Property Expo
×

ေယာက္်ားဘဝနဲ႔ ေမြးဖြားလာတဲ့ အသက္ ၁၅ ႏွစ္အရြယ္ တုိင္လာဟာ အသက္ ၁၄ ႏွစ္အရြယ္မွာ သူဟာ မိန္းမဘဝကိုသာ မက္ေမာသူဆုိတာ သိလုိက္ရၿပီး ကိုင္ရာကာလီဆုိတဲ့နာမည္နဲ႔ မိန္းကေလးအျဖစ္ ခံယူလိုက္ပါတယ္။

ေယာက္်ားေလးအျဖစ္နဲ႔ ေက်ာင္းတက္ခဲ့တဲ့ သူဟာ ေႏြရာသီေက်ာင္းပိတ္ရက္အလြန္မွာ မိန္းကေလးပံုစံနဲ႔ ေက်ာင္းျပန္တက္ခဲ့သူပါ။

ၿဗိတိန္ႏုိင္ငံ၊ ေျမာက္ေယာ့႐ႈိင္းယားမွာေနထုိင္တဲ့ ကိုင္ရာကာလီဟာ ကင္မ္ကာဒါရွီယန္ကို အရမ္းႀကိဳက္သူ ျဖစ္ပါတယ္။

ငယ္စဥ္ကတည္းက ေယာက္်ားဘဝျဖစ္ေနေပမဲ့ အလွျပင္ရတာႏွစ္သက္ၿပီး ေဒါက္ျမင့္ဖိနပ္ကိုမွ စီးခ်င္တဲ့သူဟာ ကိုယ့္ကိုယ္ကို နားမလည္မႈေတြနဲ႔ ရွင္သန္ခဲ့ရတာ ျဖစ္ပါတယ္။

ေယာက္်ားေလးေတြနဲ႔ အေပါင္းအသင္းမလုပ္ခ်င္တဲ့ ေဘာလံုးကို မုန္းၿပီး ေယာက္်ားေလးအဝတ္အစားေတြကိုလည္း မႏွစ္သက္တဲ့ တိုင္လာရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းေတြက မိန္းကေလးေတြပဲ ျဖစ္ေနခဲ့ပါတယ္။

အသက္ ၁၃ ႏွစ္အရြယ္မွာေတာ့ သူ႔ရဲ႕မိခင္က သူ႔ကို ေက်ာင္းတက္ခ်ိန္ျပင္ပမွ မိတ္ကပ္လိမ္းခြင့္ေပးခဲ့ေပမဲ့ သူ႔စိတ္ထဲမွာ ေက်နပ္အားရမႈေတာ့ မရခဲ့ပါဘူး။

"ေဂးတစ္ေယာက္အျဖစ္ ေနထုိင္္ခဲ့ေပမဲ့ အဲဒါကို သက္ေသာင့္သက္သာမျဖစ္ဘူး။ တစ္ခုခု လြဲေခ်ာ္ေနေသးတယ္လို႔ ခံစားရတယ္" လုိ႔ သူက ဆုိပါတယ္။

အသက္ ၁၄ ႏွစ္အရြယ္မွာ YouTube ကေန မိတ္ကပ္ျပင္နည္းၾကည့္ေနရင္း လိင္ေျပာင္းအမ်ဳိးသမီးတစ္ေယာက္အေၾကာင္း ၾကည့္လုိက္ရခ်ိန္မွာေတာ့ မွားယြင္းတဲ့ခႏၶာကိုယ္ထဲမွာ ပိတ္မိေနသူဆုိတဲ့အေၾကာင္းကို ၾကားလိုက္ခ်ိန္မွာေတာ့ သူဘာျဖစ္ခ်င္တယ္ဆုိတာကို အတိအက် သိလုိက္ရပါေတာ့တယ္။

ဒီအေၾကာင္းကို သူ႔ရဲ႕သူငယ္ခ်င္းမေလးကို ေျပာျပလုိက္ခ်ိန္မွာေတာ့ သူငယ္ခ်င္းက ကူညီခဲ့တယ္လို႔ ဆုိပါတယ္။

"သူက အရမ္းကို အားေပးပါတယ္။ အဲဒီညပဲ အေဖ့ကို ေျပာခဲ့တယ္။ အေဖက လက္ခံတယ္။ ကၽြန္မဘယ္လိုပဲျဖစ္ျဖစ္ သူခ်စ္တယ္လို႔ ေနာက္ေန႔မနက္မွာ ေျပာတယ္" လုိ႔ သူက ေျပာျပပါတယ္။

၂၀၁၅ ခုႏွစ္မွာေတာ့ သူဟာ လိင္ေျပာင္းလဲသြားၿပီျဖစ္ၿပီး သူ႔ရဲ႕နာမည္ကို ကိုင္ရာလို႔ ေျပာင္းလိုက္ၿပီျဖစ္ေၾကာင္း ေဖ့စ္ဘြတ္ကေန ေၾကညာခဲ့ပါတယ္။

