Kantharyar Centre
×

ေခါင္ရည္ဆိုင္တြင္ စကားမ်ားရန္ျဖစ္ခဲ့ရာမွ တစ္ရပ္ ကြက္တည္းသားခ်င္း ဓားျဖင့္ထိုးသျဖင့္ လူတစ္ဦးေသဆံုးခဲ့မႈ ေအာင္လံၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည္။

စက္တင္ဘာ ၂၃ ရက္ညက ေအာင္လံၿမိဳ႕ ကုသိနာ႐ုံဘုရားေရွ႕တြင္ လူတစ္ဦးဓားထိုးခံရသျဖင့္ လဲက်ေနေၾကာင္း သတင္းေပးခ်က္အရ ေအာင္လံၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွ တာ၀န္ရွိသူမ်ား သြားေရာက္စစ္ေဆးခဲ့ရာ စက္႐ုံရပ္ကြက္ ျပည္ေတာ္ေအး (၅) လမ္းေန ပန္းရန္လုပ္သား အသက္ (၂၃) ႏွစ္အရြယ္ လူငယ္တစ္ဦးဓားဒဏ္မ်ားျဖင့္ လဲက်ေနသည္ ကို ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းအရ သိရွိရသည္။

နဖူးတြင္ ျပတ္ရွဒဏ္ရာတစ္ ခ်က္အပါအ၀င္ ဘယ္ဘက္ရင္အံု တြင္ ထိုးသြင္းဒဏ္ရာ ႏွစ္ခ်က္၊ ေနာက္ေက်ာဘက္တြင္ ထိုးသြင္း ဒဏ္ရာေလးခ်က္ရရွိခဲ့၍ ေအာင္လံျပည္သူ႕ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသခဲ့ရၿပီး အဆိုပါ ဓားျဖင့္ထိုးခံခဲ့ရေသာ လူငယ္သည္စက္တင္ဘာ ၂၄ ရက္ နံနက္တြင္ ေသဆံုးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ဓားျဖင့္ ထိုးခံရသူ၏ ေျပာ ၾကားခ်က္အရ ဓားျဖင့္ထိုးကာ ထြက္ေျပးသြားသူမွာ တစ္ရပ္ကြက္တည္းေနထိုင္သူ စက္႐ုံရပ္ကြက္ ေအာင္မဂၤလာ (၉) လမ္းမွ အသက္ (၂၅) ႏွစ္အရြယ္ ရဲ၀င္းဆိုသူျဖစ္ေၾကာင္း သိရွိရၿပီး ေခါင္ရည္ဆိုင္တြင္ စကားမ်ားရန္ျဖစ္ခဲ့ရာမွ ဓားျဖင့္ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး႐ုံးမွ တာ၀န္က်အရာရွိက ဆိုသည္။
ဓားျဖင့္ ထိုးခဲ့သည့္ လူငယ္ကို ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားရွိေၾကာင္း ရဲအရာရွိက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


 #Unicode Version

ခေါင်ရည်ဆိုင်တွင် စကားများရန်ဖြစ်ခဲ့ရာမှ တစ်ရပ် ကွက်တည်းသားချင်း ဓားဖြင့်ထိုးသဖြင့် လူတစ်ဦးသေဆုံးခဲ့မှု အောင်လံမြို့တွင် ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်ညက အောင်လံမြို့ ကုသိနာရုံဘုရားရှေ့တွင် လူတစ်ဦးဓားထိုးခံရသဖြင့် လဲကျနေကြောင်း သတင်းပေးချက်အရ အောင်လံမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံရပ်ကွက် ပြည်တော်အေး (၅) လမ်းနေ ပန်းရန်လုပ်သား အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးဓားဒဏ်များဖြင့် လဲကျနေသည် ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရှိရသည်။

နဖူးတွင် ပြတ်ရှဒဏ်ရာတစ် ချက်အပါအဝင် ဘယ်ဘက်ရင်အုံ တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်း ဒဏ်ရာလေးချက်ရရှိခဲ့၍ အောင်လံပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရပြီး အဆိုပါ ဓားဖြင့်ထိုးခံခဲ့ရသော လူငယ်သည်စက်တင်ဘာ ၂၄ ရက် နံနက်တွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

ဓားဖြင့် ထိုးခံရသူ၏ ပြော ကြားချက်အရ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားသူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ စက်ရုံရပ်ကွက် အောင်မင်္ဂလာ (၉) လမ်းမှ အသက် (၂၅) နှစ်အရွယ် ရဲဝင်းဆိုသူဖြစ်ကြောင်း သိရှိရပြီး ခေါင်ရည်ဆိုင်တွင် စကားများရန်ဖြစ်ခဲ့ရာမှ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျအရာရှိက ဆိုသည်။

ဓားဖြင့် ထိုးခဲ့သည့် လူငယ်ကို အောင်လံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း ရဲအရာရှိက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top