Property Expo
×

မုန္တိုင္းေနာက္ဆက္တြဲ ေရႀကီး ေျမၿပိဳမႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံ အေ႐ွ႕ပိုင္းတြင္ လူအေျမာက္အျမား ေသဆံုးမည့္ အေျခအေနကို စိုးရိမ္ေနရေၾကာင္း သိရသည္။

စက္တင္ဘာ ၂၈ ရက္က ႏုိင္ငံအေ႐ွ႕ပိုင္း ဇီဂ်ီအန္း ျပည္နယ္တြင္ ေျမၿပိဳမႈမ်ား ျဖစ္ပြားရာ ေက်းရြာတစ္ခုတြင္ အိမ္ေျခ အမ်ားအျပား ႐ႊံ႕ခ်ပ္မ်ား ဖံုးအုပ္သြားၿပီး လူ ၃၀ ဝန္းက်င္မွ် ေပ်ာက္ဆံုးလ်က္ရွိေၾကာင္း တ႐ုတ္ အစိုးရ မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

မက္ဂီ တိုင္ဖြန္းမုန္တိုင္းသည္ တ႐ုတ္ႏုိင္ငံကို ဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ မိုးသည္းထန္စြာ ရြာသြန္းကာ ေရႀကီးေျမၿပိဳမႈမ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။ လတ္တေလာတြင္ ဆူကြန္ေက်းရြာရွိ ေပ်ာက္ဆံုးေနသူမ်ားကို ရွာေဖြႏုိင္ရန္ အခ်ိန္လု ေဆာင္ရြက္ေနရသည္။

ၿပီးခဲ့သည့္လက ဆီေခ်ာင္ခ႐ိုင္တြင္ ေျမၿပိဳမႈမ်ား ေပၚေပါက္ခဲ့ၿပီးေနာက္ ယခုႏွစ္ ပစိဖိတ္ တိုင္ဖြန္းရာသီတြင္ ေျမၿပိဳမႈ၊ ေရႀကီးမႈမ်ား တားဆီးကာကြယ္ေရးကို ဦးစားေပး လုပ္ေဆာင္ရန္ လိုအပ္ေနၿပီဟု တ႐ုတ္အစိုးရပိုင္ ျပည္သူ႔ေန႔စဉ္ သတင္းစာက ေရးသားခဲ့ဖူးသည္။ လတ္တေလာတြင္ ေဒသဆိုင္ရာ အာဏာပိုင္မ်ား၊ အထူးသျဖင့္ မုန္တုိင္းဒဏ္ အဓိက ခံစားရေလ့ရွိသည့္ ကမ္း႐ိုးတန္းေဒသမ်ားမွ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ား အေနျဖင့္ သဘာဝ ေဘးအႏၱရာယ္ ကာကြယ္ေရးဆိုင္ရာ လံုေလာက္သည့္ အားထုတ္မႈမ်ိဳး မရွိခဲ့ဟု ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ေနရသည္။

ဆူကြန္ေက်းရြာတြင္ အေျခအေန အလြန္ဆိုးေနၿပီး အိမ္ ေျခ အမ်ားအျပား ေရျမဳပ္ကာ အပ်က္အစီးမ်ား ေမ်ာပါလ်က္ ရွိသည္။ ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို အရွိန္ျမႇင့္တင္ရန္ အေကာင္အထည္ ေဖာ္ေနေသာ္လည္း ေျမၿပိဳမႈမ်ားေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲၿပီး အဟန္႔အတားမ်ား ႀကံဳေနေၾကာင္းလည္း သိရသည္။

မက္ဂီမုန္တိုင္းသည္ ထိုင္ဝမ္ကို ျဖတ္ေက်ာ္ကာ တ႐ုတ္သို႔ ကုန္းတြင္းဝင္ေရာက္ တိုက္ခတ္ခဲ့ျခင္း ျဖစ္သည္။ ထုိင္ဝမ္ကို ျဖတ္သန္းခ်ိန္၌ လူ ၄ ဦး ေသဆံုးကာ ၅၂၃ ဦး ဒဏ္ရာမ်ား ရခဲ့ေၾကာင္း ထုိင္ဝမ္ အာဏာပိုင္မ်ားက ေၾကညာသည္။ အဆိုပါ မုန္တုိင္းသည္ ယခုႏွစ္ ပစိဖိတ္ တိုင္ဖြန္းရာသီတြင္ ထိုင္ဝမ္ကို ဝင္ေရာက္တိုက္ခတ္သည့္ တတိယေျမာက္ တိုင္ဖြန္းလည္း ျဖစ္သည္။

Xinhua သတင္းဌာနက မုန္တိုင္း ကုန္းတြင္းဝင္ေရာက္ခဲ့ရာ ေဒသတြင္ ပင္လယ္ကမ္းစပ္၌ အသက္ေမြး အလုပ္လုပ္သူ တစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိမည္ဟု ခန္႔မွန္းထားၿပီး ၎တို႔ ေဘးကင္းသည့္ အေျခအေနကို အတိအက် သတင္းမရေသးဟု ဆိုသည္။ ဖူဂ်ီအန္းတြင္ ငါးဖမ္းေလွ သံုးေသာင္းေက်ာ္မွ်ကို မုန္တုိင္းမဝင္မီ ကတည္းက ကမ္းျပန္ကပ္ထားရန္ အာဏာပိုင္မ်ားက ညႊန္ၾကားထားခဲ့သည္။

