Property Expo
×

သန္လ်င္ၿမိဳ႕နယ္ရွိ ၾကာ အင္းေက်းရြာတြင္ အရက္အတူ ေသာက္စေနာက္ရာမွ လူၾကမ္း သ႐ုပ္ေဆာင္ကုလားႀကီး ဝက္အူ လွည့္ျဖင့္ အထိုးခံရၿပီး ျပစ္မႈက်ဴး လြန္သူသည္ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သတင္းရရွိသည္။

ၾကာအင္းေက်းရြာတြင္ စက္ တင္ဘာ ၂၅ ရက္ ည ၈ နာရီ ေက်ာ္က အသက္(၂၄)ႏွစ္အရြယ္ ဗီဒီယိုသ႐ုပ္ေဆာင္ ကုလား(ခ)ကုလားႀကီးသည္ အသုပ္ဆုိင္၌အသုပ္စားေနစဥ္ အသက္ (၂၄) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက ေနာက္မွ ဝက္အူလွည့္ျဖင့္ ထုိးခဲ့ ျခင္းျဖစ္ေၾကာင္း သန္လ်င္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘သူတုိ႕ႏွစ္ေယာက္က သူ ငယ္ခ်င္းေတြပါ။ ဝက္အူလွည့္နဲ႔ မထိုးခင္ကလည္း ႏွစ္ေယာက္အ ရက္အတူေသာက္တယ္။ ေနာက္ ေတာ့မွ အထိုးခံရတဲ့သူက အသုပ္ ဆုိင္မွာ ဝင္စားေနတုန္း ေနာက္ ကလိုက္လာၿပီး အေနာက္ကေန ဖက္ၿပီး ထိုးလိုက္တာပါ’’ဟု ၎ ရဲအရာရွိက ေျပာသည္။

ဝက္အူလွည့္ျဖင့္ အထုိးခံရ ၍ ကုလား (ခ) ကုလားႀကီးသည္ ခ်က္အေပၚပိုင္းတြင္ ထုိးသြင္းဒဏ္ရာရရွိခဲ့ၿပီး ရန္ကုန္ျပည္သူ႔ေဆး ႐ံု၌ ကုသမႈခံယူေနကာ ျပစ္မႈက်ဴးလြန္သူကို ရာဇသတ္ႀကီးပုဒ္မ (အျပင္း အထန္နာက်င္ ေစမႈ) ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
သန်လျင်မြို့နယ်ရှိ ကြာ အင်းကျေးရွာတွင် အရက်အတူ သောက်စနောက်ရာမှ လူကြမ်း သရုပ်ဆောင်ကုလားကြီး ဝက်အူ လှည့်ဖြင့် အထိုးခံရပြီး ပြစ်မှုကျူး လွန်သူသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။

ကြာအင်းကျေးရွာတွင် စက် တင်ဘာ ၂၅ ရက် ည ၈ နာရီ ကျော်က အသက်(၂၄)နှစ်အရွယ် ဗီဒီယိုသရုပ်ဆောင် ကုလား(ခ)ကုလားကြီးသည် အသုပ်ဆိုင်၌အသုပ်စားနေစဉ် အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးက နောက်မှ ဝက်အူလှည့်ဖြင့် ထိုးခဲ့ ခြင်းဖြစ်ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့နှစ်ယောက်က သူ ငယ်ချင်းတွေပါ။ ဝက်အူလှည့်နဲ့ မထိုးခင်ကလည်း နှစ်ယောက်အ ရက်အတူသောက်တယ်။ နောက် တော့မှ အထိုးခံရတဲ့သူက အသုပ် ဆိုင်မှာ ဝင်စားနေတုန်း နောက် ကလိုက်လာပြီး အနောက်ကနေ ဖက်ပြီး ထိုးလိုက်တာပါ’’ဟု ၎င်း ရဲအရာရှိက ပြောသည်။

ဝက်အူလှည့်ဖြင့် အထိုးခံရ ၍ ကုလား (ခ) ကုလားကြီးသည် ချက်အပေါ်ပိုင်းတွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေး ရုံ၌ ကုသမှုခံယူနေကာ ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ (အပြင်း အထန်နာကျင် စေမှု) ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top