Property Expo
×


ဦးေဆာင္ေနသည့္ ေျမာက္ကိုရီးယားသည္ ႏိုင္ငံတကာ အသိုက္အဝန္းႏွင့္ ကင္းကြာသထက္ ကင္းကြာ လာသလို ရွားရွားပါးပါး မဟာမိတ္ အခ်ိဳ႕၏ စြန္႔ခြာေက်ာခိုင္းမႈႏွင့္ပါ ဆက္တိုက္ ႀကံဳေနရၿပီ ျဖစ္သည္။


ယခုလ အေစာပိုင္းက ေျမာက္ကိုရီးယားသည္ ႏုိင္ငံ သမုိင္းတြင္ ပၪၥမေျမာက္ႏွင့္ အားအျပင္းဆံုးႏ်ဴကလီးယားဗံုး စမ္း သပ္မႈတစ္ခုကို ျပဳလုပ္ခဲ့သည္။ ကင္မ္၏ အစိုးရမီဒီယာမ်ားက အဆိုပါစမ္းသပ္မႈမွာ ေအာင္ျမင္သည့္ လက္နက္နည္းပညာ ျမႇင့္တင္မႈ တစ္ခုအျဖစ္ ၫႊန္းဆိုခဲ့သလို မိမိတို႔သည္ ႏ်ဴကလီးယားထိပ္ဖူးမ်ားကို တိုက္ခ်င္းပစ္ ဒံုးက်ည္မ်ားတြင္ တပ္ဆင္ႏုိင္စြမ္းရွိလာၿပီဟု လည္း ေၾကညာသည္။

အက်ိဳးဆက္အေနျဖင့္ အေမ ရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ေျမာက္ကိုရီးယားကို ပိုမိုျပင္းထန္ စြာ ပိတ္ဆုိ႔အေရးယူရန္ ကုလသ မဂၢလံုၿခံဳေရး ညီလာခံသို႔ တင္ျပေတာင္းဆိုခဲ့သည္။ ကမၻာ့အသိုက္အဝန္းကလည္း ေျမာက္ကိုရီး ယား၏  ႏ်ဴကလီးယားလက္နက္ စီမံကိန္းဆက္လက္အေကာင္အထည္ေဖာ္မႈမ်ားကို ျပင္းျပင္းထန္ ထန္ ႐ႈတ္ခ်ခဲ့သည္။ ထိုအခ်ိန္တြင္ ေျမာက္ကိုရီးယား၏ ကာလရွည္ ၾကာ လက္တြဲခဲ့သည့္ စစ္ေရးမဟာမိတ္တ႐ုတ္က
ေျမာက္ကိုရီးယားကို အေရးယူပိတ္ဆို႔မႈမ်ား ျမႇင့္တင္မည့္ အစီအစဥ္ကို ကန္႔ကြက္ခဲ့ သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔မႈမ်ားျမႇင့္တင္ၿပီး ကမၻာ့အသိုက္အဝန္းႏွင့္ ပိုမိုကင္းကြာသြားေအာင္ တြန္းအားေပးျခင္း သည္ မွန္ကန္သည့္ အေျဖမဟုတ္ ဟု ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး
ဖူမီ ယိုကီရွီဒါႏွင့္ ေတြ႕ဆံုခ်ိန္တြင္ ေျပာၾကားခဲ့သည္။ ၎က ေျမာက္ကို ရီးယားကို ကုလသမဂၢေဆြးေႏြးပြဲမ်ားသို႔ ျပန္လည္ဆြဲေဆာင္ ေခၚယူလာရန္ ပိုမိုသင့္ေတာ္လိမ့္မည္ဟုလည္း ဆိုသည္။ တ႐ုတ္သည္ မူအားျဖင့္
ေျမာက္ကိုရီးယားကို ဆက္လက္ေထာက္ခံသည့္ သေဘာတရားမ်ိဳး ျပသခဲ့ေသာ္ လည္း ကင္မ္၏ ႏ်ဴကလီးယား လက္နက္ႏုိင္ငံထူေထာင္ေရး ရည္မွန္းခ်က္မ်ားႏွင့္ ပတ္သက္၍ မဟာမိတ္ႏွစ္ႏုိင္ငံၾကား ဆက္ဆံေရး
ေအးခဲလာမႈမွာမူ ဖံုးကြယ္၍ မရ သည့္ အရွိတရားျဖစ္လာသည္။

ယခုအခါ ႏ်ဴကလီးယား လက္နက္စမ္းသပ္မႈမ်ားႏွင့္ ဆက္ႏႊယ္ၿပီး ေနာက္ကြယ္မွ ေငြေၾကးေထာက္ပံ့ေနေၾကာင္း စြပ္စြဲခ်က္ မ်ားအတြက္ ေျမာက္ကိုရီးယား ဘဏ္တစ္ခုကို တ႐ုတ္အာဏာပိုင္မ်ားက စတင္စစ္ေဆးေန ေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။ ကြမ္ဆြန္းဘဏ္လုပ္ ငန္းေကာ္ပိုေရးရွင္းသည္ ေျမာက္ ကိုရီးယားအစိုးရ၏ ႏ်ဴကလီးယား လက္နက္စီမံကိန္းမ်ားတြင္ ေငြ ေၾကးေထာက္ပံ့ေနေၾကာင္း ယူဆရသျဖင့္ တ႐ုတ္အစိုးရ တာဝန္ရွိသူမ်ားက စံုစမ္းမႈမ်ား ျပဳလုပ္ေန ျခင္းဟု သိရသည္။

