Property Expo
×




Credit : Duwun

#Unicode Version

ချစ်ရေးဆိုတာ လက်မခံတဲ့ အမျိုးသမီးကို အက်ဆစ်နဲ့ပက်ခဲ့တဲ့ အမျိုးသားဟာ သေဒဏ်ကျခံရဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အက်ဆစ်နဲ့ အပက်ခံခဲ့ရတဲ့ အမျိုးသမီးဟာ ဆေးရုံကို ရောက်ရှိခဲ့ပြီးနောက် သေဆုံးသွားခဲ့ရပါတယ်။ အက်ဆက်နဲ့ တိုက်ခိုက်မှုဟာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးရထားဘူတာရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို သုံးနှစ်ကြာ ရုံတင်စစ်ဆေးခဲ့ပြီးနောက် သေဒဏ်ကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်ပါတယ်။ သေဆုံးခဲ့ရသူ ပရီသီးရာသီ ဆိုတဲ့ အမျိုးသမီးဟာ အိန္ဒိယ ရေတပ်မှာ သူနာပြုအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

အိန္ဒိနိုင်ငံအတွင်းမှာ ပြဿနာ အချေအတင် ဖြစ်ပွားကြတဲ့အခါ အက်ဆစ်နဲ့ ပက်ပြီးတိုက်ခိုက်ကြတာ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာလည်း အိန္ဒိယနိုင်ငံအတွက် အက်ဆစ်ပက်ပြီး တိုက်ခိုက်ခံရမှု ၃၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top