Kantharyar Centre
×
Credit:Trend Myanmar
#Unicode Version
The Johns Hopkins တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တက်ရောက်ရယူခဲ့တဲ့ အသစ်စက်စက် မဟာဘွဲ့ပိုင်ရှင်ကတော့ ခွေးလေး Kirsch ဖြစ်ပါတယ်။ Carlos Mora က နှစ်သိမ့်ဆွေးနွေးမှုပညာရပ်နဲ့ မဟာဘွဲ့ကို လက်ခံရယူတဲ့အချိန်မှာ သူ့ရဲ့ ခွေးလေးဖြစ်တဲ့ Kirsch ကလည်း သူ့သခင်ရဲ့ အတန်းအားလုံးကို မပျက်မကွက် တက်ရောက်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင် မဟာဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
Kirsch ကကျန်တဲ့ ဘွဲ့နှင်းသဘင်တက်ရောက်သူတွေလိုပဲ ဘွဲ့ဝတ်စုံနဲ့ ဦးထုတ်ကိုဝတ်ဆင်ပြီး မေ ၂၃ ရက်နေ့မှာ ဘွဲ့တက်ရောက် ယူခဲ့တာဖြစ်ပါတယ်။ ဘွဲ့နှင်းသဘင်ရဲ့ နောက်ဆုံးတက်ရောက် ဘွဲ့ယူသူကတော့ Carlos Mora နဲ့ သူ့ရဲ့ ခွေးလေး Kirsch ဖြစ်ပြီး နှစ်ဦးစလုံးက စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုပညာ မဟာဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဘွဲ့ချီးမြှင့်တဲ့အတွက် Kirsch ကိုအဖိုးအခကောက်ခံမှာ မဟုတ်ဘူးဆိုတာကို အားလုံးကို သိစေချင်ပါတယ်လို့ ကျောင်းအာဏာပိုင်တွေကဆိုပါတယ်။
သူ့သခင်လိုပဲ Kirsch ကကျောင်းရဲ့ ပညာရပ်ဆိုင်ရာ ဌာနမှူး David Andrews နဲ့ ဒုုပညာရေးမှူး Dr. Cheryl Holcomb-McCoy နှစ်ဦးစလုံး လက်မှတ်ထိုးထားတဲ့ ဘွဲ့လက်မှတ်ကို ရရှိခဲ့ပါတယ်။ ဘွဲ့နှင်းသဘင် အခမ်းအနားအပြီးမှာတော့ Kirsch ကို ဓာတ်ပုံရိုက်ဖို့အတွက် အခက်အခဲ အနည်းငယ်တွေ့ခဲ့ကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top