ကုလသမဂၢ၏ မတ္လအ တြင္း ပိတ္ပင္မႈမ်ားအရ ကြမ္ဆြန္းဘဏ္လုပ္ငန္းကို ပိတ္ပစ္ရမည္ျဖစ္သည္။ သို႔ေသာ္ ေျမာက္ကိုရီး ယားႏွင့္ တ႐ုတ္တို႔ၾကား နယ္ျခားၿမိဳ႕ ဒန္ေဒါင္းတြင္ ဘဏ္ဆက္ ဖြင့္ထားၿပီး သိုသိုဝွက္ဝွက္လည္  ပတ္ေနဆဲဟု ေကာလာဟလမ်ား ထြက္ေပၚခဲ့သည္။ တ႐ုတ္သည္ ေျမာက္ကိုရီးယားကို သံတမန္ ေရးရာ အေထာက္အပံ့မ်ား ႏွစ္ရွည္လမ်ား ပံ့ပိုးခဲ့ေသာ္လည္း ကြမ္ဆြန္းဘဏ္လုပ္ငန္းႏွင့္ ပတ္သက္၍ စစ္ေဆးမႈမ်ား
ျပဳလုပ္ေနသည္ ဆိုေသာ သတင္းမ်ားက ထိုႏွစ္ႏုိင္ငံ ၾကား အက္ေၾကာင္းထင္လာမႈကို ျမင္သာေစခဲ့သည္။

ကင္မ္၏ ႏ်ဴကလီးယားလက္နက္နည္းပညာ အလိုရမၼက္ႀကီးမႈ ႏွင့္ ပတ္သက္၍ ေျမာက္ကိုရီးယားအတြက္ မဟာမိတ္မ်ား ဆံုး ႐ံႈးရမႈမွာ တ႐ုတ္တစ္ႏုိင္ငံတည္း မဟုတ္ေခ်။ ႐ုရွားသည္ ၿပီးခဲ့သည့္လပိုင္းမ်ားအတြင္း ေျမာက္ကိုရီး ယားကို ႏုိင္ငံတကာအလယ္တြင္ ေထာက္ခံရပ္တည္ရန္ သိသိ သာသာလက္ေရွာင္လာသည္။ စစ္ေအးေခတ္က ေျမာက္ကိုရီးယား၏ လက္တြဲေဖာ္မ်ားအသြင္ ရပ္တည္ခဲ့သည့္ ပိုလန္၊ မြန္ဂိုလီးယား တို႔သည္လည္း
ေျမာက္ကိုရီးယား အေပၚ ဆန္႔က်င္မႈမ်ားထင္ထင္ ရွားရွား ျပသလာခဲ့သည္။

ပိုလန္ႏွင့္ မြန္ဂိုလီးယား တို႔သည္ ေျမာက္ကိုရီးယားႏုိင္ငံသားမ်ား ဗီဇာအလြတ္ျဖင့္ လာေရာက္လည္ပတ္ခြင့္ကို ႐ုပ္သိမ္းခဲ့သလို ဆက္ဆံေရး ပိုမိုေအးစက္ သည့္ အရိပ္အေငြ႕မ်ားကို နည္း လမ္းမ်ိဳးစံုျဖင့္ ျပသေနသည္။ ယခင္ကတည္းက အထီးက်န္ခဲ့ သည့္ ေျမာက္ကိုရီးယားသည္ ကင္မ္၏ ႏ်ဴကလီးယားရည္မွန္း ခ်က္မ်ားေၾကာင့္ ယခုအခါပိုမို၍ အေဖာ္မဲ့လာသည့္ သေဘာလည္း ျဖစ္သည္။

ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ေတာင္ကိုရီးယားႏုိင္ငံျခားေရးဝန္ႀကီး သံေရးတမန္ေရးအရ ေျဗာင္က်လြန္းသည့္ စံႏႈန္းမ်ိဳးျဖင့္ စကားတစ္ခြန္း ေျပာခဲ့သည္။ ဝန္ ႀကီး ဟန္မင္ကူးက အကယ္၍ ေတာင္ကိုရီးယား၏ လံုၿခံဳေရးကို ၿခိမ္းေျခာက္လာသည္ဟု ခံစားရ ပါက ကင္မ္ကို သြားေရာက္ လုပ္ႀကံရန္ အထူးတပ္ဖြဲ႕မ်ား ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ လႊတ္ေတာ္တြင္ အမတ္ တစ္ဦးက အစိုးရအေနျဖင့္ ကင္မ္၏ ၿခိမ္းေျခာက္မႈကို အဆံုးစြန္ ေသာ နည္းလမ္းျဖင့္ ေျဖရွင္းတံု႔ ျပန္ရန္ အစီအစဥ္ရွိ၊ မရွိ ေမးျမန္းရာဝန္ႀကီးက ‘‘ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ လိုအပ္ရင္ အထူးတပ္ဖဲြ႕ေတြ ေစလႊတ္ၿပီး ရန္သူ႔ေခါင္း ေဆာင္ကို လုပ္ႀကံဖုိ႔ ျပင္ဆင္ထားပါတယ္။ ၿပီးေတာ့ ရန္သူ႔လက္နက္တိုက္ ဧရိယာေတြကို ပစ္မွတ္ထားဖ်က္ ဆီးဖို႔လည္း အစီအစဥ္ေတြ ရွိၿပီးသားပါ’’ ဟု ေျဖၾကားသြား သည္။

