Property Expo
×

ဂ်ပန္ႏိုင္ငံက.ေမာ္ေတာ္ကားနဲ႔ေမာ္ေတာ္ဆိုင္ကယ္ေတြ.တကမာၻလံုးကိုတင္ပို႔ေနတဲ့
 ဟြန္းဒါး(Honda)ဆိုတာ ၾကားဖူးၾကမွာပါ။

ဟြန္းဒါးကုမၸဏီကိုစတင္တည္ေထာင္သူက.
ဂ်ပန္လူမိ်ဳးဟြန္းဒါးပါ။.နာမည္အျပည့္အစံုက.Sachiro_Honda(ဆိုခ်ီယိုဟြန္းဒါး)ျဖစ္ပါတယ္။.

ဟြန္းဒါးကို. အေနာက္ႏိုင္ငံက.သတင္းစာ.မဂၢဇင္းေတြမွာ. အခက္အခဲနဲ႔
ဘယ္ေလာက္ၾကံဳၾကံဳ.ဘယ္ေတာ့မွအရႈံမေပးတဲ့လူလို႔ခ်ီးက်ဴးေရးသားၾကပါတယ္။.ဘာျဖစ္လို႔.
ဂ်ပန္လူမိ်ဳးတေယာက္ကို.အေနာက္ႏိုင္ငံေတြက.ခ်ီးမြန္းေနရတာလဲဆိုတာ.ေလ့လာၾကည့္ၾကရေအာင္။

၁၉၃၈ခုႏွစ္မွာ. အသက္၂၁ႏွစ္အရြယ္ လူငယ္ေလးဟြန္းဒါးဟာ.ေမာ္ေတာ္ကား အင္ဂ်င္မွာသံုးတဲ့ 4ပစၥတင္ကြင္း(Piston_Ring)ေလးေတြကို.သူ႔ရဲ႕ကားျပင္တဲ့အလုပ္ရံုမွာ.စမ္းသပ္ထုတ္လုပ္တယ္။.ေအာင္ျမင္ရင္.တိုယိုတာေမာ္ေတာ္ကားကုမၸဏီျကီးကို.
သူ႔ပစၥည္းေတြသြင္းမယ္ေပါ့။.အလုပ္ရံုထဲမွာ.တေယာက္ထဲ.ေန႔ေရာ.ညေရာ.
တကုပ္ကုပ္နဲ႔ႀကိဳးစားပမ္းစားလုပ္တယ္။.ပိုက္ဆံမေလာက္လို႔.သူ႔မိန္းမရဲ႕
လက္ဝတ္လက္စားေတြေရာင္းခ်ၿပီး.ဆက္လုပ္တယ္။.ေနာက္ဆံုးေအာင္ျမင္စြာ.ထုတ္လုပ္ႏိုင္ခဲ့ၿပီ။.

ပစၥည္းနမူနာအခ်ိဳ႕ကိုယူၿပီး.တိုယိုတာကုမၸဏီကိုသြားျပတယ္။.
သူ႔ပစၥည္းတင္ကြင္းေတြဟာ.စမ္းသပ္ရင္း.တခ်ိဳ႕က်ိဳးကုန္လို႔. Qualityအရည္အေသြး
မမွီဘူးဆိုၿပီး.ပယ္ခ်လိုက္ပါတယ္။.သူစိတ္ပ်က္လက္ေလွ်ာ့သြားၿပီလား။.—ႏိူး—No

သူဟာ.သတၱဳကိ်ဳစပ္နည္းကိုေကာင္းေကာင္းမသိလို႔ျဖစ္မွာပဲဆိုၿပီး
.အင္ဂ်င္နီယာေက်ာင္းသြားတက္တယ္။.ေက်ာင္းက.အင္ဂ်င္နီယာေတြက.သူ႔ရဲ႕ပစၥတင္ကြင္းကိုၾကည့္ၿပီး.
ဝိုင္းဟားၾကတယ္။.သူရွက္ၿပီး.စိတ္ပ်က္သြားၿပီလား။.—ႏိူး—no

