Property Expo
×

ငါးရာ့ငါးဆယ္ ဇာတ္နိပါတ္ေတာ္မ်ားမွ ဇာတ္ေတာ္ တစ္ပုဒ္စီတြင္ သင္ခန္းစာ ယူစရာ အခ်က္အလက္ အနည္းဆုံး တစ္ခု ပါေနတတ္သည္မို႔ စာဖတ္သူတို႔ အက်ိဳးမ်ားေစရန္ ရည္ရြယ္ၿပီး မွီျငမ္း ေရးသားလိုက္ပါသည္။
ေရွးအခါက ဒကရကၡိဳက္ဘီလူး အပိုင္စားရေသာ ေရကန္ႀကီး တစ္ကန္ရွိသည္။ ထိုကန္သို႔ ဆင္းသက္ေသာ သတၱဝါမွန္သမၽွကို ဘီလူးမွ ဖမ္းစားပိုင္ခြင့္ရွိသည္။ ေရကန္ရွိေသာ ေတာအုပ္ႀကီးတြင္ ေမ်ာက္မင္းသည္ ေမ်ာက္ရွစ္ေသာင္း ၿခံရံလ်က္ ေနထိုင္ က်က္စားေလသည္။ ေမ်ာက္မင္းသည္ ေမ်ာက္အေပါင္းတို႔အား –
“အသီးျမင္တိုင္း မစားၾကႏွင့္။ အဆိပ္သီးေတြ ရွိတတ္သျဖင့္ ငါ့အားျပၿပီးမွ စားၾက။ ေရကန္ျမင္တိုင္း ဆင္းမေသာက္ၾကႏွင့္။ ငါ့အား ေမးျမန္းၿပီးမွသာေသာက္ၾက။” ဖို႔ မွာၾကားထားသည္။

တစ္ေန႔တြင္ ေမ်ာက္အေပါင္းတို႔သည္ ေတာအတြင္း လွည့္လည္ သြားလာရင္း ဒကရကၡိဳက္ အပိုင္စားေသာ ေရကန္အနီးသို႔ ေရာက္လာေလသည္။ ေမ်ာက္အေပါင္းတို႔သည္ ေရဆင္းမေသာက္ၾကေသးဘဲ ေမ်ာက္မင္း ေရာက္လာသည့္အထိ ေစာင့္ဆိုင္းၾက၏။ ေမ်ာက္မင္း ေရာက္လာၿပီး ေရကန္ကို ၾကည့္ရွု စစ္ေဆးေသာ္ ေရကန္တြင္ အဆင္းေျခရာမ်ားသာေတြ႕ၿပီး အတက္ေျခရာမ်ားကို မေတြ႕ရသျဖင့္ ေမ်ာက္အပါင္းတို႔အား ကန္သို႔ဆင္းမေသာက္ၾကေသးရန္ တားျမစ္ၿပီး က်ဴေတာမွ က်ဴရိုး တစ္ေခ်ာင္းကို ေရွးဦးစြာ ယူေစသည္။ ၿပီးေနာက္ က်ဴရိုးကို ထိပ္ဝ တစ္ဖက္မွ မွုတ္ေသာ္ က်ဴအဆစ္တို႔ ျပဳတ္ၿပီး ေရေသာက္နိုင္ရန္ ပိုက္သ႑ာန္ေပၚ၏။

ထိုအခါမွ ေမ်ာက္မင္းႏွင့္ ေမ်ာက္ရွစ္ေသာင္းတို႔သည္ ေရကန္အတြင္းသို႔ မဆင္းဘဲ က်ဴရိုးပိုက္ျဖင့္ ေရတို႔ကို ေသာက္သုံးၿပီး ေတာထဲသို႔ ဝင္သြားၾကေလသည္။ ဘီလူးလည္း သူ၏ ပိုင္နက္အတြင္းသို႔ မဝင္လာေသာေၾကာင့္ ဖမ္းစားမရဘဲ လက္မွိုင္ခ်၍သာ ေနရေတာ့သည္။