ႏိုင္ငံတစ္ႏိုင္ငံ၏ ေခါင္း ေဆာင္ကို လုပ္ႀကံသတ္ျဖတ္ရန္ စီမံကိန္းတစ္ရပ္ကို လူသိရွင္ၾကားထုတ္ေျပာမႈသည္ သံတမန္ေရးရာ စည္းမ်ဥ္းမ်ားအရ လက္ခံရန္ ခက္ခဲလြန္းေသာ၊ ေဘာင္ေက်ာ္ေသာ ခ်ဥ္းကပ္မႈတစ္ခုအေနျဖင့္
ႁခြင္းခ်က္မရွိ ယူဆႏုိင္သည္။ သို႔ေသာ္ ေတာင္ကိုရီးယား ကာကြယ္ေရး ဝန္ႀကီး၏ မွတ္ခ်က္အေပၚ မည္ သည့္ႏုိင္ငံကမွ် ျပင္းျပင္းထန္ထန္ ေဝဖန္ေထာက္ျပမႈ မရွိခဲ့။ ယုတ္စြအဆံုး ေျမာက္ကိုရီးယား၏ မဟာမိတ္ႏိုင္ငံမ်ား
ကပင္ မသိက်ိဳးကြၽန္ျပဳေနသည္။ ထုိအေျခအေနက ကင္မ္အေနျဖင့္ ၎၏ႏုိင္ငံကို ပိုမို၍ အထီးက်န္အေဖာ္မဲ့လာ ေအာင္ တြန္းပို႔ေနမွန္း ထင္ရွား သည့္ အေထာက္အထားတစ္ရပ္ သဖြယ္ ျဖစ္လာခဲ့သည္။

ကမၻာ့အလယ္တြင္ လက္တြဲေဖာ္မ်ား ရွားပါးေျခာက္ကပ္လာ ျခင္းသည္ ေျမာက္ကိုရီးယားအစိုး ရအတြက္ အခက္အခဲမ်ားစြာကို ေပၚေပါက္လာေစသည္။ ႏွစ္ ေပါင္းမ်ားစြာ ႀကံဳေတြ႕ေနသည့္ အေရးယူ ပိတ္ဆို႔မႈမ်ားေၾကာင့္ ကုန္သြယ္ေရး၊ စီးပြားေရးက႑ တြင္ အက်ပ္႐ိုက္လာသည္။ ရလဒ္အေနျဖင့္ ေျမာက္ကိုရီးယားစီးပြား ေရးမွာ ေဘးက်ပ္နံက်ပ္အေျခ အေနမ်ားစြာ ေပၚလာေၾကာင္း ဟားဗတ္ႏွင့္ မက္ဆာခ်ဴးဆက္ နည္းပညာတကၠသိုလ္မ်ားမွ
ေလ့လာသူမ်ားက ေျပာၾကားခဲ့သည္။

တစ္ဖက္တြင္ ေတာင္ကိုရီးယားက ကင္မ္၏ စစ္ဘီလူးဆန္ေသာ ပံုရိပ္ကို ပိုမိုေပၚလြင္လာ ေအာင္ ေျမာက္ကိုရီးယား၏ လက္ က်န္မဟာမိတ္အစိုးရမ်ားထံ ႐ုပ္လံုးေဖာ္ ဝါဒျဖန္႔လာခဲ့သည္။ တစ္ခ်ိန္တည္းတြင္ပင္ အေမရိကန္
ေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔ကေျမာက္ကိုရီးယား၏ ၿခိမ္းေျခာက္ မႈကို တိုက္႐ိုက္က်ေသာ နည္းလမ္းမ်ိဳးျဖင့္ တံု႔ျပန္ကိုင္တြယ္လာ သည္။

ေျမာက္ကိုရီးယား အစိုးရမီဒီယာမ်ားက ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ဒံုးက်ည္အင္ဂ်င္ နည္းပညာသစ္တစ္မ်ိဳးကို ေျမျပင္အေျခစိုက္စမ္းသပ္မႈမ်ား ေအာင္ ျမင္စြာ လုပ္ေဆာင္ႏုိင္ခဲ့ေၾကာင္း ေၾကညာသည္။ ခ်က္ခ်င္းလိုလိုပင္ အေမရိကန္ေလတပ္၏ မဟာဗ်ဴဟာေျမာက္ B-1 ဗံုးႀကဲေလ ယာဥ္ႀကီးမ်ားက ကိုရီးယားႏွစ္ ႏုိင္ငံၾကား စစ္မဲ့ဇုန္အနီးတြင္ခပ္နိမ့္နိမ့္ပ်ံကာ အင္အားျပခဲ့ သည္။ ယခုသီတင္းပတ္ အေစာပိုင္းတြင္လည္း ကိုရီးယားကြၽန္းဆြယ္ အေရွ႕ဘက္ဂ်ပန္ပင္လယ္ ျပင္တြင္ ႏွစ္ႏုိင္ငံမဟာမိတ္ ေရတပ္မ်ား စုေပါင္း၍ စစ္ေရးေလ့ က်င့္ခဲ့သည္။

ေျမာက္ကိုရီးယားအေနျဖင့္ အနီးကပ္ရန္သူမ်ားႏွင့္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနခ်ိန္တြင္ ကမၻာ့ အလယ္၌ အားကိုးစရာ လက္တြဲ ေဖာ္မ်ိဳးရွာ၍ မရႏုိင္ေတာ့သည့္ သေဘာလည္း ျဖစ္သည္။ ‘‘ေျမာက္ကိုရီးယားရဲ႕ သက္တမ္းရွည္
မဟာမိတ္ေတြက သူတို႔ရဲ႕ ဆက္ဆံေရးကို ျဖတ္ေတာက္လုိက္ၿပီဆိုရင္ ဘယ္လိုျဖစ္သြား မလဲ။ ေျမာက္ကိုရီးယားအေနနဲ႔ ႏိုင္ငံတကာကြန္ရက္ေတြကို ျဖန္႔ ၾကက္ဖို႔ ေနာက္ဆံုးလက္က်န္ အဆက္အသြယ္ေတြ လံုးဝဆိတ္ သုဥ္းသြားမယ့္ သေဘာပဲ’’ဟု ၿဗိတိန္ႏုိင္ငံ ေတာ္ဝင္ယူႏုိက္တက္ ပညာေရးဌာနမွ ႏ်ဴကလီးယား မူဝါဒပ႐ိုဂရမ္ဆိုင္ရာ လက္ ေထာက္ ၫႊန္ၾကားေရးမွဴး အင္ဒရီ ယာဘာဂါက သံုးသပ္ခဲ့သည္။