၂ႏွစ္ၾကာေအာင္.သူ႔ရဲပစၥတင္ကြင္းေတြကို.ဆက္လုပ္တယ္။.ေနာက္ဆံုး.ေအာင္ျမင္သြားလို႔.
တိုယိုတာကုမၸဏီက.လက္ခံၿပီး.ပစၥည္းေတြသြင္းဖို႔.ကန္ထ႐ိုက္စာခ်ဳပ္ခ်ဳပ္လိုက္တယ္။
အခု.ဟြန္ဒါးဟာ.ပစၥည္းထုတ္လုပ္ဖို႔.စက္ရံုတခုေဆာက္ဖို႔လိုလာၿပီ။.ဒါေပမဲ့.အဲဒီအခိ်န္မွာ.ဒုတိယကမာၻစစ္ႀကီးစတင္
ေတာ့မွာမို႔.ဂ်ပန္စစ္တပ္က.ဘိလပ္ေျမေတြအကုန္သိမ္းထားတယ္။.
ဟြန္းဒါးဟာ. ဘိလပ္ေျမကို.ဘယ္မွာမွ.ဝယ္လို႔မရေတာ့ဘူး။.ဟြန္းဒါးစိတ္ပ်က္သြားၿပီလား။—ႏိူးႏိူး—

သူဟာ.ရတဲ့ပစၥည္းနဲ႔ဘိလပ္ေျမထုတ္လုပ္နည္းကိုတီထြင္လိုက္တယ္။.သူကိုယ္တိုင္ထုတ္တဲ့ဘိလပ္ေျမနဲ႔.
စက္ရံုကိုကြန္ကရစ္ေလာင္းၿပီး.အၿပီးတည္ေဆာက္လိုက္တယ္။
စက္ရံုေဆာက္တာ.ၿပီးသြားၿပီ။.ပစၥတင္ကြင္းေတြ. စထုတ္ေတာ့မယ္။ ဒုတိယကမာၻစစ္ႀကီးျဖစ္ေနတံုးမိုသူ႔စက္ရံုဟာ. အေမရိကန္စစ္ေလယာဥ္ေတြ႕ရဲ႕ဗံုးႀကဲခ်ျခင္းကို.-
၂ႀကိမ္တိုင္တိုင္ခံလိုက္ရတယ္။.စက္ရံုဟာ.အေတာ္ပ်က္စီးသြားတယ္။.ပိုဆိုးတာက.
ပစၥတင္ကြင္းလုပ္ဖို႔.သံထည္ပစၥည္းေတြရွာ မရေတာ့ဘူး။. ဂ်ပန္စစ္တပ္က.သံပစၥည္းေတြ အကုန္သိမ္းထားလိုက္ၿပီ။.သူစိတ္ဓါတ္က်ၿပီး လက္ေလွ်ာ့လိုက္ၿပီလား။—ႏိူးႏိူး—

သူဟာ.အေမရိကန္စစ္ေလယဥ္ေတြက.ပစ္ခ်လိုက္တဲ့ ဓါတ္ဆီပံုးအလြတ္ေတြကို .ေကာက္ထားသူေတြဆီကေန.လိုက္ဝယ္တယ္။.အဲဒါေတြနဲ႔.ဓါတ္ဆီပံုးခြံေတြကို.သံရည္ႀကိဳခ်က္ၿပီး.
ပစၥတင္ကြင္းစတင္ထုတ္လုပ္တယ္။.သိတ္မၾကာခင္မွာပဲ ေျမငလ်င္လႈပ္လို႔.
သူစက္ရံုၿပိဳက်ပ်က္စီးသြားတယ္။.ငါ.ဒီေလာက္ေတာင္.ကံဆိုးလွခ်ည္လားကြာဆိုၿပီး.
စိတ္ဓါတ္က်အရႈံးေပးလိုက္ၿပီလား။—ႏိူးႏိူး—

