Property Expo
×

ဇြန္လ ၂၁ ရက္က အထက္လႊတ္ေတာ္ အမိေျမလံုၿခံဳေရးႏွင့္ အစုိးရအဖြဲ႕ေရးရာေကာ္မတီ ေရွ႕ေမွာက္တြင္ ထြက္ဆိုခ်က္ေပး ေနေသာ လူ႔အခြင့္အေရးလႈပ္ရွားသူ နာဒီယာမူရက္ကုိ ေတြ႕ရစဥ္ (AFP)

အိုင္အက္စ္တိုက္ ခိုက္ေရးသမားမ်ား၏ လိင္ကြၽန္ တစ္ဦးအျဖစ္ အဓမၼျပဳက်င့္ ေစာ္ ကားခံရရာမွ လြတ္ေျမာက္လာ သည့္ အီရတ္အမ်ိဳးသမီးငယ္ တစ္ဦးအား လူကုန္ကူးမႈမ်ားမွ အ သက္ရွင္လြတ္ေျမာက္လာသူမ်ား ၏ ဂုဏ္သိကၡာအတြက္ ကုလ သမဂၢက ခ်စ္ၾကည္ေရးသံတမန္ အျဖစ္ ခန္႔အပ္လိုက္သည္။


အသက္ (၂၃)ႏွစ္အရြယ္ ဟာဇီဒီအမ်ိဳးသမီး နာဒီယာမူရက္ ဘာဆီတာဟာက အိုင္အက္စ္စစ္ ေသြးႂကြအဖဲြ႕၏ ဓားစာခံမ်ားအ တြက္ တရားမွ်တေရး တိုက္တြန္း ခဲ့ၿပီး ၂၀၁၄ က ဟာဇီဒီလူမ်ိဳးမ်ား အေပၚ တိုက္ခိုက္မႈကို လူမ်ိဳးတံုး သတ္ျဖတ္မႈအျဖစ္ သတ္မွတ္သင့္ သည္ဟု ေစာဒကတက္ခဲ့သည္။

မူရက္သည္ ၂၀၁၄ ၾသဂုတ္ လက အီရတ္ႏိုင္ငံ ေျမာက္ပိုင္း ဆင္ဂ်ာၿမိဳ႕အနီးရွိ ၎၏ ဇာတိ ေက်းရြာမွ ဖမ္းဆီးေခၚေဆာင္ခံရကာ အိုင္အက္စ္အဖဲြ႕ ထိန္းခ်ဳပ္ ထားေသာ မိုဆူးလ္ၿမိဳ႕သို႔ ေခၚ ေဆာင္လာျခင္းခံရၿပီး ယင္းၿမိဳ႕ တြင္ အုပ္စုလိုက္ အဓမၼျပဳက်င့္ ျခင္း၊ အႀကိမ္ႀကိမ္ အေရာင္းအ ၀ယ္ျပဳလုပ္ျခင္း ခံခဲ့ရသည္။

‘‘ကြၽန္မဟာ သူတုိ႔ ကြၽန္မကို အသံုးခ်ခ်င္တဲ့ ပံုစံမ်ိဳးအတိုင္း အ သံုးခ်ခံခဲ့ရပါတယ္။ ကြၽန္မတစ္ ေယာက္တည္း မဟုတ္ပါဘူး။ ကြၽန္မဟာ ကံေကာင္းခဲ့သူတစ္ ေယာက္ ျဖစ္ပါလိမ့္မယ္။ အခ်ိန္ ေတြ ကုန္လာတာနဲ႔အမွ် တျခား လူေတြ ေထာင္နဲ႔ခ်ီၿပီး မလြတ္ ေျမာက္ႏိုင္ ျဖစ္ေနတဲ့ေနရာကေန ထြက္ေျပးလြတ္ေျမာက္မယ့္ နည္း လမ္းကို ကြၽန္မ ရွာေတြ႕ခဲ့ပါတယ္။ သူတို႔ကေတာ့ ဖမ္းဆီးခံထားရ တုန္းပါပဲ’’ဟု ကုလသမဂၢဌာန ခ်ဳပ္တြင္ က်င္းပေသာ အခမ္းအ နားတစ္ခု၌ မူရက္က ေျပာၾကား သည္။