‘‘ေနာက္တစ္ခ်က္က ေျမာက္ကိုရီးယားရဲ႕ မိတ္ဖက္ႏုိင္ငံေတြ ဟာ ၿပံဳယမ္းနဲ႔ ေရရွည္ဆက္ႏႊယ္ ေနသေရြ႕ ေတာင္ကိုရီးယားနဲ႔ ကုန္သြယ္ေရးက႑ ပိုၿပီးနက္နက္႐ိႈင္း႐ိႈင္းျမႇင့္တင္ဖုိ႔ လက္ေတြ႕ က်က်ေမွ်ာ္လင့္လုိ႔ မရဘူးဆိုတာ အေသအခ်ာသေဘာေပါက္ လာၾကပါၿပီ’’ဟုလည္း ၎က ေျပာၾကားခဲ့သည္။

ဥပမာအေနျဖင့္ ေျမာက္ ကိုရီးယားႏွင့္ ႏွစ္ရွည္လမ်ား ကုန္သြယ္မႈဆက္ဆံေရး တည္ေထာင္ ခဲ့သည့္ အင္ဂိုလာသည္ ယခုအခါ အာရွအေရွ႕ေျမာက္ပိုင္းရွိ ကြန္ျမဴနစ္ ႏုိင္ငံႏွင့္ စီးပြားေရး၊ ကုန္သြယ္ေရးဆိုင္ရာ ဆက္ဆံမႈ အားလံုးကို ရပ္ဆိုင္းလိုက္ၿပီ ျဖစ္သည္။ ထို႔အျပင္ မတ္လအတြင္း ကုလသမဂၢ၏ ပိတ္ဆို႔မႈအသစ္မ်ား ျပ႒ာန္း  ၿပီးကတည္းက အင္ဂိုလာတြင္ ေျမာက္ကိုရီးယားကုမၸဏီမ်ား အေျခစိုက္ခြင့္ကိုလည္း တားဆီး လိုက္သည္။

တစ္ဖက္တြင္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ေျမာက္ကို ရီးယား၏ ဝင္ေငြရင္းျမစ္ တစ္ခုျဖစ္သည့္ ေစ်းေပါေသာ အလုပ္သမားမ်ားႏွင့္ ပတ္သက္၍ ပိုမိုတားျမစ္ကန္႔သတ္ရန္ ဖိအားေပးလာသည္။ ေျမာက္ကိုရီးယား အလုပ္သမားမ်ားသည္ ႏွစ္စဥ္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံမွ ၂ ဒသမ ၃ ဘီလီယံၾကားမွ် ႏိုင္ငံဝင္ေငြကို ရွာေဖြေထာက္ပံ့ေပးေနသည္ဟု ကုလသမဂၢ စစ္တမ္းတစ္ခုတြင္ ေဖာ္ျပဖူးသည္။ ပိုလန္သည္ ေျမာက္ကိုရီးယား
အလုပ္သမား ၈၀၀ မွ်ကို လက္ခံထားသည့္ ႏုိင္ငံျဖစ္သည္။ သို႔ေသာ္ယခုႏွစ္ကုန္ပိုင္း တြင္ ၎တို႔၏ ဗီဇာကို သက္တမ္းတိုးမေပးဘဲ ေနရပ္ျပန္လႊတ္ေတာ့ မည္ဟု အတည္ျပဳထားသည္။

ေျမာက္ကိုရီးယား၏ ကုန္သြယ္ေရး ဆံုမွတ္တစ္ေနရာျဖစ္ သည့္ စင္ကာပူတြင္လည္း ဗီဇာ စည္းမ်ဥ္းမ်ားကို လာမည့္လမွစ၍ ပိုမိုၾကပ္မတ္သြားေတာ့မည္ဟု သိရသည္။ အဘက္ဘက္မွ ဝိုင္းဝန္းပိတ္ဆို႔လာသည့္ အေျခအေန
မ်ားေၾကာင့္ ေျမာက္ကိုရီးယားသည္ စီးပြားေရးက႑တြင္ အိမ္နီးခ်င္း တ႐ုတ္ကို ပိုမိုမွီခိုရန္ လိုအပ္လာသည္။ သို႔ေသာ္ တ႐ုတ္ကိုယ္တိုင္ ကလည္း ႏ်ဴကလီးယားလက္နက္ နည္းပညာ အေရးႏွင့္ ပတ္သက္ၿပီး ကင္မ္၏ အစိုးရအေပၚ အျမင္မ ၾကည္ခ်င္ေတာ့ေခ်။

ကုလသမဂၢ၏ အေရးယူမႈအသစ္မ်ားအရ ေျမာက္ကိုရီး ယား၏ ကုန္တင္သေဘၤာမ်ားကို ႏိုင္ငံအေတာ္မ်ားမ်ားက မွတ္ပံု တင္ခြင့္ မေပးေတာ့ေခ်။ အခ်ိဳ႕ေသာသေဘၤာမ်ားသည္ တရားမဝင္ကုန္စည္မ်ား တင္ေဆာင္လာသည္ဟု စြပ္စြဲခ်က္မ်ားေၾကာင့္ ႏုိင္ငံတကာ ကုမၸဏီမ်ားက လက္သင့္ခံရန္ ျငင္းဆိုေနၾကျခင္း ျဖစ္သည္။ အခ်ိဳ႕ေသာ သေဘၤာမ်ားသည္ သက္ဆိုင္ရာႏိုင္ငံ၏ေရျပင္ပိုင္နက္တြင္ ေျမာက္ကိုရီး ယားအလံကို ခ်ထားရသည့္ အေျခအေနမ်ားပင္ ရွိေနၿပီျဖစ္သည္။