၁၉၄၅ခုႏွစ္.ဒုတိယကမာၻစစ္ႀကီးၿပီးသြားၿပီ။.အဲဒီအခ်ိန္မွာ. ဓါတ္ဆီအရမ္းရွားသြားလို႔.
ဂ်ပန္လူမိ်ဳူေတြဟာ. ကုန္းေၾကာင္းေလွ်ာက္ရင္းေလွ်ာက္.မဟုတ္ရင္ စက္ဘီးစီးၿပီး သြားလာေနရတယ္။.ဟြန္းဒါးက. ဓါတ္ဆီအစားသက္သာတဲ့. အင္ဂ်င္အေသးေလးတလံုးကို ကိုယ္တိုင္ထုတ္လုပ္ၿပီး. သူ႔စက္ဘီးမွာမွာတပ္လိုက္ၿပီး. တေနရာနဲ႔တေနရာကိုသြားလာတယ္။ အိမ္နီးခ်င္းေတြက သေဘာက်ၿပီး.သူ႔ကိုအဲဒီလို.အင္ဂ်င္အေသးေလးတပ္ထားတဲ့စက္ဘီး
ေတြလုပ္ၿပီး.ေရာင္းေပးဖို႔ေျပာၾကတယ္။.သူလဲ.အဲဒီစက္ဘီးေလး(ေနာက္ေတာ့.ဆိုက္ကယ္လို႔ေခၚတယ္)ေတြ.ေရာင္းေပးတယ္။.တျဖည္းျဖည္းနဲ႔.လူသိမ်ားလာၿပီ.ေအာ္ဒါေတြမွာၾကတယ္။.အင္ဂ်င္လုပ္ဖို႔.
သံထည္ရွားပါးတာရယ္.သူ႔မွာေငြေၾကးမေလာက္တာရယ္ေၾကာင့္.
ဆိုင္ကယ္ေလးေတြထပ္မထုတ္ႏိုင္ေတာ့ဘူး။.ပစၥည္းေအာ္ဒါမွာသူေတြကို.
ပစၥည္းမထုတ္ႏိုင္ေတာ့ေၾကာင္းေတာင္းပန္ရတယ္။.သူစိတ္ပ်က္သြားၿပီလား။—ႏိူးႏိူးႏိူး—

ဟြန္းဒါးဟာ.စက္ဘီးဆိုင္ေပါင္း(၁၈,၀၀၀)က.ဆိုင္ပိုင္ရွင္ေတြဆီကို.စာပို႔လိုက္ပါတယ္။. စာထဲမွာ.ဒုတိယကမာၻစစ္ရႈံးသြားတဲ့ဂ်ပန္ႏိုင္ငံရဲ႕စီးပြားေရးျပန္လည္ေကာင္းလာဖို႔.
သူႀကိဳးစားေနတာမို႔. သူ႔ကိုကူညီၿပီးအစုေငြထဲ့ဝင္ၾကဖို႔ေရးထားပါတယ္။.
ဆိုင္ရွင္ေပါင္း (၅,၀၀၀)ဆီက.စာျပန္လာတယ္။.သူ႔ကိုကူညီမယ္ေပါ့။. သူ႔ဆီမွာ.အစုေငြထဲ့မယ္ေပါ့။ အစုေငြေတြနဲ႔.အေသးစားအင္ဂ်င္တပ္ဆိုင္ကယ္ေလးေတြ.ထုတ္တယ္။ ေရာင္းရလြန္းလုိ့. SuperCubစူပါကပ္ဆိုင္ကယ္ဆိုၿပီးနာမည္ေက်ာ္သြားတယ္။.စူပါကပ္ေတြကို.
အေမရိကန္နဲ႔ဥေရာပႏိုင္ငံေတြကို.အေျမာက္အမ်ားတင္ပို႔ေနရတယ္။

၁၉၇၀ခုႏွစ္မွာ.တကမာၻလံုးေရနံရွားပါးသြားတယ္။.အကြက္ျမင္တဲ့ဟြန္းဒါးဟာ.
သူ႔ဟြန္းဒါးကားကုမၸဏီကေန.ဆီ စားသက္သာတဲ့ကားေသးေသးေလးေတြ စတင္ထုတ္လုပ္ၿပီး.
အေနာက္ႏိုင္ငံေတြကို.တင္ပို႔ေတာ့တယ္။အေနာက္ႏိုင္ငံေတြကလဲ.ဆီစားသက္သာၿပီး.ဒီဇိုင္းလွလွ
ေလးေတြနဲ႔ထုတ္လုပ္ထားတဲ့ဟြန္းဒါးကားေလးေတြကိုႀကိဳက္ၾကလြန္းလို႔.
အလုအယက္မွာၾကတယ္။.ဝယ္ၾကတယ္။

ယေန႔.ဟြန္းဒါးေမာ္ေတာ္ကားကုမၸဏီီႀကီဟာ. ဂ်ပန္ႏိုင္ငံသာမကပဲ.အေမရိကန္နဲ႔ဥေရာပႏိုင္ငံေတြမွာပါ.
ကားထုတ္လုပ္တဲ့စက္ရံုေပါင္းမ်ားစြာေထာင္ၿပီး. အဲဒီစက္ရံုေတြမွာ.
အလုပ္သမားသိန္းခ်ီလုပ္ကိုင္ေနၾကပါတယ္။

