Property Expo
×

ကၽြန္မတို႔ မိန္းမေတြအတြက္ ခႏၶာကိုယ္ အခ်ဳိးစားက်ျပီး ေမာ္ဒယ္တစ္ေယာက္နဲ႔ တူတဲ့ေယာက္်ားမ်ဳိး မလိုပါဘူး။ အရာရာ ျပည့္စုံျပီး ထူးခၽြန္ထက္ျမက္လြန္းတဲ့ ေယာက္်ားမ်ဳိးလည္း မလုိပါဘူး။ ဆရာဝန္မွ၊ အင္ဂ်င္နီယာမွ၊ ကုမၸဏီၾကီးပိုင္တဲ့သူမွ မဟုတ္ပါဘူး။ ကၽြန္မတို႔ လုိခ်င္တဲ့ ေယာက္်ားဆုိတာ ကိုယ္ခ်စ္ရသလို ကိုယ့္အေပၚျပန္ျပီးၾကင္နာတတ္မယ့္ ေယာက္်ားတစ္ေယာက္ကိုပဲ အလုိရွိတာပါ။

ကၽြန္မခ်စ္တဲ့ေယာက္်ားက ဝဖုိင့္ဖုိင့္ ျဖစ္ေနလည္း ကၽြန္မခ်စ္တယ္။ မ်က္မွန္အထူၾကီးတပ္ထားရတဲ့သူ ျဖစ္ေနရင္လည္း ကၽြန္မခ်စ္တာပဲ။ ဆံပင္နည္းလုိ႔ ထိပ္ေျပာင္ေနေန၊ အရပ္ၾကီး မိုးထိုးလို႔ ဘယ္ေလာက္ပဲ ျမင့္ေနပါေစ ကၽြန္မခ်စ္တယ္။ ဒါေပမဲ့ ကၽြန္မအတြက္ သစၥာတရားေလးေတာ့ ပါလာဖုိ႔လုိတာေပါ့။ မိန္းမေတြခ်စ္တဲ့ အခ်စ္မွာ ခ်စ္ရတဲ့သူအတြက္ဆုိ ဘာမွမေၾကာက္တတ္ဘူး။ အရာအားလုံး ဦးေဆာင္ႏုိင္တဲ့ ေယာက္်ားတစ္ေယာက္ မဟုတ္ခဲ့ရင္ေတာင္ ေဖးမရင္း မသိမသာနဲ႔ ကူညီလမ္းျပေပးသြားမွာ ကၽြန္မတို႔ မိန္းမေတြပါ။

ကိုယ့္အတြက္ အျမဲတာဝန္ယူေနရမယ္လို႔ ေတာင္းဆုိေနမယ့္သူေတြမဟုတ္ဘဲ ကိုယ့္တာဝန္ကိုယ္ယူရမယ္ဆုိရင္လည္း ခ်စ္ရဲတဲ့ မိန္းမေတြအမ်ားၾကီးရွိပါတယ္။ ကၽြန္မအတြက္ ေပးဆပ္ရဲတဲ႔ ေမတၱာတရားသာပါလာခဲ့မယ္ဆုိရင္ ျပီးျပည့္စုံတဲ့ ေယာက္်ားမလိုပါဘူး။ ေယာက္်ားေကာင္းတစ္ေယာက္ ျဖစ္ရွိေနေပးရင္ ရပါျပီ။ ကၽြန္မတို႔ မိန္းကေလးေတြ ေတာင့္တေနတဲ့ ေယာက္်ားမ်ဳိးဆိုတာ ကၽြန္မကို ျပဳံးရႊင္ေအာင္ လုပ္ေပးမယ့္သူျဖစ္ျပီး အဓိကကေတာ့ သူ႔ေၾကာင့္ ကၽြန္မနာက်င္ခံစားရမွာကို ေၾကာက္တတ္တဲ့သူတစ္ေယာက္ ျဖစ္ေပးရင္ပဲ တကယ္ကို ေက်နပ္ႏုိင္တာ ကၽြန္မတို႔ မိန္းမေတြပါပဲ။