ပိတ္ဆို႔မႈမ်ား တင္းက်ပ္လာ သည့္တိုင္ ကင္မ္ကမူ ဆက္လက္ေခါင္းမာေနဆဲ ျဖစ္သည္။ ေတာင္ ကိုရီးယားေထာက္လွမ္းေရး အရာရွိမ်ားက ကင္မ္၏ အစိုးရလက္ ထက္တြင္ ေျမာက္ကိုရီးယားအေန ျဖင့္   ႏ်ဴကလီးယား
လက္နက္မ်ား ပိုင္ဆိုင္ေရးကို ယခင္ကထက္ပင္ အရွိန္ျမႇင့္ အေကာင္အထည္ေဖာ္လာဟန္ရွိေနေၾကာင္း မွတ္ခ်က္ေပးထားသည္။ ထိုအေျခအေန ကပင္ ေျမာက္ကိုရီးယားကို ႏုိင္ငံတကာ အသိုက္အဝန္းႏွင့္ ပိုမိုကင္းကြာေအာင္ တြန္းပို႔လ်က္ရွိသည္။

‘‘ေသခ်ာတာကေတာ့ ဘက္ ေပါင္းစံုက ဝန္းရံပိတ္ဆို႔မႈေတြဟာ ေျမာက္ကိုရီးယားအစိုးရအတြက္စိတ္ဓာတ္ေရးရာ အႀကီးအက်ယ္ဖိအားေပး ထိုးႏွက္ေနမွာပါပဲ။ ဒါေပမဲ့ ေျမာက္ကိုရီးယား အစိုးရ ဟာ ရာဇဝတ္ဂိုဏ္း တစ္ခု လိုမ်ိဳးပါ။ စိတ္ဓာတ္ေရးရာ ဖိအားေပးမႈမ်ိဳးေလာက္နဲ႔ေတာ့ သူတို႔ကိုအႀကီးအက်ယ္ တုန္လႈပ္လာေအာင္ လုပ္ေဆာင္ဖုိ႔ ခက္ခဲပါလိမ့္မယ္’’ဟု ဆိုးလ္ၿမိဳ႕ အမ်ိဳးသားတကၠသိုလ္ရွိ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ ျမတ္ေရးဌာနမွ ဦးေဆာင္သုေတသီ ခ်န္ယြန္ဆြတ္ခ္က မွတ္ခ်က္ ျပဳသြားသည္။
ကင္မ္ဂ်ံဳအန္ အေနျဖင့္ ႏိုင္ငံတကာ ဖိအားေပးမႈ၊ ေဝဖန္မႈမ်ားကို ထီမထင္ဟန္ျဖင့္  ႏ်ဴကလီးယားလက္နက္ႏွင့္ တိုက္ခ်င္းပစ္ ဒံုးက်ည္စမ္းသပ္မႈမ်ားကို ဆက္တိုက္ အရွိန္ျမႇင့္ ေဆာင္ရြက္ေနဆဲျဖစ္သည္။ သို႔ေသာ္ ၎၏အစိုးရ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ကင်မ်ဂျုံအန် အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှု၊ ဝေဖန်မှုများကို ထီမထင်ဟန်ဖြင့်  နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက် အရှိန်မြှင့် ဆောင်ရွက်နေဆဲဖြစ်သည်။ သို့သော် ၎င်း၏အစိုးရ
ဦးဆောင်နေသည့် မြောက်ကိုရီးယားသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ကင်းကွာသထက် ကင်းကွာ လာသလို ရှားရှားပါးပါး မဟာမိတ် အချို့၏ စွန့်ခွာကျောခိုင်းမှုနှင့်ပါ ဆက်တိုက် ကြုံနေရပြီ ဖြစ်သည်။


ယခုလ အစောပိုင်းက မြောက်ကိုရီးယားသည် နိုင်ငံ သမိုင်းတွင် ပဉ္စမမြောက်နှင့် အားအပြင်းဆုံးနျူကလီးယားဗုံး စမ်း သပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ကင်မ်၏ အစိုးရမီဒီယာများက အဆိုပါစမ်းသပ်မှုမှာ အောင်မြင်သည့် လက်နက်နည်းပညာ မြှင့်တင်မှု တစ်ခုအဖြစ် ညွှန်းဆိုခဲ့သလို မိမိတို့သည် နျူကလီးယားထိပ်ဖူးများကို တိုက်ချင်းပစ် ဒုံးကျည်များတွင် တပ်ဆင်နိုင်စွမ်းရှိလာပြီဟု လည်း ကြေညာသည်။

အကျိုးဆက်အနေဖြင့် အမေ ရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားကို ပိုမိုပြင်းထန် စွာ ပိတ်ဆို့အရေးယူရန် ကုလသ မဂ္ဂလုံခြုံရေး ညီလာခံသို့ တင်ပြတောင်းဆိုခဲ့သည်။ ကမ္ဘာ့အသိုက်အဝန်းကလည်း မြောက်ကိုရီး ယား၏  နျူကလီးယားလက်နက် စီမံကိန်းဆက်လက်အကောင်အထည်ဖော်မှုများကို ပြင်းပြင်းထန် ထန် ရှုတ်ချခဲ့သည်။ ထိုအချိန်တွင် မြောက်ကိုရီးယား၏ ကာလရှည် ကြာ လက်တွဲခဲ့သည့် စစ်ရေးမဟာမိတ်တရုတ်က
မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုများ မြှင့်တင်မည့် အစီအစဉ်ကို ကန့်ကွက်ခဲ့ သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများမြှင့်တင်ပြီး ကမ္ဘာ့အသိုက်အဝန်းနှင့် ပိုမိုကင်းကွာသွားအောင် တွန်းအားပေးခြင်း သည် မှန်ကန်သည့် အဖြေမဟုတ် ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ဖူမီ ယိုကီရှီဒါနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။ ၎င်းက မြောက်ကို ရီးယားကို ကုလသမဂ္ဂဆွေးနွေးပွဲများသို့ ပြန်လည်ဆွဲဆောင် ခေါ်ယူလာရန် ပိုမိုသင့်တော်လိမ့်မည်ဟုလည်း ဆိုသည်။ တရုတ်သည် မူအားဖြင့်
မြောက်ကိုရီးယားကို ဆက်လက်ထောက်ခံသည့် သဘောတရားမျိုး ပြသခဲ့သော် လည်း ကင်မ်၏ နျူကလီးယား လက်နက်နိုင်ငံထူထောင်ရေး ရည်မှန်းချက်များနှင့် ပတ်သက်၍ မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေး
အေးခဲလာမှုမှာမူ ဖုံးကွယ်၍ မရ သည့် အရှိတရားဖြစ်လာသည်။