မိတ္ေဆြတို႔.လုပ္ငန္းတခုခုလုပ္တာ.မေအာင္ျမင္လို႔.လက္ေျမာက္အရံႈးေပးခ်င္လာရင္.
ဘယ္ေတာ့မွအရႈံးမေပးတတ္တဲ႕ဆီခ်ီယိုဟြန္းဒါးကို.ေျပးျမင္္ၾကည့္လိုက္ၾကပါ။
ဟြန္းဒါးရဲ႕မွတ္သားစရာစကားတခုကေတာ့

.”ေအာင္ျမင္မႈမွာ.အရႈံး(၉၉)ရာခိုင္ႏူန္းပါတယ္”တဲ့။

ဆိုခ်ီယိုဟြန္းဒါးဟာ.အသက္၈၅ႏွစ္အရြယ္.-၁၉၉၁ခုႏွစ္.ၾသဂုတ္လ၅ရက္ေန႔မွာ.ကြယ္လြန္သြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarLatestNews

#Unicode Version

ဂျပန်နိုင်ငံက.မော်တော်ကားနဲ့မော်တော်ဆိုင်ကယ်တွေ.
တကမ္ဘာလုံးကိုတင်ပို့နေတဲ့.ဟွန်းဒါး(Honda)ဆိုတာ.ကြားဖူးကြမှာပါ။.

ဟွန်းဒါးကုမ္ပဏီကိုစတင်တည်ထောင်သူက.
ဂျပန်လူမျိုးဟွန်းဒါးပါ။.နာမည်အပြည့်အစုံက.Sachiro_Honda(ဆိုချီယိုဟွန်းဒါး)ဖြစ်ပါတယ်။.

ဟွန်းဒါးကို. အနောက်နိုင်ငံက.သတင်းစာ.မဂ္ဂဇင်းတွေမှာ. အခက်အခဲနဲ့
ဘယ်လောက်ကြုံကြုံ.ဘယ်တော့မှအရှုံမပေးတဲ့လူလို့ချီးကျူးရေးသားကြပါတယ်။.ဘာဖြစ်လို့.
ဂျပန်လူမျိုးတယောက်ကို.အနောက်နိုင်ငံတွေက.ချီးမွန်းနေရတာလဲဆိုတာ.လေ့လာကြည့်ကြရအောင်။

၁၉၃၈ခုနှစ်မှာ. အသက်၂၁နှစ်အရွယ် လူငယ်လေးဟွန်းဒါးဟာ.မော်တော်ကား အင်ဂျင်မှာသုံးတဲ့ 4ပစ္စတင်ကွင်း(Piston_Ring)လေးတွေကို.သူ့ရဲ့ကားပြင်တဲ့အလုပ်ရုံမှာ.စမ်းသပ်ထုတ်လုပ်တယ်။.အောင်မြင်ရင်.တိုယိုတာမော်တော်ကားကုမ္ပဏီကြီးကို.
သူ့ပစ္စည်းတွေသွင်းမယ်ပေါ့။.အလုပ်ရုံထဲမှာ.တယောက်ထဲ.နေ့ရော.ညရော.
တကုပ်ကုပ်နဲ့ကြိုးစားပမ်းစားလုပ်တယ်။.ပိုက်ဆံမလောက်လို့.သူ့မိန်းမရဲ့
လက်ဝတ်လက်စားတွေရောင်းချပြီး.ဆက်လုပ်တယ်။.နောက်ဆုံးအောင်မြင်စွာ.ထုတ်လုပ်နိုင်ခဲ့ပြီ။.

ပစ္စည်းနမူနာအချို့ကိုယူပြီး.တိုယိုတာကုမ္ပဏီကိုသွားပြတယ်။.
သူ့ပစ္စည်းတင်ကွင်းတွေဟာ.စမ်းသပ်ရင်း.တချို့ကျိုးကုန်လို့. Qualityအရည်အသွေး
မမှီဘူးဆိုပြီး.ပယ်ချလိုက်ပါတယ်။.သူစိတ်ပျက်လက်လျှော့သွားပြီလား။.—နိူး—No

သူဟာ.သတ္တုကျိုစပ်နည်းကိုကောင်းကောင်းမသိလို့ဖြစ်မှာပဲဆိုပြီး
.အင်ဂျင်နီယာကျောင်းသွားတက်တယ်။.ကျောင်းက.အင်ဂျင်နီယာတွေက.သူ့ရဲ့ပစ္စတင်ကွင်းကိုကြည့်ပြီး.
ဝိုင်းဟားကြတယ်။.သူရှက်ပြီး.စိတ်ပျက်သွားပြီလား။.—နိူး—no