ကၽြန္မခ်စ္တဲ့ေယာက္်ားက တစ္ကမာၻလုံးက လူေတြအေခ်ာဆုံးလို႔ သတ္မွတ္ထားတဲ့သူတစ္ေယာက္ မဟုတ္ေပမဲ့ ကၽြန္မႏွလုံးသားထဲမွာေတာ့ အခန္႔ညားဆုံးသူတစ္ေယာက္ျဖစ္သလုိ ကၽြန္မဘယ္ပုံစံျဖစ္ေနေန ကၽြန္မတစ္ေယာက္တည္းကိုပဲ ပုံျပီးခ်စ္ႏုိင္မယ့္သူတစ္ေယာက္က ကၽြန္မတို႔ မိန္းမသားေတြအလိုခ်င္ဆုံး ေယာက္်ားတစ္ေယာက္ရဲ႕ အေျခခံအခ်က္ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ကျွန်မတို့ မိန်းမတွေအတွက် ခန္ဓာကိုယ် အချိုးစားကျပြီး မော်ဒယ်တစ်ယောက်နဲ့ တူတဲ့ယောက်ျားမျိုး မလိုပါဘူး။ အရာရာ ပြည့်စုံပြီး ထူးချွန်ထက်မြက်လွန်းတဲ့ ယောက်ျားမျိုးလည်း မလိုပါဘူး။ ဆရာဝန်မှ၊ အင်ဂျင်နီယာမှ၊ ကုမ္ပဏီကြီးပိုင်တဲ့သူမှ မဟုတ်ပါဘူး။ ကျွန်မတို့ လိုချင်တဲ့ ယောက်ျားဆိုတာ ကိုယ်ချစ်ရသလို ကိုယ့်အပေါ်ပြန်ပြီးကြင်နာတတ်မယ့် ယောက်ျားတစ်ယောက်ကိုပဲ အလိုရှိတာပါ။

ကျွန်မချစ်တဲ့ယောက်ျားက ဝဖိုင့်ဖိုင့် ဖြစ်နေလည်း ကျွန်မချစ်တယ်။ မျက်မှန်အထူကြီးတပ်ထားရတဲ့သူ ဖြစ်နေရင်လည်း ကျွန်မချစ်တာပဲ။ ဆံပင်နည်းလို့ ထိပ်ပြောင်နေနေ၊ အရပ်ကြီး မိုးထိုးလို့ ဘယ်လောက်ပဲ မြင့်နေပါစေ ကျွန်မချစ်တယ်။ ဒါပေမဲ့ ကျွန်မအတွက် သစ္စာတရားလေးတော့ ပါလာဖို့လိုတာပေါ့။ မိန်းမတွေချစ်တဲ့ အချစ်မှာ ချစ်ရတဲ့သူအတွက်ဆို ဘာမှမကြောက်တတ်ဘူး။ အရာအားလုံး ဦးဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ခဲ့ရင်တောင် ဖေးမရင်း မသိမသာနဲ့ ကူညီလမ်းပြပေးသွားမှာ ကျွန်မတို့ မိန်းမတွေပါ။

ကိုယ့်အတွက် အမြဲတာဝန်ယူနေရမယ်လို့ တောင်းဆိုနေမယ့်သူတွေမဟုတ်ဘဲ ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုရင်လည်း ချစ်ရဲတဲ့ မိန်းမတွေအများကြီးရှိပါတယ်။ ကျွန်မအတွက် ပေးဆပ်ရဲတဲ့ မေတ္တာတရားသာပါလာခဲ့မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ယောက်ျားမလိုပါဘူး။ ယောက်ျားကောင်းတစ်ယောက် ဖြစ်ရှိနေပေးရင် ရပါပြီ။ ကျွန်မတို့ မိန်းကလေးတွေ တောင့်တနေတဲ့ ယောက်ျားမျိုးဆိုတာ ကျွန်မကို ပြုံးရွှင်အောင် လုပ်ပေးမယ့်သူဖြစ်ပြီး အဓိကကတော့ သူ့ကြောင့် ကျွန်မနာကျင်ခံစားရမှာကို ကြောက်တတ်တဲ့သူတစ်ယောက် ဖြစ်ပေးရင်ပဲ တကယ်ကို ကျေနပ်နိုင်တာ ကျွန်မတို့ မိန်းမတွေပါပဲ။

ကျွန်မချစ်တဲ့ယောက်ျားက တစ်ကမ္ဘာလုံးက လူတွေအချောဆုံးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက် မဟုတ်ပေမဲ့ ကျွန်မနှလုံးသားထဲမှာတော့ အခန့်ညားဆုံးသူတစ်ယောက်ဖြစ်သလို ကျွန်မဘယ်ပုံစံဖြစ်နေနေ ကျွန်မတစ်ယောက်တည်းကိုပဲ ပုံပြီးချစ်နိုင်မယ့်သူတစ်ယောက်က ကျွန်မတို့ မိန်းမသားတွေအလိုချင်ဆုံး ယောက်ျားတစ်ယောက်ရဲ့ အခြေခံအချက်ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top