ယခုအခါ နျူကလီးယား လက်နက်စမ်းသပ်မှုများနှင့် ဆက်နွှယ်ပြီး နောက်ကွယ်မှ ငွေကြေးထောက်ပံ့နေကြောင်း စွပ်စွဲချက် များအတွက် မြောက်ကိုရီးယား ဘဏ်တစ်ခုကို တရုတ်အာဏာပိုင်များက စတင်စစ်ဆေးနေ ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ကွမ်ဆွန်းဘဏ်လုပ် ငန်းကော်ပိုရေးရှင်းသည် မြောက် ကိုရီးယားအစိုးရ၏ နျူကလီးယား လက်နက်စီမံကိန်းများတွင် ငွေ ကြေးထောက်ပံ့နေကြောင်း ယူဆရသဖြင့် တရုတ်အစိုးရ တာဝန်ရှိသူများက စုံစမ်းမှုများ ပြုလုပ်နေ ခြင်းဟု သိရသည်။

ကုလသမဂ္ဂ၏ မတ်လအ တွင်း ပိတ်ပင်မှုများအရ ကွမ်ဆွန်းဘဏ်လုပ်ငန်းကို ပိတ်ပစ်ရမည်ဖြစ်သည်။ သို့သော် မြောက်ကိုရီး ယားနှင့် တရုတ်တို့ကြား နယ်ခြားမြို့ ဒန်ဒေါင်းတွင် ဘဏ်ဆက် ဖွင့်ထားပြီး သိုသိုဝှက်ဝှက်လည်  ပတ်နေဆဲဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယားကို သံတမန် ရေးရာ အထောက်အပံ့များ နှစ်ရှည်လများ ပံ့ပိုးခဲ့သော်လည်း ကွမ်ဆွန်းဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ စစ်ဆေးမှုများ
ပြုလုပ်နေသည် ဆိုသော သတင်းများက ထိုနှစ်နိုင်ငံ ကြား အက်ကြောင်းထင်လာမှုကို မြင်သာစေခဲ့သည်။

ကင်မ်၏ နျူကလီးယားလက်နက်နည်းပညာ အလိုရမ္မက်ကြီးမှု နှင့် ပတ်သက်၍ မြောက်ကိုရီးယားအတွက် မဟာမိတ်များ ဆုံး ရှုံးရမှုမှာ တရုတ်တစ်နိုင်ငံတည်း မဟုတ်ချေ။ ရုရှားသည် ပြီးခဲ့သည့်လပိုင်းများအတွင်း မြောက်ကိုရီး ယားကို နိုင်ငံတကာအလယ်တွင် ထောက်ခံရပ်တည်ရန် သိသိ သာသာလက်ရှောင်လာသည်။ စစ်အေးခေတ်က မြောက်ကိုရီးယား၏ လက်တွဲဖော်များအသွင် ရပ်တည်ခဲ့သည့် ပိုလန်၊ မွန်ဂိုလီးယား တို့သည်လည်း
မြောက်ကိုရီးယား အပေါ် ဆန့်ကျင်မှုများထင်ထင် ရှားရှား ပြသလာခဲ့သည်။

ပိုလန်နှင့် မွန်ဂိုလီးယား တို့သည် မြောက်ကိုရီးယားနိုင်ငံသားများ ဗီဇာအလွတ်ဖြင့် လာရောက်လည်ပတ်ခွင့်ကို ရုပ်သိမ်းခဲ့သလို ဆက်ဆံရေး ပိုမိုအေးစက် သည့် အရိပ်အငွေ့များကို နည်း လမ်းမျိုးစုံဖြင့် ပြသနေသည်။ ယခင်ကတည်းက အထီးကျန်ခဲ့ သည့် မြောက်ကိုရီးယားသည် ကင်မ်၏ နျူကလီးယားရည်မှန်း ချက်များကြောင့် ယခုအခါပိုမို၍ အဖော်မဲ့လာသည့် သဘောလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး သံရေးတမန်ရေးအရ ဗြောင်ကျလွန်းသည့် စံနှုန်းမျိုးဖြင့် စကားတစ်ခွန်း ပြောခဲ့သည်။ ဝန် ကြီး ဟန်မင်ကူးက အကယ်၍ တောင်ကိုရီးယား၏ လုံခြုံရေးကို ခြိမ်းခြောက်လာသည်ဟု ခံစားရ ပါက ကင်မ်ကို သွားရောက် လုပ်ကြံရန် အထူးတပ်ဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လွှတ်တော်တွင် အမတ် တစ်ဦးက အစိုးရအနေဖြင့် ကင်မ်၏ ခြိမ်းခြောက်မှုကို အဆုံးစွန် သော နည်းလမ်းဖြင့် ဖြေရှင်းတုံ့ ပြန်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာဝန်ကြီးက ‘‘ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ လိုအပ်ရင် အထူးတပ်ဖွဲ့တွေ စေလွှတ်ပြီး ရန်သူ့ခေါင်း ဆောင်ကို လုပ်ကြံဖို့ ပြင်ဆင်ထားပါတယ်။ ပြီးတော့ ရန်သူ့လက်နက်တိုက် ဧရိယာတွေကို ပစ်မှတ်ထားဖျက် ဆီးဖို့လည်း အစီအစဉ်တွေ ရှိပြီးသားပါ’’ ဟု ဖြေကြားသွား သည်။

