Property Expo
×

 သံသယ တရားခံမ်ားကို ရဲမ်ားက ပစ္ခတ္မႈမ်ား ဆက္တုိက္ ျဖစ္ေပၚခဲ့ၿပီးေနာက္ ဆႏၵျပမႈမ်ား ျပင္းျပင္းထန္ထန္ ေပၚေပါက္လာရာမွ အေမရိကန္ရွိ ျပည္နယ္တစ္ခုတြင္ အေရးေပၚ အေျခအေန ထုတ္ျပန္ ေၾကညာခဲ့ရသည္။

ေျမာက္ကာ႐ိုလိုင္းနား ျပည္နယ္အစိုးရက ခ်ားေလာ့တ္ၿမိဳ႕တြင္ ဆႏၵျပရာမွ အဓိက႐ုဏ္းဆန္ဆန္ အသြင္ေဆာင္လာသည့္ေနာက္ အေရးေပၚအေျခအေန ေၾကညာခဲ့သလို အမ်ိဳးသားလံုၿခံဳေရးအေစာင့္တပ္ဖြဲ႕မ်ားကိုပါ ေစလႊတ္ခဲ့ရသည္။

လူမည္း အမ်ိဳးသားတစ္ဦးကို ရဲမ်ားက ပစ္သတ္မႈႏွင့္ ပတ္သက္၍ ႏွစ္ညဆက္တိုက္ ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ စက္တင္ဘာ ၂၁ ရက္တြင္ အေျခအေန ပိုမိုဆိုးရြားလာသည္။ အရပ္သား အခ်င္းခ်င္း ထိခိုက္မႈေၾကာင့္ လူတစ္ဦး ဒဏ္ရာ အျပင္းအထန္ ရရွိၿပီး ေဆး႐ံုသို႔ တင္ပို႔ခဲ့ရေၾကာင္းလည္း အာဏာပိုင္မ်ားက ဆိုသည္။

အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲမ်ားက ရာေပါင္းမ်ားစြာေသာ ဆႏၵျပသူမ်ားကို လူစုခြဲရန္ မ်က္ရည္ယိုဗံုးမ်ားကို အသံုးျပဳခဲ့ရသည္။ အဆိုပါ ဆႏၵျပမႈမ်ားသည္ ၿပီးခဲ့သည့္ သီိတင္းပတ္အတြင္း အသက္ ၄၃ ႏွစ္အရြယ္ ကိတ္သ္လာမြန္႔ စေကာ့ကို ရဲမ်ားက ပစ္သတ္ျခင္းေၾကာင့္ ေပၚေပါက္လာျခင္း ျဖစ္သည္။

ရဲတပ္ဖြဲ႕က စေကာ့သည္ ေသနတ္ကိုင္ထားေသာေၾကာင့္ လက္နက္ခ်ရန္ ညႊန္ၾကားခဲ့ေသာ္လည္း မလုိက္နာသည့္အတြက္ ပစ္ခတ္ခဲ့ရျခင္းဟု ေၾကညာခဲ့ေသာ္လည္း မိသားစုကမူ ထိုအခ်ိန္က စေကာ့သည္ စာအုပ္ဖတ္ေနျခင္းသာျဖစ္ေၾကာင္း ေျပာၾကားထားသည္။

စက္တင္ဘာ ၂၁ ရက္ ဆႏၵျပမႈမ်ားတြင္ အေျခအေနကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားရင္း ရဲတပ္ဖြဲ႕ဝင္ ၁၃ ဦးထိ ဒဏ္ရာရခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္တြင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ပတ္မေကၠာ္ရီက အေရးေပၚအေျခအေန ထုတ္ျပန္ ေၾကညာခဲ့သည္။

အေမရိကန္တြင္ အာဖရိကန္ဖြား လူမည္းမ်ားကို လူျဖဴရဲတပ္ဖြဲ႕ဝင္မ်ားက အဆင္ျခင္မဲ့ ပစ္ခတ္ခဲ့ေၾကာင္း စြပ္စြဲမႈမ်ားႏွင့္အတူ ၿပီးခဲ့သည့္ ၂ ႏွစ္တာအတြင္း ဆႏၵျပမႈမ်ား မၾကာခဏ ေပၚေပါက္ခဲ့သည္။ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ကလည္း တူလ္ဆာတြင္ လက္နက္မဲ့ လူမည္းအမ်ိဳးသား တစ္ဦးျဖစ္သည့္ တီရန္ေဆး ကရတ္ခ်ာကို ရဲမ်ားက ဖမ္းဆီးစဉ္ အေသပစ္သတ္ခဲ့သည့္ျဖစ္ရပ္ ေပၚေပါက္ခဲ့ေသးေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 သံသယ တရားခံများကို ရဲများက ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာရာမှ အမေရိကန်ရှိ ပြည်နယ်တစ်ခုတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရသည်။

မြောက်ကာရိုလိုင်းနား ပြည်နယ်အစိုးရက ချားလော့တ်မြို့တွင် ဆန္ဒပြရာမှ အဓိကရုဏ်းဆန်ဆန် အသွင်ဆောင်လာသည့်နောက် အရေးပေါ်အခြေအနေ ကြေညာခဲ့သလို အမျိုးသားလုံခြုံရေးအစောင့်တပ်ဖွဲ့များကိုပါ စေလွှတ်ခဲ့ရသည်။

လူမည်း အမျိုးသားတစ်ဦးကို ရဲများက ပစ်သတ်မှုနှင့် ပတ်သက်၍ နှစ်ညဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်တွင် အခြေအနေ ပိုမိုဆိုးရွားလာသည်။ အရပ်သား အချင်းချင်း ထိခိုက်မှုကြောင့် လူတစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိပြီး ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။

အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ရာပေါင်းများစွာသော ဆန္ဒပြသူများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများကို အသုံးပြုခဲ့ရသည်။ အဆိုပါ ဆန္ဒပြမှုများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အသက် ၄၃ နှစ်အရွယ် ကိတ်သ်လာမွန့် စကော့ကို ရဲများက ပစ်သတ်ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က စကော့သည် သေနတ်ကိုင်ထားသောကြောင့် လက်နက်ချရန် ညွှန်ကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် ပစ်ခတ်ခဲ့ရခြင်းဟု ကြေညာခဲ့သော်လည်း မိသားစုကမူ ထိုအချိန်က စကော့သည် စာအုပ်ဖတ်နေခြင်းသာဖြစ်ကြောင်း ပြောကြားထားသည်။

စက်တင်ဘာ ၂၁ ရက် ဆန္ဒပြမှုများတွင် အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားရင်း ရဲတပ်ဖွဲ့ဝင် ၁၃ ဦးထိ ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။ ထို့နောက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ပတ်မက္ကော်ရီက အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်တွင် အာဖရိကန်ဖွား လူမည်းများကို လူဖြူရဲတပ်ဖွဲ့ဝင်များက အဆင်ခြင်မဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့်အတူ ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း တူလ်ဆာတွင် လက်နက်မဲ့ လူမည်းအမျိုးသား တစ်ဦးဖြစ်သည့် တီရန်ဆေး ကရတ်ချာကို ရဲများက ဖမ်းဆီးစဉ် အသေပစ်သတ်ခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top