိဂ္ တြင္ ေဒါ့မြန္ႏွင့္ ရင္ဆုိင္ရမည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

လာပါးမတ်စ်နှင့် ရီးရဲလ်နှစ်ဂိုးစီသရေကျခဲ့သော ပွဲတွင် ဒုတိယပိုင်း၌ လူစားလဲခံရသော တိုက်စစ်မှူး ရော်နယ်ဒိုကွင်းထဲ မှ ထွက်လာစဉ် ဒေါသထွက်နေ ခြင်းကို မကွယ်ဝှက်နိုင်ဖြစ်ခဲ့သော် လည်း ရီးရဲလ်နည်းပြ ဇီဒန်းကမူ ၎င်းကိုကြုံလျှင် ကြုံသလိုထုတ် ထားရမည်ဟု ပြောကြားသည်။

ရီးရဲလ်က ၂-၁ ဂိုးဖြင့် ဦး ဆောင်နေစဉ် ၇၁ မိနစ်တွင် ရော်နယ်ဒိုကို လူစားလဲရာ ယင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ၎င်းက စိတ်ပျက်ဒေါသထွက်ခဲ့ပုံ ရကာ မကျေနပ်သော ပုံစံမျိုးဖြင့် ကွင်းထဲမှ ထွက်သွားခဲ့သည်။

‘‘ကျွန်တော်တို့ အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲကစားရပါမယ်။ သူ့ကို ကြုံရင် ကြုံသလို ထုတ်ထားရ ပါမယ်။ သူကောင်းကောင်းကစား နိုင်ပေမယ့် ဒီညမှာ သူ့ကို အင်္ဂါနေ့ပွဲ အကြောင်းစဉ်းစားရင်းနဲ့ လူစား လဲခဲ့တာပါ’’ဟု ဇီဒန်းက ပြော သည်။

လာပါးမတ်စ်အသင်းအား ဒု တိယမြောက် ချေပဂိုးခွင့်ပြုရခြင်းသည် အာရုံစူးစိုက်မှုမရှိခြင်း ကြောင့်ဖြစ်သည်ဟု ဇီဒန်းက ပြောသည်။

ထိုအတောအတွင်း ရော် နယ်ဒိုကို လူစားလဲလှယ်မှုနှင့် ပတ်သက်၍ စပိန်အားကစား သတင်းဝက်ဘ်ဆိုက်က ပရိသတ် များ၏ သဘောထားအမြင် တောင်းခံရာ ၈၃ ရာခိုင်နှုန်းက နည်းပြ ဇီဒန်း၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။

ရီးရဲလ်သည် ချန်ပီယံလိဂ် တွင် ဒေါ့မွန်နှင့် ရင်ဆိုင်ရမည်ဖြစ် သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top