ဤစူဠကပါနဇာတ္ (ငါးရာ့ငါးဆယ္ ဇာတ္နိပါတ္ေတာ္မွ) တြင္ သတိႏွင့္ ဥာဏ္ပညာကို အသုံးခ်ၿပီး မိမိတို႔ အလိုရွိရာကို ခ်မ္းသာစြာ ရယူနိုင္ေၾကာင္းႏွင့္ ပညာရွိ အႀကီးအကဲတို႔၏ စကားကို နာယူျခင္းသည္ ေကာင္းက်ိဳးခ်မ္းသာ ရနိုင္ေၾကာင္း သင္ခန္းစာယူမိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များမှ ဇာတ်တော် တစ်ပုဒ်စီတွင် သင်ခန်းစာ ယူစရာ အချက်အလက် အနည်းဆုံး တစ်ခု ပါနေတတ်သည်မို့ စာဖတ်သူတို့ အကျိုးများစေရန် ရည်ရွယ်ပြီး မှီငြမ်း ရေးသားလိုက်ပါသည်။
ရှေးအခါက ဒကရက္ခိုက်ဘီလူး အပိုင်စားရသော ရေကန်ကြီး တစ်ကန်ရှိသည်။ ထိုကန်သို့ ဆင်းသက်သော သတ္တဝါမှန်သမျှကို ဘီလူးမှ ဖမ်းစားပိုင်ခွင့်ရှိသည်။ ရေကန်ရှိသော တောအုပ်ကြီးတွင် မျောက်မင်းသည် မျောက်ရှစ်သောင်း ခြံရံလျက် နေထိုင် ကျက်စားလေသည်။ မျောက်မင်းသည် မျောက်အပေါင်းတို့အား –
“အသီးမြင်တိုင်း မစားကြနှင့်။ အဆိပ်သီးတွေ ရှိတတ်သဖြင့် ငါ့အားပြပြီးမှ စားကြ။ ရေကန်မြင်တိုင်း ဆင်းမသောက်ကြနှင့်။ ငါ့အား မေးမြန်းပြီးမှသာသောက်ကြ။” ဖို့ မှာကြားထားသည်။

တစ်နေ့တွင် မျောက်အပေါင်းတို့သည် တောအတွင်း လှည့်လည် သွားလာရင်း ဒကရက္ခိုက် အပိုင်စားသော ရေကန်အနီးသို့ ရောက်လာလေသည်။ မျောက်အပေါင်းတို့သည် ရေဆင်းမသောက်ကြသေးဘဲ မျောက်မင်း ရောက်လာသည့်အထိ စောင့်ဆိုင်းကြ၏။ မျောက်မင်း ရောက်လာပြီး ရေကန်ကို ကြည့်ရှု စစ်ဆေးသော် ရေကန်တွင် အဆင်းခြေရာများသာတွေ့ပြီး အတက်ခြေရာများကို မတွေ့ရသဖြင့် မျောက်အပါင်းတို့အား ကန်သို့ဆင်းမသောက်ကြသေးရန် တားမြစ်ပြီး ကျူတောမှ ကျူရိုး တစ်ချောင်းကို ရှေးဦးစွာ ယူစေသည်။ ပြီးနောက် ကျူရိုးကို ထိပ်ဝ တစ်ဖက်မှ မှုတ်သော် ကျူအဆစ်တို့ ပြုတ်ပြီး ရေသောက်နိုင်ရန် ပိုက်သဏ္ဍာန်ပေါ်၏။

ထိုအခါမှ မျောက်မင်းနှင့် မျောက်ရှစ်သောင်းတို့သည် ရေကန်အတွင်းသို့ မဆင်းဘဲ ကျူရိုးပိုက်ဖြင့် ရေတို့ကို သောက်သုံးပြီး တောထဲသို့ ဝင်သွားကြလေသည်။ ဘီလူးလည်း သူ၏ ပိုင်နက်အတွင်းသို့ မဝင်လာသောကြောင့် ဖမ်းစားမရဘဲ လက်မှိုင်ချ၍သာ နေရတော့သည်။

ဤစူဠကပါနဇာတ် (ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်မှ) တွင် သတိနှင့် ဉာဏ်ပညာကို အသုံးချပြီး မိမိတို့ အလိုရှိရာကို ချမ်းသာစွာ ရယူနိုင်ကြောင်းနှင့် ပညာရှိ အကြီးအကဲတို့၏ စကားကို နာယူခြင်းသည် ကောင်းကျိုးချမ်းသာ ရနိုင်ကြောင်း သင်ခန်းစာယူမိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top