 အိုင္အက္စ္တုိက္ခိုက္ေရး သမားမ်ား၏ လိင္ကြၽန္မ်ားအျဖစ္ ဖမ္းဆီးခံေနရဆဲျဖစ္ေသာ ယာဇီဒီအမ်ိဳးသမီး ၃,၂၀၀ ခန္႔ လြတ္ ေျမာက္ေရး ေတာင္းဆိုခဲ့ၿပီး ဖမ္း ဆီးထားသူမ်ားကို တရားဥပေဒ အရ အေရးယူေရး မူရက္က ေတာင္းဆိုခဲ့သည္။

‘‘ကြၽန္မ စိုးရိမ္တာတစ္ခုက အိုင္အက္စ္အဖဲြ႕ ေခ်မႈန္းခံရတာ နဲ႔ အိုင္အက္စ္အၾကမ္းဖက္သမား ေတြဟာ မုတ္ဆိတ္ေတြရိတ္ပစ္ၿပီး ဘာမွမျဖစ္ခဲ့သလို လမ္းမေတြ ေပၚ ေလွ်ာက္သြားေနမွာကိုပါပဲ’’ ဟု မူရက္က ေျပာၾကားၿပီး ယင္း အေျခအေနမ်ိဳးကို ျဖစ္ခြင့္ေပး၍ မရဟု ၎ကေျပာသည္။

ခ်စ္ၾကည္ေရး သံတမန္တစ္ ဦးအျဖစ္ မူရက္သည္ လူကုန္ကူး ခံရသူမ်ား အထူးသျဖင့္ ဒုကၡသည္ မ်ား၊ အမ်ိဳးသမီးငယ္မ်ား၏ ဆိုး ရြားေသာ အေျခအေနမ်ားကို အ ေလးထားမႈ ပိုမ်ားလာေရး အ ေလးထား ေဆာင္ရြက္မည္ျဖစ္ သည္။

မစၥစ္မူရက္သည္ လာမည့္ သီတင္းပတ္အတြင္း က်င္းပမည့္ ကုလသမဂၢ အေထြေထြညီလာခံ သို႔ ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး ေဘာရစ္ဂြၽန္ဆင္ႏွင့္အတူ တက္ ေရာက္ရန္ စီစဥ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဇွန်လ ၂၁ ရက်က အထက်လွှတ်တော် အမိမြေလုံခြုံရေးနှင့် အစိုးရအဖွဲ့ရေးရာကော်မတီ ရှေ့မှောက်တွင် ထွက်ဆိုချက်ပေး နေသော လူ့အခွင့်အရေးလှုပ်ရှားသူ နာဒီယာမူရက်ကို တွေ့ရစဉ် (AFP)

အိုင်အက်စ်တိုက် ခိုက်ရေးသမားများ၏ လိင်ကျွန် တစ်ဦးအဖြစ် အဓမ္မပြုကျင့် စော် ကားခံရရာမှ လွတ်မြောက်လာ သည့် အီရတ်အမျိုးသမီးငယ် တစ်ဦးအား လူကုန်ကူးမှုများမှ အ သက်ရှင်လွတ်မြောက်လာသူများ ၏ ဂုဏ်သိက္ခာအတွက် ကုလ သမဂ္ဂက ချစ်ကြည်ရေးသံတမန် အဖြစ် ခန့်အပ်လိုက်သည်။


