Property Expo
×

 ျပည္တြင္းအေခါက္ေရႊ ေစ်းသည္ စံခ်ိန္လြန္ေစ်းျဖစ္သည့္ တစ္က်ပ္သားလွ်င္ က်ပ္ ၉၀၀,၀၀၀ ခန္႔ျဖစ္လာေၾကာင္း ျပည္တြင္းေရႊ ေစ်းကြက္မွ သတင္းရရွိသည္။

ေရႊေစ်းတက္ရျခင္းမွာ ႏုိင္ငံ ျခားေငြလဲႏႈန္းျမင့္တက္လာျခင္း၊ သီတင္းကြၽတ္ကာလအႀကိဳ ေရႊ အဝယ္လိုက္လာျခင္းတို႔ေၾကာင့္ ျဖစ္ေၾကာင္း ျပည္တြင္း ေရႊလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

‘‘အခု ေဒၚလာေစ်းက က်ပ္၁,၂၆၀ ေက်ာ္ကို တက္လာေတာ့ အခုလို ေစ်းတက္လာတာပါ။ အခုလို တက္လာေတာ့ ေရႊဆိုင္ေတြမွာ ဝယ္လိုအားထက္ ျပန္သြင္းတာ ေတြ မ်ားလာတယ္’’ ဟု ေအာင္ သမာဓိေရႊဆိုင္အေထြေထြမန္ေန ဂ်ာ ဦးေမာ္က ေျပာသည္။

စက္တင္ဘာ ၂၆ ရက္တြင္ မႏၲေလးၿမိဳ႕၌ အေခါက္ေရႊ ေစ်း သည္ က်ပ္ ၈၉၄,၀၀၀ အထိ ေစ်း ေပါက္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ အ ေခါက္ေရႊေစ်းတစ္က်ပ္သားလွ်င္ က်ပ္ ၈၉၄,၂၀၀ ေက်ာ္ေပါက္ေစ်း ရွိခဲ့သည္။

‘‘လူေတြက ဘဏ္ကေငြေတြ ထုတ္ၿပီး ေရႊေတြ ဝယ္ၿပီးစုလာ တာေၾကာင့္ ေရႊေစ်း တက္လာ တယ္။ ေနာက္ၿပီး ေဒၚလာေစ်းက လည္း ျမင့္တက္လာေတာ့ ေစ်း တက္လာတယ္’’ဟု ရန္ကုန္တုိင္း ေရႊလုပ္ငန္းရွင္မ်ားအသင္းအ တြင္းေရးမွဴး ဦးဝင္းျမင့္က ေျပာ ၾကားသည္။

ၿပီးခဲ့သည့္ႏွစ္က တစ္ေဒၚ လာလွ်င္ က်ပ္ ၁,၃၀၀ ျဖစ္ခဲ့ၿပီး ေရႊေစ်းက်ပ္ ၈၀၀,၀၀၀ ခန္႔ ရွိခဲ့သည္။ ယခုႏွစ္ ဇူလုိင္တြင္ ၈၅၀,၀၀၀ က်ပ္ေက်ာ္ ေစ်းေပါက္ခဲ့ၿပီး ၾသဂုတ္ ၂၄ ရက္၌ က်ပ္ ၈၈၀,၀၀၀ ခန္႔ ေစ်းေပါက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ပြည်တွင်းအခေါက်ရွှေ ဈေးသည် စံချိန်လွန်ဈေးဖြစ်သည့် တစ်ကျပ်သားလျှင် ကျပ် ၉၀၀,၀၀၀ ခန့်ဖြစ်လာကြောင်း ပြည်တွင်းရွှေ ဈေးကွက်မှ သတင်းရရှိသည်။

ရွှေဈေးတက်ရခြင်းမှာ နိုင်ငံ ခြားငွေလဲနှုန်းမြင့်တက်လာခြင်း၊ သီတင်းကျွတ်ကာလအကြို ရွှေ အဝယ်လိုက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

‘‘အခု ဒေါ်လာဈေးက ကျပ်၁,၂၆၀ ကျော်ကို တက်လာတော့ အခုလို ဈေးတက်လာတာပါ။ အခုလို တက်လာတော့ ရွှေဆိုင်တွေမှာ ဝယ်လိုအားထက် ပြန်သွင်းတာ တွေ များလာတယ်’’ ဟု အောင် သမာဓိရွှေဆိုင်အထွေထွေမန်နေ ဂျာ ဦးမော်က ပြောသည်။

စက်တင်ဘာ ၂၆ ရက်တွင် မန္တလေးမြို့၌ အခေါက်ရွှေ ဈေး သည် ကျပ် ၈၉၄,၀၀၀ အထိ ဈေး ပေါက်ခဲ့ပြီး ရန်ကုန်မြို့တွင် အ ခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ကျပ် ၈၉၄,၂၀၀ ကျော်ပေါက်ဈေး ရှိခဲ့သည်။

‘‘လူတွေက ဘဏ်ကငွေတွေ ထုတ်ပြီး ရွှေတွေ ဝယ်ပြီးစုလာ တာကြောင့် ရွှေဈေး တက်လာ တယ်။ နောက်ပြီး ဒေါ်လာဈေးက လည်း မြင့်တက်လာတော့ ဈေး တက်လာတယ်’’ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းအ တွင်းရေးမှူး ဦးဝင်းမြင့်က ပြော ကြားသည်။

ပြီးခဲ့သည့်နှစ်က တစ်ဒေါ် လာလျှင် ကျပ် ၁,၃၀၀ ဖြစ်ခဲ့ပြီး ရွှေဈေးကျပ် ၈၀၀,၀၀၀ ခန့် ရှိခဲ့သည်။ ယခုနှစ် ဇူလိုင်တွင် ၈၅၀,၀၀၀ ကျပ်ကျော် ဈေးပေါက်ခဲ့ပြီး သြဂုတ် ၂၄ ရက်၌ ကျပ် ၈၈၀,၀၀၀ ခန့် ဈေးပေါက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top