၂နှစ်ကြာအောင်.သူ့ရဲပစ္စတင်ကွင်းတွေကို.ဆက်လုပ်တယ်။.နောက်ဆုံး.အောင်မြင်သွားလို့.
တိုယိုတာကုမ္ပဏီက.လက်ခံပြီး.ပစ္စည်းတွေသွင်းဖို့.ကန်ထရိုက်စာချုပ်ချုပ်လိုက်တယ်။
အခု.ဟွန်ဒါးဟာ.ပစ္စည်းထုတ်လုပ်ဖို့.စက်ရုံတခုဆောက်ဖို့လိုလာပြီ။.ဒါပေမဲ့.အဲဒီအချိန်မှာ.ဒုတိယကမ္ဘာစစ်ကြီးစတင်
တော့မှာမို့.ဂျပန်စစ်တပ်က.ဘိလပ်မြေတွေအကုန်သိမ်းထားတယ်။.
ဟွန်းဒါးဟာ. ဘိလပ်မြေကို.ဘယ်မှာမှ.ဝယ်လို့မရတော့ဘူး။.ဟွန်းဒါးစိတ်ပျက်သွားပြီလား။—နိူးနိူး—

သူဟာ.ရတဲ့ပစ္စည်းနဲ့ဘိလပ်မြေထုတ်လုပ်နည်းကိုတီထွင်လိုက်တယ်။.သူကိုယ်တိုင်ထုတ်တဲ့ဘိလပ်မြေနဲ့.
စက်ရုံကိုကွန်ကရစ်လောင်းပြီး.အပြီးတည်ဆောက်လိုက်တယ်။
စက်ရုံဆောက်တာ.ပြီးသွားပြီ။.ပစ္စတင်ကွင်းတွေ. စထုတ်တော့မယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတုံးမိုသူ့စက်ရုံဟာ. အမေရိကန်စစ်လေယာဉ်တွေ့ရဲ့ဗုံးကြဲချခြင်းကို.-
၂ကြိမ်တိုင်တိုင်ခံလိုက်ရတယ်။.စက်ရုံဟာ.အတော်ပျက်စီးသွားတယ်။.ပိုဆိုးတာက.
ပစ္စတင်ကွင်းလုပ်ဖို့.သံထည်ပစ္စည်းတွေရှာ မရတော့ဘူး။. ဂျပန်စစ်တပ်က.သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။.သူစိတ်ဓါတ်ကျပြီး လက်လျှော့လိုက်ပြီလား။—နိူးနိူး—

သူဟာ.အမေရိကန်စစ်လေယဉ်တွေက.ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံးအလွတ်တွေကို .ကောက်ထားသူတွေဆီကနေ.လိုက်ဝယ်တယ်။.အဲဒါတွေနဲ့.ဓါတ်ဆီပုံးခွံတွေကို.သံရည်ကြိုချက်ပြီး.
ပစ္စတင်ကွင်းစတင်ထုတ်လုပ်တယ်။.သိတ်မကြာခင်မှာပဲ မြေငလျင်လှုပ်လို့.
သူစက်ရုံပြိုကျပျက်စီးသွားတယ်။.ငါ.ဒီလောက်တောင်.ကံဆိုးလှချည်လားကွာဆိုပြီး.
စိတ်ဓါတ်ကျအရှုံးပေးလိုက်ပြီလား။—နိူးနိူး—

၁၉၄၅ခုနှစ်.ဒုတိယကမ္ဘာစစ်ကြီးပြီးသွားပြီ။.အဲဒီအချိန်မှာ. ဓါတ်ဆီအရမ်းရှားသွားလို့.
ဂျပန်လူမျိုူတွေဟာ. ကုန်းကြောင်းလျှောက်ရင်းလျှောက်.မဟုတ်ရင် စက်ဘီးစီးပြီး သွားလာနေရတယ်။.ဟွန်းဒါးက. ဓါတ်ဆီအစားသက်သာတဲ့. အင်ဂျင်အသေးလေးတလုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး. သူ့စက်ဘီးမှာမှာတပ်လိုက်ပြီး. တနေရာနဲ့တနေရာကိုသွားလာတယ်။ အိမ်နီးချင်းတွေက သဘောကျပြီး.သူ့ကိုအဲဒီလို.အင်ဂျင်အသေးလေးတပ်ထားတဲ့စက်ဘီး
တွေလုပ်ပြီး.ရောင်းပေးဖို့ပြောကြတယ်။.သူလဲ.အဲဒီစက်ဘီးလေး(နောက်တော့.ဆိုက်ကယ်လို့ခေါ်တယ်)တွေ.ရောင်းပေးတယ်။.တဖြည်းဖြည်းနဲ့.လူသိများလာပြီ.အော်ဒါတွေမှာကြတယ်။.အင်ဂျင်လုပ်ဖို့.
သံထည်ရှားပါးတာရယ်.သူ့မှာငွေကြေးမလောက်တာရယ်ကြောင့်.
ဆိုင်ကယ်လေးတွေထပ်မထုတ်နိုင်တော့ဘူး။.ပစ္စည်းအော်ဒါမှာသူတွေကို.
ပစ္စည်းမထုတ်နိုင်တော့ကြောင်းတောင်းပန်ရတယ်။.သူစိတ်ပျက်သွားပြီလား။—နိူးနိူးနိူး—

