Property Expo
×

ဆန္ဟာ ႏုိင္ငံအမ်ားစုမွာ အဓိက စားသုံးတဲ့ အစားအစာျဖစ္ျပီး ဘယ္လုိဟင္းလ်ာမ်ဳိးနဲ႔မဆို လုိက္ဖက္တာမို႔ ကမာၻတစ္ဝွမ္း လူသိမ်ားထင္ရွားပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ကစီဓာတ္ပါဝင္မႈက ကိုယ္အေလးခ်ိန္ ထိန္းသိမ္းသူေတြကို တြန္႔ဆုတ္ေစပါတယ္။ ထမင္းျဖဴမွာ ပါဝင္တဲ့ ကစီဓာတ္ဟာ စားလုိက္တဲ့အခါ အခ်ဳိဓာတ္အျဖစ္ေျပာင္းလဲျပီး ခႏၶာကိုယ္မွာ အဆီတုိးပြားေစပါတယ္။

ကိုယ္အေလးခ်ိန္တက္မွာ စိုးရိမ္စရာမလုိဘဲ ထမင္းကို စိတ္ေအးလက္ေအး သုံးေဆာင္ခ်င္သူအားလုံးအတြက္ ကယ္လုိရီတန္ဖုိး ၅၀ ရာခုိင္ႏႈန္းထက္မနည္း ေလွ်ာ့ခ်ေပးမယ့္ နည္းလမ္းတစ္ခု ေဖာ္ျပေပးခ်င္ပါတယ္။ ဒီနည္းက ကယ္လုိရီေလွ်ာ့ေစရုံမက အက်ဳိးေက်းဇူးေတြပါ ထပ္မံရရိွေစမယ့္ ထမင္းခ်က္နည္းသစ္တစ္ခု ျဖစ္ျပီး Sri Lanka က သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့တာျဖစ္ပါတယ္။

နည္းလမ္း

ေရပြက္ပြက္ဆူေနတဲ့အုိးထဲ အုန္းဆီကို ထည့္၊ ျပီးေနာက္ ဆန္ေပါင္းထည့္ရပါမယ္။ ဆန္ ၁/၂ လုံးအတြက္ အုန္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း ထည့္ပါ။ ဆန္က်က္ျပီဆုိရင္ ေရခဲေသတၱာထဲ ၁၂ နာရီၾကာေအာင္  ထည့္သိမ္းထားႏုိင္ပါတယ္။ စားခ်င္တဲ့အခ်ိန္ မိုက္ခရုိေဝ့ဗ္နဲ႔ ျပန္ေႏြးလုိက္ရုံပါပဲ။

ေလာ့ဂ်စ္ခ္

ကစီဓာတ္တစ္ခုနဲ႔တစ္ခုက အစာေၾကဖုိ႔ လုိအပ္တဲ့အခ်ိန္ မတူၾကပါဘူး။ တခ်ဳိ႕ကစီဓာတ္ေတြဟာ ဂလူးကို႔စ္အျဖစ္ေျပာင္းလဲျမန္ျပီး ေနာက္ glycogen အျဖစ္ေျပာင္းပါတယ္။ ဒီေနရာမွာ glycogen က အဓိကအဆီက်ေစပါတယ္။ မ်ားေနတဲ့အခါ ေလာင္ကြ်မ္းေစဖုိ႔ energy ပိုလုိအပ္ပါတယ္။ ဒီေတာ့ အစာေၾကလြယ္တဲ့ ကစီဓာတ္ေတြေလွ်ာ့ခ်ဖုိ႔ ျဖစ္ပါတယ္။ ဒါကို ထမင္းထဲ အုန္းဆီထည့္ခ်က္ျခင္းျဖင့္ ေဆာင္ရြက္ႏုိင္ျပီး ကစီဓာတ္ေျပာင္းလဲမႈေႏွးေကြးေစပါတယ္။ ဒါ့ေၾကာင့္  ဒီနည္းေလးအတုိင္း ျပင္ဆင္စားေသာက္မယ္ဆုိရင္ အဆီလည္းမတက္ေတာ့ပဲ လြတ္လြတ္လပ္လပ္နဲ႔ ျမိန္ယွက္စြာ သုံးေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ဆန်ဟာ နိုင်ငံအများစုမှာ အဓိက စားသုံးတဲ့ အစားအစာဖြစ်ပြီး ဘယ်လိုဟင်းလျာမျိုးနဲ့မဆို လိုက်ဖက်တာမို့ ကမ္ဘာတစ်ဝှမ်း လူသိများထင်ရှားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကစီဓာတ်ပါဝင်မှုက ကိုယ်အလေးချိန် ထိန်းသိမ်းသူတွေကို တွန့်ဆုတ်စေပါတယ်။ ထမင်းဖြူမှာ ပါဝင်တဲ့ ကစီဓာတ်ဟာ စားလိုက်တဲ့အခါ အချိုဓာတ်အဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်မှာ အဆီတိုးပွားစေပါတယ်။