ႏွစ္တစ္ႏွစ္၏ ယခုကဲ့သို႔ လပိုင္းမ်ိဳးတြင္ ပစိဖိတ္ သမုဒၵရာအတြင္း တိုင္ဖြန္းမုန္တိုင္းမ်ား ျဖစ္ေပၚျခင္းမွာ သမား႐ိုးက် အေျခအေန တစ္ခုဟု ဆိုသည္။ တိုင္ဖြန္းမ်ားသည္ ပစိဖိတ္ သမုဒၵရာေရျပင္ကို ေက်ာ္ျဖတ္ရင္း ပိုမိုအားေကာင္းလာေလ့ရွိရာ ကုန္းတြင္းဝင္ေရာက္ခ်ိန္တြင္ ေလျပင္းမ်ား တိုက္ခတ္ၿပီး မိုးသည္းထန္စြာ ရြာသြန္းမႈမ်ား ေပၚေပါက္လာတတ္ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Dailly

#Unicode Version
မုန်တိုင်းနောက်ဆက်တွဲ ရေကြီး မြေပြိုမှုများကြောင့် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် လူအမြောက်အမြား သေဆုံးမည့် အခြေအနေကို စိုးရိမ်နေရကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက်က နိုင်ငံအရှေ့ပိုင်း ဇီဂျီအန်း ပြည်နယ်တွင် မြေပြိုမှုများ ဖြစ်ပွားရာ ကျေးရွာတစ်ခုတွင် အိမ်ခြေ အများအပြား ရွှံ့ချပ်များ ဖုံးအုပ်သွားပြီး လူ ၃၀ ဝန်းကျင်မျှ ပျောက်ဆုံးလျက်ရှိကြောင်း တရုတ် အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။

မက်ဂီ တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးမြေပြိုမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လတ်တလောတွင် ဆူကွန်ကျေးရွာရှိ ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရန် အချိန်လု ဆောင်ရွက်နေရသည်။

ပြီးခဲ့သည့်လက ဆီချောင်ခရိုင်တွင် မြေပြိုမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုနှစ် ပစိဖိတ် တိုင်ဖွန်းရာသီတွင် မြေပြိုမှု၊ ရေကြီးမှုများ တားဆီးကာကွယ်ရေးကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်နေပြီဟု တရုတ်အစိုးရပိုင် ပြည်သူ့နေ့စဉ် သတင်းစာက ရေးသားခဲ့ဖူးသည်။ လတ်တလောတွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ အထူးသဖြင့် မုန်တိုင်းဒဏ် အဓိက ခံစားရလေ့ရှိသည့် ကမ်းရိုးတန်းဒေသများမှ အုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လုံလောက်သည့် အားထုတ်မှုမျိုး မရှိခဲ့ဟု ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရသည်။

ဆူကွန်ကျေးရွာတွင် အခြေအနေ အလွန်ဆိုးနေပြီး အိမ် ခြေ အများအပြား ရေမြုပ်ကာ အပျက်အစီးများ မျောပါလျက် ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ရန် အကောင်အထည် ဖော်နေသော်လည်း မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အဟန့်အတားများ ကြုံနေကြောင်းလည်း သိရသည်။

မက်ဂီမုန်တိုင်းသည် ထိုင်ဝမ်ကို ဖြတ်ကျော်ကာ တရုတ်သို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်ကို ဖြတ်သန်းချိန်၌ လူ ၄ ဦး သေဆုံးကာ ၅၂၃ ဦး ဒဏ်ရာများ ရခဲ့ကြောင်း ထိုင်ဝမ် အာဏာပိုင်များက ကြေညာသည်။ အဆိုပါ မုန်တိုင်းသည် ယခုနှစ် ပစိဖိတ် တိုင်ဖွန်းရာသီတွင် ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်သည့် တတိယမြောက် တိုင်ဖွန်းလည်း ဖြစ်သည်။

Xinhua သတင်းဌာနက မုန်တိုင်း ကုန်းတွင်းဝင်ရောက်ခဲ့ရာ ဒေသတွင် ပင်လယ်ကမ်းစပ်၌ အသက်မွေး အလုပ်လုပ်သူ တစ်သိန်းနှစ်သောင်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းတို့ ဘေးကင်းသည့် အခြေအနေကို အတိအကျ သတင်းမရသေးဟု ဆိုသည်။ ဖူဂျီအန်းတွင် ငါးဖမ်းလှေ သုံးသောင်းကျော်မျှကို မုန်တိုင်းမဝင်မီ ကတည်းက ကမ်းပြန်ကပ်ထားရန် အာဏာပိုင်များက ညွှန်ကြားထားခဲ့သည်။

နှစ်တစ်နှစ်၏ ယခုကဲ့သို့ လပိုင်းမျိုးတွင် ပစိဖိတ် သမုဒ္ဒရာအတွင်း တိုင်ဖွန်းမုန်တိုင်းများ ဖြစ်ပေါ်ခြင်းမှာ သမားရိုးကျ အခြေအနေ တစ်ခုဟု ဆိုသည်။ တိုင်ဖွန်းများသည် ပစိဖိတ် သမုဒ္ဒရာရေပြင်ကို ကျော်ဖြတ်ရင်း ပိုမိုအားကောင်းလာလေ့ရှိရာ ကုန်းတွင်းဝင်ရောက်ချိန်တွင် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများ ပေါ်ပေါက်လာတတ်ကြောင်းလည်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Dailly
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top