Kantharyar Centre
×









#Unicode Version

ဧရာမထရပ်ကားကြီးတွေကို ထိန်းချုပ်မောင်းနှင်နိုင်ဖို့ဆိုတာက အမျိုးသားယာဉ်မောင်းတွေတောင် အထူးသတိထား မောင်းနှင်မှု ပြုလုပ်ရပါတယ်။ မြင်းကောင်ရေအားကြီးကြီးနဲ့ အလေးချိန်များစွာ ရှိတဲ့အတွက်ကြောင့်မို့လို့ သာမန်ကားအမျိုးအစားတွေ မောင်းနှင်မှု ထက်စာရင် ပိုပြီးတော့ အခက်အခဲရှိနိုင်ပါတယ်။


ဒါပေမဲ့ အမေရိကန် ထရပ်ကားမောင်းသူ အမျိုးသမီး လီဆာကယ် လီကတော့ ထရပ်ကားမောင်းသူ မိန်းကလေးတွေထဲက ချစ်စရာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ နူးညံ့ပြီး ပျော့ပျောင်းတဲ့ မိန်းက လေးတစ်ယောက်က ဒီလိုကြမ်းတမ်းပြီး ခက်ခဲလွန်းတဲ့ ထရပ်ကား ကြီးတွေကို ထိန်းချုပ်မောင်းနှင်နိုင်တယ်ဆိုတာ တကယ့်ကို အံ့မ ခန်းစရာပါပဲ။


ရေခဲတွေခဲပြီး ဆီးနှင်းတွေရိုက်ခတ်နေတဲ့ အဝေးပြေးလမ်းမကြီးတွေ ပေါ်မှာ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ထရပ်ကားမောင်းသူလေး လီ ဆာကတော့ တကယ့်ကိုမကြောက်မလန့်နဲ့ အတွေ့အကြုံရှိရှိနဲ့ မောင်းနှင်နိုင်တာကတော့ ဆရာကျလွန်းပါတယ်။ ကမ္ဘာ့ချစ်စရာ အကောင်းဆုံး ထရပ်ကားမောင်းသူလေး လီဆာပါပဲ။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top