Kantharyar Centre
×

ရန္ကုန္တုိင္းေဒသႀကီး ပုဇြန္ေတာင္ၿမိဳ႕နယ္တြင္ ေနာက္ေဖးလမ္းၾကား ႐ွင္းလင္းေရးေဆာင္ရြက္ေနသည့္ စည္ပင္ သန္႔႐ွင္းေရးဝန္ထမ္းမ်ားကို ေနအိမ္အေပၚထပ္တုိက္ခန္းမွေန၍ မစင္ေရျဖင့္ ပက္ျဖန္းမႈ စက္တင္ဘာ ၂၈ နံနက္ပုိင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ပုဇြန္ေတာင္ၿမိဳ႕နယ္ အမွတ္ ၂ ရပ္ကြက္ရိွ ၅၆ လမ္းႏွင့္ ဗုိလ္တေထာင္ေစ်းလမ္း ရိွေနာက္ေဖးလမ္းၾကားမ်ားအား ႐ွင္းလင္းေဆာင္ရြက္ေနစဥ္ ထိုသို႔ ျဖစ္ပြားခဲ့ေၾကာင္း ပုဇြန္ေတာင္ၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးမွဴး
ဦးေဇာ္ျမင့္က News Watch သုိ႔ ေျပာသည္။

“မစင္ေရေတြနဲ႔ ပက္တာ ႏွစ္ခါေတာင္၊ အဲဒီလုိျဖစ္ေတာ့ သန္႔႐ွင္းေရးဝန္ထမ္းေတြကလည္း မလုပ္ခ်င္ၾကဘူးေပါ့။ ဒါနဲ႔ ေလာ္စပီကာနဲ႔ လွမ္းေအာ္ရတယ္။ ဘယ္က လုပ္တယ္ဆုိတာေတာ့မသိရဘူး။ ဒါမ်ဳိးေတြနဲ႔ စည္းကမ္းမဲ့တာမ်ဳိးေတြ မလုပ္ဖုိ႔ စည္း႐ုံးၿပီး ေျပာဆုိရမွာေပါ့။ စည္း႐ုံးလုိ႔မွ မရရင္ေတာ့ စည္ပင္ဥပေဒနဲ႔ အေရးယူရမွာပါ”ဟု ဦးေဇာ္ျမင့္က ေျပာသည္ ။

ပုဇြန္ေတာင္ၿမိဳ႕နယ္ ၇ ရပ္ကြက္တြင္ ၿပီးခဲ့သည့္ၾသဂုတ္လအတြင္းက ေနာက္ေဖးလမ္းၾကား ႐ွင္းလင္းေဆာင္ရြက္ေနမႈကုိ ရန္ကုန္စည္ပင္ေကာ္မတီဝင္ ၅ ေဒၚသန္းျမင့္ေအာင္ႏွင့္ တာဝန္ရိွသူမ်ား သြားေရာက္ၾကည့္႐ႈစဥ္ကလည္း ေနအိမ္တုိက္ခန္းေပၚမွ အမႈိက္ထုပ္ပစ္ခ်မႈတစ္ခုျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ျမိဳ႕တြင္း ၆ ျမိဳ႕နယ္ရိွ ေနာက္ေဖးလမ္းၾကားမ်ားတြင္ စည္းကမ္းမဲ့ စြန္႔ပစ္ထားေသာ ေနာက္ေဖးလမ္းၾကားအမိႈက္မ်ား ႐ွင္းလင္းေဆာင္ရြက္ေရး ေ႐ွ႕ေျပးစီမံခ်က္ကုိ ၾသဂုတ္ ၁၅ ရက္ေန႔မွစတင္ခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် နောက်ဖေးလမ်းကြား ရှင်းလင်းရေးဆောင်ရွက်နေသည့် စည်ပင် သန့်ရှင်းရေးဝန်ထမ်းများကို နေအိမ်အပေါ်ထပ်တိုက်ခန်းမှနေ၍ မစင်ရေဖြင့် ပက်ဖြန်းမှု စက်တင်ဘာ ၂၈ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ ၅၆ လမ်းနှင့် ဗိုလ်တထောင်ဈေးလမ်း ရှိနောက်ဖေးလမ်းကြားများအား ရှင်းလင်းဆောင်ရွက်နေစဉ် ထိုသို့ ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး
ဦးဇော်မြင့်က News Watch သို့ ပြောသည်။

“မစင်ရေတွေနဲ့ ပက်တာ နှစ်ခါတောင်၊ အဲဒီလိုဖြစ်တော့ သန့်ရှင်းရေးဝန်ထမ်းတွေကလည်း မလုပ်ချင်ကြဘူးပေါ့။ ဒါနဲ့ လော်စပီကာနဲ့ လှမ်းအော်ရတယ်။ ဘယ်က လုပ်တယ်ဆိုတာတော့မသိရဘူး။ ဒါမျိုးတွေနဲ့ စည်းကမ်းမဲ့တာမျိုးတွေ မလုပ်ဖို့ စည်းရုံးပြီး ပြောဆိုရမှာပေါ့။ စည်းရုံးလို့မှ မရရင်တော့ စည်ပင်ဥပဒေနဲ့ အရေးယူရမှာပါ”ဟု ဦးဇော်မြင့်က ပြောသည် ။

ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်တွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းက နောက်ဖေးလမ်းကြား ရှင်းလင်းဆောင်ရွက်နေမှုကို ရန်ကုန်စည်ပင်ကော်မတီဝင် ၅ ဒေါ်သန်းမြင့်အောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစဉ်ကလည်း နေအိမ်တိုက်ခန်းပေါ်မှ အမှိုက်ထုပ်ပစ်ချမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရှိ နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသော နောက်ဖေးလမ်းကြားအမှိုက်များ ရှင်းလင်းဆောင်ရွက်ရေး ရှေ့ပြေးစီမံချက်ကို သြဂုတ် ၁၅ ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top