အခုအခါ မိန္းကေလးတစ္ေယာက္လိုပဲ အျမဲေနထုိင္တဲ့ ကိုင္ရာဟာ ေနာက္ပိုင္းမွာ လိင္ပိုင္းဆုိင္ရာ ေျပာင္းလဲမႈေတြနဲ႔ ေဟာ္မုန္းေျပာင္းေဆးေတြ ထိုးသြားမယ္လို႔ ဆိုုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ယောက်ျားဘဝနဲ့ မွေးဖွားလာတဲ့ အသက် ၁၅ နှစ်အရွယ် တိုင်လာဟာ အသက် ၁၄ နှစ်အရွယ်မှာ သူဟာ မိန်းမဘဝကိုသာ မက်မောသူဆိုတာ သိလိုက်ရပြီး ကိုင်ရာကာလီဆိုတဲ့နာမည်နဲ့ မိန်းကလေးအဖြစ် ခံယူလိုက်ပါတယ်။

ယောက်ျားလေးအဖြစ်နဲ့ ကျောင်းတက်ခဲ့တဲ့ သူဟာ နွေရာသီကျောင်းပိတ်ရက်အလွန်မှာ မိန်းကလေးပုံစံနဲ့ ကျောင်းပြန်တက်ခဲ့သူပါ။

ဗြိတိန်နိုင်ငံ၊ မြောက်ယော့ရှိုင်းယားမှာနေထိုင်တဲ့ ကိုင်ရာကာလီဟာ ကင်မ်ကာဒါရှီယန်ကို အရမ်းကြိုက်သူ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ယောက်ျားဘဝဖြစ်နေပေမဲ့ အလှပြင်ရတာနှစ်သက်ပြီး ဒေါက်မြင့်ဖိနပ်ကိုမှ စီးချင်တဲ့သူဟာ ကိုယ့်ကိုယ်ကို နားမလည်မှုတွေနဲ့ ရှင်သန်ခဲ့ရတာ ဖြစ်ပါတယ်။

ယောက်ျားလေးတွေနဲ့ အပေါင်းအသင်းမလုပ်ချင်တဲ့ ဘောလုံးကို မုန်းပြီး ယောက်ျားလေးအဝတ်အစားတွေကိုလည်း မနှစ်သက်တဲ့ တိုင်လာရဲ့ အချစ်ဆုံးသူငယ်ချင်းတွေက မိန်းကလေးတွေပဲ ဖြစ်နေခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်မှာတော့ သူ့ရဲ့မိခင်က သူ့ကို ကျောင်းတက်ချိန်ပြင်ပမှ မိတ်ကပ်လိမ်းခွင့်ပေးခဲ့ပေမဲ့ သူ့စိတ်ထဲမှာ ကျေနပ်အားရမှုတော့ မရခဲ့ပါဘူး။

"ဂေးတစ်ယောက်အဖြစ် နေထိုင်ခဲ့ပေမဲ့ အဲဒါကို သက်သောင့်သက်သာမဖြစ်ဘူး။ တစ်ခုခု လွဲချော်နေသေးတယ်လို့ ခံစားရတယ်" လို့ သူက ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ YouTube ကနေ မိတ်ကပ်ပြင်နည်းကြည့်နေရင်း လိင်ပြောင်းအမျိုးသမီးတစ်ယောက်အကြောင်း ကြည့်လိုက်ရချိန်မှာတော့ မှားယွင်းတဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေသူဆိုတဲ့အကြောင်းကို ကြားလိုက်ချိန်မှာတော့ သူဘာဖြစ်ချင်တယ်ဆိုတာကို အတိအကျ သိလိုက်ရပါတော့တယ်။

ဒီအကြောင်းကို သူ့ရဲ့သူငယ်ချင်းမလေးကို ပြောပြလိုက်ချိန်မှာတော့ သူငယ်ချင်းက ကူညီခဲ့တယ်လို့ ဆိုပါတယ်။

"သူက အရမ်းကို အားပေးပါတယ်။ အဲဒီညပဲ အဖေ့ကို ပြောခဲ့တယ်။ အဖေက လက်ခံတယ်။ ကျွန်မဘယ်လိုပဲဖြစ်ဖြစ် သူချစ်တယ်လို့ နောက်နေ့မနက်မှာ ပြောတယ်" လို့ သူက ပြောပြပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ သူဟာ လိင်ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ရဲ့နာမည်ကို ကိုင်ရာလို့ ပြောင်းလိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ကနေ ကြေညာခဲ့ပါတယ်။

အခုအခါ မိန်းကလေးတစ်ယောက်လိုပဲ အမြဲနေထိုင်တဲ့ ကိုင်ရာဟာ နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ဟော်မုန်းပြောင်းဆေးတွေ ထိုးသွားမယ်လို့ ဆိုုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top