Property Expo
×

 ျပည္ၿမိဳ႕တြင္ လမ္းသြား၊လမ္းလာမ်ားကို ျမႇဴဆြယ္ေနသည့္ အသက္ (၂၂) ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း သတင္းရရွိသည္။

စက္တင္ဘာ ၈ ရက္ ည ၈ နာရီခန္႔တြင္ ျပည္ၿမိဳ႕ ရြာဘဲရပ္ ကြက္ ရတနာမာန္ေအာင္လမ္း၌ လမ္းသြားလမ္းလာမ်ားကုိ အဆို ပါအမ်ဳိးသမီးက ေပ်ာ္ပါးရန္ ျမႇဴဆြယ္ေနျခင္းေၾကာင့္ ဖမ္းဆီးအေရးယူခဲ့သည္ဟု ျပည္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ပတ္၀န္းက်င္ရဲ႕ သတင္းေပးတုိင္ၾကားမႈေၾကာင့္ သြားေရာက္ စစ္ေဆးတဲ့အခါ လမ္းသြားလမ္း လာေတြကို အရွက္တရားကင္းမဲ့ စြာ လမ္းေလွ်ာက္ျပတာတို႔၊ လက္ယပ္ေခၚတာတို႔ ျပဳလုပ္ေနတာေတြ႕ရတယ္လို႔ သိရတယ္။ အဲဒီအမ်ဳိး သမီးရဲ႕ လက္ထဲကပလတ္စတစ္ အိတ္ထဲမွာ လက္ႏွိပ္ဓာတ္မီးရယ္၊ ကြန္ဒုံးေတြရယ္ ရွာေဖြေတြ႕ရွိခဲ့ တာေၾကာင့္ အမႈဖြင့္အေရးယူထား ပါတယ္’’ဟု ရဲအရာရွိက ဆုိသည္။

အဆုိပါ အသက္(၂၂)ႏွစ္အ ရြယ္ အမ်ဳိးသမီးကုိ ျပည့္တန္ဆာ ပေပ်ာက္ေရး အက္ဥပေဒ ပုဒ္မ ၃(က)ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း ျပည္ၿမိဳ႕မရဲစခန္းမွ သိရ သည္။

‘‘ျပည္ၿမိဳ႕မွာ ေမွာင္ရိပ္ေကာင္းတဲ့လမ္းေတြမွာ ျပည့္တန္ဆာကိစၥ အတြက္ တစ္ဦးခ်င္းျမႇဴဆြယ္တာ ေတြရွိသလို တရားမ၀င္အႏွိပ္ခန္း ေတြမွာလည္း ျပည့္တန္ဆာလုပ္ ငန္း လုပ္ေနတာ၊ တည္းခိုခန္းအ မည္ခံၿပီး ျပည့္တန္ဆာ လုပ္ငန္း ေတြ ခိုးေၾကာင္ခုိး၀ွက္လုပ္ေနတာ ေတြရွိတယ္။ ဆုိက္ကားသမား ေတြ၊ ဆုိင္ကယ္ကယ္ရီသမားေတြ နဲ႔ ၾကားခံခ်ိတ္ဆက္ၿပီး ျပည့္တန္ ဆာလုပ္ငန္း လုပ္ေနတာေတြလည္း ရွိတာပဲ’’ဟု ျပည္ၿမိဳ႕ေဒသခံဆုိင္ ကယ္ကယ္ရီေမာင္းသူ အမ်ဳိးသား တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပြည်မြို့တွင် လမ်းသွား၊လမ်းလာများကို မြှူဆွယ်နေသည့် အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၈ ရက် ည ၈ နာရီခန့်တွင် ပြည်မြို့ ရွာဘဲရပ် ကွက် ရတနာမာန်အောင်လမ်း၌ လမ်းသွားလမ်းလာများကို အဆို ပါအမျိုးသမီးက ပျော်ပါးရန် မြှူဆွယ်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခဲ့သည်ဟု ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပတ်ဝန်းကျင်ရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် သွားရောက် စစ်ဆေးတဲ့အခါ လမ်းသွားလမ်း လာတွေကို အရှက်တရားကင်းမဲ့ စွာ လမ်းလျှောက်ပြတာတို့၊ လက်ယပ်ခေါ်တာတို့ ပြုလုပ်နေတာတွေ့ရတယ်လို့ သိရတယ်။ အဲဒီအမျိုး သမီးရဲ့ လက်ထဲကပလတ်စတစ် အိတ်ထဲမှာ လက်နှိပ်ဓာတ်မီးရယ်၊ ကွန်ဒုံးတွေရယ် ရှာဖွေတွေ့ရှိခဲ့ တာကြောင့် အမှုဖွင့်အရေးယူထား ပါတယ်’’ဟု ရဲအရာရှိက ဆိုသည်။

အဆိုပါ အသက်(၂၂)နှစ်အ ရွယ် အမျိုးသမီးကို ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေ ပုဒ်မ ၃(က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ပြည်မြို့မရဲစခန်းမှ သိရ သည်။

‘‘ပြည်မြို့မှာ မှောင်ရိပ်ကောင်းတဲ့လမ်းတွေမှာ ပြည့်တန်ဆာကိစ္စ အတွက် တစ်ဦးချင်းမြှူဆွယ်တာ တွေရှိသလို တရားမဝင်အနှိပ်ခန်း တွေမှာလည်း ပြည့်တန်ဆာလုပ် ငန်း လုပ်နေတာ၊ တည်းခိုခန်းအ မည်ခံပြီး ပြည့်တန်ဆာ လုပ်ငန်း တွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာ တွေရှိတယ်။ ဆိုက်ကားသမား တွေ၊ ဆိုင်ကယ်ကယ်ရီသမားတွေ နဲ့ ကြားခံချိတ်ဆက်ပြီး ပြည့်တန် ဆာလုပ်ငန်း လုပ်နေတာတွေလည်း ရှိတာပဲ’’ဟု ပြည်မြို့ဒေသခံဆိုင် ကယ်ကယ်ရီမောင်းသူ အမျိုးသား တစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top