Credit:Duwun
Unicode Version
မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေပေါ့။
သူဟာ သင့်ကို အမှိုက်သရိုက်လို ဆက်ဆံနေလျက်ကြားက သင်ဘာလို့ သူ့ကိုမှ သဘောကျတာလဲ။ သူတို့တွေမှာ မယုံနိုင်စရာ အရည်အချင်းတွေ ရှိနေလို့ပါပဲ။
၁။ သူတို့က သင့်ကို ဘယ်လို ကြိုးကိုင်ရမလဲဆိုတာ သိတယ်
သူတို့တွေက ဘယ်လိုအကြောင်းအရာမျိုးကို သင့်ကို ပြောရမယ်၊ ဘယ်လိုအရာမျိုးကို ပြောတာ သင်မကြိုက်ဘူးဆိုတာ ကောင်းကောင်းသိတယ်။ သူတို့က မိန်းမကျမ်းကျေနေသူတွေလေ။
၂။ ဆွဲဆောင်မှုကောင်းတဲ့ ရုပ်ရည်ရှိတယ်
အဆိုးဆုံးသူတွေက အမြဲတမ်း ဆွဲဆောင်မှုရှိတတ်ကြတယ်။ သူတို့ရဲ့ ရုပ်ရည်ကို အားကိုးနိုင်တဲ့အတွက် ပိုကြည့်ကောင်းအောင်လည်း လုပ်ထားကြတယ်။ ချောမောပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို မစွဲမက်ဘဲ ဘယ်သူနေနိုင်မှာလဲ။
၃။ ဆိုးတာက သင်လို့ ခံစားရအောင် သူတို့ လုပ်တတ်တယ်
ပြဿနာတစ်ခု ဖြစ်လာရင် သင်ကပဲ ဆိုးနေသလိုဖြစ်အောင် သူတို့ လုပ်နိုင်တယ်။ အဲဒီတော့ သူက မှန်ပြီး ငါကပဲ မယုံသင်္ကာစိတ်တွေများနေလား၊ ငါကပဲ ဆိုးသွမ်းနေသလားဆိုပြီး သင့်မှာ ထင်ယောင်ထင်မှားဖြစ်ရော။
၄။ သူတို့တွေက ကျွမ်းကျင် လူလိမ်တွေ
သူသာလျှင် သင့်ရဲ့ အိပ်မက်ထဲကချစ်သူလို့ ထင်အောင် လုပ်တတ်တယ်။ သူတို့တွေက သင်ဘာကြားချင်တယ်၊ ဘာမကြားချင်ဘူးဆိုတာ ကောင်းကောင်းသိတယ်လေ။ အားလုံးက လိမ်နေတာချည်းပဲ။ ဒါပေမဲ့ သင်ကတော့ သူပြောသမျှကို ယုံကြည်မိလိမ့်မယ်။
၅။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတယ်
တကယ်တော့ သူတို့က ဘဝင်မြင့်နေတာပါ။ သူတို့က အရာရာပြည့်စုံနေသူလို ပြုမူလိမ့်မယ်။ သင်ကလည်း အဲဒါကို တကယ်ထင်တယ်။
၆။ သူတို့က စကားပြောကောင်းသူတွေ
သူတို့နဲ့ စကားပြောတဲ့အချိန်မှာ သင့်အနေနဲ့ အဆင်ပြေလိုက်တာလို့ ခံစားရလိမ့်မယ်။ သူတို့က စကားဝိုင်းတစ်ခုကို ဘယ်လိုထိန်းရမယ်ဆိုတာ ကောင်းကောင်းသိသူတွေလေ။
၇။ သင်သာလျှင် သာလွန်ကောင်းမွန်သူလို့ ခံစားရအောင် သူတို့ လုပ်တတ်တယ်
ကမ္ဘာပေါ်က မိန်းမအားလုံးထဲကမှ သင့်ကိုပဲ သူက ရွေးချယ်ခဲ့တယ်ပေါ့။ တခြားသူတွေရဲ့ မကောင်းကြောင်းတွေကို သူပြောနေတာ ကြားချိန်မှာ သင့်ကိုသာ သူအကောင်းမြင်တယ်ဆိုပြီး သင်ပျော်ရွှင်နေလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
»
လူမှု့ဘဝ
» အကျင့်မကောင်းတဲ့ ယောက်ျားတွေက ဆွဲဆောင်မှုအရှိဆုံးသူတွေ ဖြစ်ရတဲ့ အကြောင်းရင်း (၇) ခု
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။