အသက် (၂၃)နှစ်အရွယ် ဟာဇီဒီအမျိုးသမီး နာဒီယာမူရက် ဘာဆီတာဟာက အိုင်အက်စ်စစ် သွေးကြွအဖွဲ့၏ ဓားစာခံများအ တွက် တရားမျှတရေး တိုက်တွန်း ခဲ့ပြီး ၂၀၁၄ က ဟာဇီဒီလူမျိုးများ အပေါ် တိုက်ခိုက်မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်သင့် သည်ဟု စောဒကတက်ခဲ့သည်။

မူရက်သည် ၂၀၁၄ သြဂုတ် လက အီရတ်နိုင်ငံ မြောက်ပိုင်း ဆင်ဂျာမြို့အနီးရှိ ၎င်း၏ ဇာတိ ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရကာ အိုင်အက်စ်အဖွဲ့ ထိန်းချုပ် ထားသော မိုဆူးလ်မြို့သို့ ခေါ် ဆောင်လာခြင်းခံရပြီး ယင်းမြို့ တွင် အုပ်စုလိုက် အဓမ္မပြုကျင့် ခြင်း၊ အကြိမ်ကြိမ် အရောင်းအ ဝယ်ပြုလုပ်ခြင်း ခံခဲ့ရသည်။

‘‘ကျွန်မဟာ သူတို့ ကျွန်မကို အသုံးချချင်တဲ့ ပုံစံမျိုးအတိုင်း အ သုံးချခံခဲ့ရပါတယ်။ ကျွန်မတစ် ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မဟာ ကံကောင်းခဲ့သူတစ် ယောက် ဖြစ်ပါလိမ့်မယ်။ အချိန် တွေ ကုန်လာတာနဲ့အမျှ တခြား လူတွေ ထောင်နဲ့ချီပြီး မလွတ် မြောက်နိုင် ဖြစ်နေတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်မယ့် နည်း လမ်းကို ကျွန်မ ရှာတွေ့ခဲ့ပါတယ်။ သူတို့ကတော့ ဖမ်းဆီးခံထားရ တုန်းပါပဲ’’ဟု ကုလသမဂ္ဂဌာန ချုပ်တွင် ကျင်းပသော အခမ်းအ နားတစ်ခု၌ မူရက်က ပြောကြား သည်။

 အိုင်အက်စ်တိုက်ခိုက်ရေး သမားများ၏ လိင်ကျွန်များအဖြစ် ဖမ်းဆီးခံနေရဆဲဖြစ်သော ယာဇီဒီအမျိုးသမီး ၃,၂၀၀ ခန့် လွတ် မြောက်ရေး တောင်းဆိုခဲ့ပြီး ဖမ်း ဆီးထားသူများကို တရားဥပဒေ အရ အရေးယူရေး မူရက်က တောင်းဆိုခဲ့သည်။

‘‘ကျွန်မ စိုးရိမ်တာတစ်ခုက အိုင်အက်စ်အဖွဲ့ ချေမှုန်းခံရတာ နဲ့ အိုင်အက်စ်အကြမ်းဖက်သမား တွေဟာ မုတ်ဆိတ်တွေရိတ်ပစ်ပြီး ဘာမှမဖြစ်ခဲ့သလို လမ်းမတွေ ပေါ် လျှောက်သွားနေမှာကိုပါပဲ’’ ဟု မူရက်က ပြောကြားပြီး ယင်း အခြေအနေမျိုးကို ဖြစ်ခွင့်ပေး၍ မရဟု ၎င်းကပြောသည်။

ချစ်ကြည်ရေး သံတမန်တစ် ဦးအဖြစ် မူရက်သည် လူကုန်ကူး ခံရသူများ အထူးသဖြင့် ဒုက္ခသည် များ၊ အမျိုးသမီးငယ်များ၏ ဆိုး ရွားသော အခြေအနေများကို အ လေးထားမှု ပိုများလာရေး အ လေးထား ဆောင်ရွက်မည်ဖြစ် သည်။

မစ္စစ်မူရက်သည် လာမည့် သီတင်းပတ်အတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ သို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နှင့်အတူ တက် ရောက်ရန် စီစဉ်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top