ဟွန်းဒါးဟာ.စက်ဘီးဆိုင်ပေါင်း(၁၈,၀၀၀)က.ဆိုင်ပိုင်ရှင်တွေဆီကို.စာပို့လိုက်ပါတယ်။. စာထဲမှာ.ဒုတိယကမ္ဘာစစ်ရှုံးသွားတဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးပြန်လည်ကောင်းလာဖို့.
သူကြိုးစားနေတာမို့. သူ့ကိုကူညီပြီးအစုငွေထဲ့ဝင်ကြဖို့ရေးထားပါတယ်။.
ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက.စာပြန်လာတယ်။.သူ့ကိုကူညီမယ်ပေါ့။. သူ့ဆီမှာ.အစုငွေထဲ့မယ်ပေါ့။ အစုငွေတွေနဲ့.အသေးစားအင်ဂျင်တပ်ဆိုင်ကယ်လေးတွေ.ထုတ်တယ်။ ရောင်းရလွန်းလို့. SuperCubစူပါကပ်ဆိုင်ကယ်ဆိုပြီးနာမည်ကျော်သွားတယ်။.စူပါကပ်တွေကို.
အမေရိကန်နဲ့ဥရောပနိုင်ငံတွေကို.အမြောက်အများတင်ပို့နေရတယ်။

၁၉၇၀ခုနှစ်မှာ.တကမ္ဘာလုံးရေနံရှားပါးသွားတယ်။.အကွက်မြင်တဲ့ဟွန်းဒါးဟာ.
သူ့ဟွန်းဒါးကားကုမ္ပဏီကနေ.ဆီ စားသက်သာတဲ့ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး.
အနောက်နိုင်ငံတွေကို.တင်ပို့တော့တယ်။အနောက်နိုင်ငံတွေကလဲ.ဆီစားသက်သာပြီး.ဒီဇိုင်းလှလှ
လေးတွေနဲ့ထုတ်လုပ်ထားတဲ့ဟွန်းဒါးကားလေးတွေကိုကြိုက်ကြလွန်းလို့.
အလုအယက်မှာကြတယ်။.ဝယ်ကြတယ်။

ယနေ့.ဟွန်းဒါးမော်တော်ကားကုမ္ပဏီကြီဟာ. ဂျပန်နိုင်ငံသာမကပဲ.အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ.
ကားထုတ်လုပ်တဲ့စက်ရုံပေါင်းများစွာထောင်ပြီး. အဲဒီစက်ရုံတွေမှာ.
အလုပ်သမားသိန်းချီလုပ်ကိုင်နေကြပါတယ်။

မိတ်ဆွေတို့.လုပ်ငန်းတခုခုလုပ်တာ.မအောင်မြင်လို့.လက်မြောက်အရှုံးပေးချင်လာရင်.
ဘယ်တော့မှအရှုံးမပေးတတ်တဲ့ဆီချီယိုဟွန်းဒါးကို.ပြေးမြင်ကြည့်လိုက်ကြပါ။
ဟွန်းဒါးရဲ့မှတ်သားစရာစကားတခုကတော့

.”အောင်မြင်မှုမှာ.အရှုံး(၉၉)ရာခိုင်နူန်းပါတယ်”တဲ့။

ဆိုချီယိုဟွန်းဒါးဟာ.အသက်၈၅နှစ်အရွယ်.-၁၉၉၁ခုနှစ်.သြဂုတ်လ၅ရက်နေ့မှာ.ကွယ်လွန်သွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarLatestNews
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top