နိုင်ငံတစ်နိုင်ငံ၏ ခေါင်း ဆောင်ကို လုပ်ကြံသတ်ဖြတ်ရန် စီမံကိန်းတစ်ရပ်ကို လူသိရှင်ကြားထုတ်ပြောမှုသည် သံတမန်ရေးရာ စည်းမျဉ်းများအရ လက်ခံရန် ခက်ခဲလွန်းသော၊ ဘောင်ကျော်သော ချဉ်းကပ်မှုတစ်ခုအနေဖြင့်
ခြွင်းချက်မရှိ ယူဆနိုင်သည်။ သို့သော် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး၏ မှတ်ချက်အပေါ် မည် သည့်နိုင်ငံကမျှ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြမှု မရှိခဲ့။ ယုတ်စွအဆုံး မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံများ
ကပင် မသိကျိုးကျွန်ပြုနေသည်။ ထိုအခြေအနေက ကင်မ်အနေဖြင့် ၎င်း၏နိုင်ငံကို ပိုမို၍ အထီးကျန်အဖော်မဲ့လာ အောင် တွန်းပို့နေမှန်း ထင်ရှား သည့် အထောက်အထားတစ်ရပ် သဖွယ် ဖြစ်လာခဲ့သည်။

ကမ္ဘာ့အလယ်တွင် လက်တွဲဖော်များ ရှားပါးခြောက်ကပ်လာ ခြင်းသည် မြောက်ကိုရီးယားအစိုး ရအတွက် အခက်အခဲများစွာကို ပေါ်ပေါက်လာစေသည်။ နှစ် ပေါင်းများစွာ ကြုံတွေ့နေသည့် အရေးယူ ပိတ်ဆို့မှုများကြောင့် ကုန်သွယ်ရေး၊ စီးပွားရေးကဏ္ဍ တွင် အကျပ်ရိုက်လာသည်။ ရလဒ်အနေဖြင့် မြောက်ကိုရီးယားစီးပွား ရေးမှာ ဘေးကျပ်နံကျပ်အခြေ အနေများစွာ ပေါ်လာကြောင်း ဟားဗတ်နှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်များမှ
လေ့လာသူများက ပြောကြားခဲ့သည်။

တစ်ဖက်တွင် တောင်ကိုရီးယားက ကင်မ်၏ စစ်ဘီလူးဆန်သော ပုံရိပ်ကို ပိုမိုပေါ်လွင်လာ အောင် မြောက်ကိုရီးယား၏ လက် ကျန်မဟာမိတ်အစိုးရများထံ ရုပ်လုံးဖော် ဝါဒဖြန့်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်
တောင်ကိုရီးယားနှင့် ဂျပန်တို့ကမြောက်ကိုရီးယား၏ ခြိမ်းခြောက် မှုကို တိုက်ရိုက်ကျသော နည်းလမ်းမျိုးဖြင့် တုံ့ပြန်ကိုင်တွယ်လာ သည်။

မြောက်ကိုရီးယား အစိုးရမီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒုံးကျည်အင်ဂျင် နည်းပညာသစ်တစ်မျိုးကို မြေပြင်အခြေစိုက်စမ်းသပ်မှုများ အောင် မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ကြေညာသည်။ ချက်ချင်းလိုလိုပင် အမေရိကန်လေတပ်၏ မဟာဗျူဟာမြောက် B-1 ဗုံးကြဲလေ ယာဉ်ကြီးများက ကိုရီးယားနှစ် နိုင်ငံကြား စစ်မဲ့ဇုန်အနီးတွင်ခပ်နိမ့်နိမ့်ပျံကာ အင်အားပြခဲ့ သည်။ ယခုသီတင်းပတ် အစောပိုင်းတွင်လည်း ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ဂျပန်ပင်လယ် ပြင်တွင် နှစ်နိုင်ငံမဟာမိတ် ရေတပ်များ စုပေါင်း၍ စစ်ရေးလေ့ ကျင့်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် အနီးကပ်ရန်သူများနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ကမ္ဘာ့ အလယ်၌ အားကိုးစရာ လက်တွဲ ဖော်မျိုးရှာ၍ မရနိုင်တော့သည့် သဘောလည်း ဖြစ်သည်။ ‘‘မြောက်ကိုရီးယားရဲ့ သက်တမ်းရှည်
မဟာမိတ်တွေက သူတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီဆိုရင် ဘယ်လိုဖြစ်သွား မလဲ။ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာကွန်ရက်တွေကို ဖြန့် ကြက်ဖို့ နောက်ဆုံးလက်ကျန် အဆက်အသွယ်တွေ လုံးဝဆိတ် သုဉ်းသွားမယ့် သဘောပဲ’’ဟု ဗြိတိန်နိုင်ငံ တော်ဝင်ယူနိုက်တက် ပညာရေးဌာနမှ နျူကလီးယား မူဝါဒပရိုဂရမ်ဆိုင်ရာ လက် ထောက် ညွှန်ကြားရေးမှူး အင်ဒရီ ယာဘာဂါက သုံးသပ်ခဲ့သည်။

