Property Expo
×

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို စက်တင်ဘာ ၂၆ ရက် ညပိုင်း (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ၇း၃၀ မှ ၉း၀၀ အထိ) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။



Credit : Duwun

#Unicode Version

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို စက်တင်ဘာ ၂၆ ရက် ညပိုင်း (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက် နံနက် ရး၃၀ မှ ၉း၀၀ အထိ) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟီလာရီနဲ့ ထရန့်တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲကို နယူးယော့ခ်ရှိ ဟော့ဖ်စထရာတက္ကသိုလ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မိနစ် ၉၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ စကားစစ်ထိုးပွဲကို NBC ရုပ်မြင်သံကြားမှ လက်စတာဟို့တ်က မော်ဒရိတ်တာအဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဟီလာရီနဲ့ ထရန့်တို့ရဲ့ တနင်္လာနေ့ည စကားစစ်ထိုးပွဲကို ကမ္ဘာတစ်ဝန်းမှ လူပေါင်း သန်း ၉၀ အထိ ကြည့်ရှုကြမယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရပါတယ်။ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲမတိုင်မီ သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲကို ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top