ကိုယ်အလေးချိန်တက်မှာ စိုးရိမ်စရာမလိုဘဲ ထမင်းကို စိတ်အေးလက်အေး သုံးဆောင်ချင်သူအားလုံးအတွက် ကယ်လိုရီတန်ဖိုး ၅၀ ရာခိုင်နှုန်းထက်မနည်း လျှော့ချပေးမယ့် နည်းလမ်းတစ်ခု ဖော်ပြပေးချင်ပါတယ်။ ဒီနည်းက ကယ်လိုရီလျှော့စေရုံမက အကျိုးကျေးဇူးတွေပါ ထပ်မံရရှိစေမယ့် ထမင်းချက်နည်းသစ်တစ်ခု ဖြစ်ပြီး Sri Lanka က သုတေသီတွေ လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နည်းလမ်း

ရေပွက်ပွက်ဆူနေတဲ့အိုးထဲ အုန်းဆီကို ထည့်၊ ပြီးနောက် ဆန်ပေါင်းထည့်ရပါမယ်။ ဆန် ၁/၂ လုံးအတွက် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။ ဆန်ကျက်ပြီဆိုရင် ရေခဲသေတ္တာထဲ ၁၂ နာရီကြာအောင်  ထည့်သိမ်းထားနိုင်ပါတယ်။ စားချင်တဲ့အချိန် မိုက်ခရိုဝေ့ဗ်နဲ့ ပြန်နွေးလိုက်ရုံပါပဲ။

လော့ဂျစ်ခ်

ကစီဓာတ်တစ်ခုနဲ့တစ်ခုက အစာကြေဖို့ လိုအပ်တဲ့အချိန် မတူကြပါဘူး။ တချို့ကစီဓာတ်တွေဟာ ဂလူးကို့စ်အဖြစ်ပြောင်းလဲမြန်ပြီး နောက် glycogen အဖြစ်ပြောင်းပါတယ်။ ဒီနေရာမှာ glycogen က အဓိကအဆီကျစေပါတယ်။ များနေတဲ့အခါ လောင်ကျွမ်းစေဖို့ energy ပိုလိုအပ်ပါတယ်။ ဒီတော့ အစာကြေလွယ်တဲ့ ကစီဓာတ်တွေလျှော့ချဖို့ ဖြစ်ပါတယ်။ ဒါကို ထမင်းထဲ အုန်းဆီထည့်ချက်ခြင်းဖြင့် ဆောင်ရွက်နိုင်ပြီး ကစီဓာတ်ပြောင်းလဲမှုနှေးကွေးစေပါတယ်။ ဒါ့ကြောင့်  ဒီနည်းလေးအတိုင်း ပြင်ဆင်စားသောက်မယ်ဆိုရင် အဆီလည်းမတက်တော့ပဲ လွတ်လွတ်လပ်လပ်နဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top