‘‘နောက်တစ်ချက်က မြောက်ကိုရီးယားရဲ့ မိတ်ဖက်နိုင်ငံတွေ ဟာ ပြုံယမ်းနဲ့ ရေရှည်ဆက်နွှယ် နေသရွေ့ တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးကဏ္ဍ ပိုပြီးနက်နက်ရှိုင်းရှိုင်းမြှင့်တင်ဖို့ လက်တွေ့ ကျကျမျှော်လင့်လို့ မရဘူးဆိုတာ အသေအချာသဘောပေါက် လာကြပါပြီ’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဥပမာအနေဖြင့် မြောက် ကိုရီးယားနှင့် နှစ်ရှည်လများ ကုန်သွယ်မှုဆက်ဆံရေး တည်ထောင် ခဲ့သည့် အင်ဂိုလာသည် ယခုအခါ အာရှအရှေ့မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ထို့အပြင် မတ်လအတွင်း ကုလသမဂ္ဂ၏ ပိတ်ဆို့မှုအသစ်များ ပြဋ္ဌာန်း  ပြီးကတည်းက အင်ဂိုလာတွင် မြောက်ကိုရီးယားကုမ္ပဏီများ အခြေစိုက်ခွင့်ကိုလည်း တားဆီး လိုက်သည်။

တစ်ဖက်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကို ရီးယား၏ ဝင်ငွေရင်းမြစ် တစ်ခုဖြစ်သည့် ဈေးပေါသော အလုပ်သမားများနှင့် ပတ်သက်၍ ပိုမိုတားမြစ်ကန့်သတ်ရန် ဖိအားပေးလာသည်။ မြောက်ကိုရီးယား အလုပ်သမားများသည် နှစ်စဉ် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမှ ၂ ဒသမ ၃ ဘီလီယံကြားမျှ နိုင်ငံဝင်ငွေကို ရှာဖွေထောက်ပံ့ပေးနေသည်ဟု ကုလသမဂ္ဂ စစ်တမ်းတစ်ခုတွင် ဖော်ပြဖူးသည်။ ပိုလန်သည် မြောက်ကိုရီးယား
အလုပ်သမား ၈၀၀ မျှကို လက်ခံထားသည့် နိုင်ငံဖြစ်သည်။ သို့သော်ယခုနှစ်ကုန်ပိုင်း တွင် ၎င်းတို့၏ ဗီဇာကို သက်တမ်းတိုးမပေးဘဲ နေရပ်ပြန်လွှတ်တော့ မည်ဟု အတည်ပြုထားသည်။

မြောက်ကိုရီးယား၏ ကုန်သွယ်ရေး ဆုံမှတ်တစ်နေရာဖြစ် သည့် စင်ကာပူတွင်လည်း ဗီဇာ စည်းမျဉ်းများကို လာမည့်လမှစ၍ ပိုမိုကြပ်မတ်သွားတော့မည်ဟု သိရသည်။ အဘက်ဘက်မှ ဝိုင်းဝန်းပိတ်ဆို့လာသည့် အခြေအနေ
များကြောင့် မြောက်ကိုရီးယားသည် စီးပွားရေးကဏ္ဍတွင် အိမ်နီးချင်း တရုတ်ကို ပိုမိုမှီခိုရန် လိုအပ်လာသည်။ သို့သော် တရုတ်ကိုယ်တိုင် ကလည်း နျူကလီးယားလက်နက် နည်းပညာ အရေးနှင့် ပတ်သက်ပြီး ကင်မ်၏ အစိုးရအပေါ် အမြင်မ ကြည်ချင်တော့ချေ။

ကုလသမဂ္ဂ၏ အရေးယူမှုအသစ်များအရ မြောက်ကိုရီး ယား၏ ကုန်တင်သင်္ဘောများကို နိုင်ငံအတော်များများက မှတ်ပုံ တင်ခွင့် မပေးတော့ချေ။ အချို့သောသင်္ဘောများသည် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည်ဟု စွပ်စွဲချက်များကြောင့် နိုင်ငံတကာ ကုမ္ပဏီများက လက်သင့်ခံရန် ငြင်းဆိုနေကြခြင်း ဖြစ်သည်။ အချို့သော သင်္ဘောများသည် သက်ဆိုင်ရာနိုင်ငံ၏ရေပြင်ပိုင်နက်တွင် မြောက်ကိုရီး ယားအလံကို ချထားရသည့် အခြေအနေများပင် ရှိနေပြီဖြစ်သည်။

ပိတ်ဆို့မှုများ တင်းကျပ်လာ သည့်တိုင် ကင်မ်ကမူ ဆက်လက်ခေါင်းမာနေဆဲ ဖြစ်သည်။ တောင် ကိုရီးယားထောက်လှမ်းရေး အရာရှိများက ကင်မ်၏ အစိုးရလက် ထက်တွင် မြောက်ကိုရီးယားအနေ ဖြင့်   နျူကလီးယား
လက်နက်များ ပိုင်ဆိုင်ရေးကို ယခင်ကထက်ပင် အရှိန်မြှင့် အကောင်အထည်ဖော်လာဟန်ရှိနေကြောင်း မှတ်ချက်ပေးထားသည်။ ထိုအခြေအနေ ကပင် မြောက်ကိုရီးယားကို နိုင်ငံတကာ အသိုက်အဝန်းနှင့် ပိုမိုကင်းကွာအောင် တွန်းပို့လျက်ရှိသည်။

‘‘သေချာတာကတော့ ဘက် ပေါင်းစုံက ဝန်းရံပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားအစိုးရအတွက်စိတ်ဓာတ်ရေးရာ အကြီးအကျယ်ဖိအားပေး ထိုးနှက်နေမှာပါပဲ။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရ ဟာ ရာဇဝတ်ဂိုဏ်း တစ်ခု လိုမျိုးပါ။ စိတ်ဓာတ်ရေးရာ ဖိအားပေးမှုမျိုးလောက်နဲ့တော့ သူတို့ကိုအကြီးအကျယ် တုန်လှုပ်လာအောင် လုပ်ဆောင်ဖို့ ခက်ခဲပါလိမ့်မယ်’’ဟု ဆိုးလ်မြို့ အမျိုးသားတက္ကသိုလ်ရှိ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့် မြတ်ရေးဌာနမှ ဦးဆောင်သုတေသီ ချန်ယွန်ဆွတ်ခ်က မှတ်ချက် ပြုသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top