Kantharyar Centre
×

 ေဒၚေအာင္ဆန္းစုၾကည္ သည္ ဟားဗတ္ေဖာင္ေဒးရွင္းက ခ်ီးျမႇင့္သည့္ ၂၀၁၆ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာဆု ကို ယမန္ေန႔က လက္ခံရယူခဲ့ၿပီး ယခုဆုမွာ အနာဂတ္တြင္ ေအာင္ ျမင္ရန္ ႀကိဳးပမ္းေနေသာ အရာ အတြက္ သေကၤတတစ္ခုအျဖစ္ မွတ္ယူူေၾကာင္း ေျပာၾကားခဲ့ သည္။

‘‘ဒီဆုကို ကြၽန္မလုပ္ေဆာင္ ထားၿပီးတဲ့အရာအတြက္ရတဲ့ ဆု လာဘ္တစ္ခုအျဖစ္ ကြၽန္မမမွတ္ ယူဘဲ အနာဂတ္မွာရရွိေအာင္ျမင္ ဖို႔ ကြၽန္မတို႔ႀကိဳးပမ္းေနတဲ့အရာ အတြက္ ေရွ႕ျဖစ္ေဟာသေကၤတ တစ္ခုအျဖစ္ ကြၽန္မမွတ္ယူပါ တယ္’’ဟု ေဒၚေအာင္ဆန္းစု ၾကည္က ဟားဗတ္တကၠသိုလ္ သိပၸံေဆာင္ခန္းမအတြင္း ဆုေပး ပြဲတက္ေရာက္ၾကေသာ ပရိသတ္ မ်ားအား ေျပာၾကားခဲ့သည္။

ဆက္လက္ၿပီး ၎က ‘ကြၽန္ မရဲ႕ႏိုင္ငံမွာဆုိရင္ ကြၽန္မတို႔ရဲ႕ ျပည္သူလူထုဟာ လြတ္လပ္ၿပီး လံုၿခံဳၾကပါတယ္လို႔ ကြၽန္မ မေျပာ ႏိုင္ခင္မွာ လုပ္စရာေတြအမ်ားႀကီး ရွိေနတုန္းပါပဲ’’ဟု ေျပာသည္။

အမုန္းတရားသည္ အ ေၾကာက္တရားမွ ျမစ္ဖ်ားခံအျမစ္ တြယ္လာျခင္းျဖစ္ေၾကာင္း ၎က ဟားဗတ္စာသင္ေဆာင္အတြင္း ေျပာၾကားခဲ့သည္။

လူသားတိုင္းသည္ အရင္းခံ စိတ္ေကာင္းေစတနာတစ္ခုရွိၿပီး ယင္းအခ်က္ကိုသာ အေလးထား လွ်င္ အေၾကာက္တရားကို ေက်ာ္ လႊားႏိုင္ေစလိမ့္မည္ဟုလည္း ေထာက္ျပသည္။

‘‘အေၾကာက္တရားဟာ စိတ္၀မ္းကြဲျပားမႈအားလံုးရဲ႕ ဇာစ္ျမစ္မွာရွိတယ္လို႔ ကြၽန္မယံုၾကည္ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေၾကာက္တရားဟာ အမုန္းတရားဆီကို ဦးတည္သြားေစၿပီးေတာ့ အမုန္းတရားက စိတ္၀မ္းကြဲျပား မႈဆီ ဦးေဆာင္သြားတာေၾကာင့္ပါပဲ’’ဟု ေၾကာက္ရြံ႕ျခင္းမွ လြတ္ကင္းေရးစာအုပ္၏ စာေရးဆရာလည္းျဖစ္သည့္ ေဒၚေအာင္ဆန္း စုၾကည္က ေျပာသည္။

ဟားဗတ္တကၠသိုလ္ သိပၸံ ေဆာင္ခန္းမထဲ၌ လူသားခ်င္းစာ နာေထာက္ထားမႈဆိုင္ရာ ဆုကို ေဒၚေအာင္ဆန္းစုၾကည္ လက္ခံ ရယူခ်ိန္တြင္ ထိုအေဆာက္အအံု အျပင္ဘက္၌ ဟားဗတ္ေက်ာင္း သား မြတ္စလင္လူငယ္အခ်ိဳ႕က ေဒၚေအာင္ဆန္းစုၾကည္ကို ဆႏၵ ျပခဲ့ၾကၿပီး ဘဂၤါလီ (ဆႏၵျပသည့္ စာတမ္းတြင္ ႐ိုဟင္ဂ်ာဟု ေရး သားထားသည္) အေရး ရပ္တည္ေဆာင္ရြက္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

ႏိုဗယ္ၿငိမ္းခ်မ္းေရးဆုရွင္အေနျဖင့္ ရခိုင္ျပည္နယ္ရွိ ပဋိပကၡအေရးႏွင့္ပတ္သက္၍ ျပည္တြင္းျပည္ပ ႏွစ္ဖက္စလံုး၏ ဆန္႔က်င္ေ၀ဖန္မႈမ်ားကို ခံေနခဲ့ရသည့္အေတာအတြင္း ဤဆႏၵျပမႈမွာ ၎၏ ျပည္ပခရီးစဥ္တစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ႀကံဳေတြ႕ရမႈျဖစ္သည္။

အက်ဥ္းစခန္းမ်ားတြင္ လူ ေပါင္း ၁၄၀,၀၀၀ ရွိေနေၾကာင္း၊ သန္းႏွင့္ခ်ီေသာ ဒုကၡသည္မ်ား သည္ ႏိုင္ငံသားျဖစ္ခြင့္မရွိ၊ ပညာ သင္ၾကားႏိုင္ခြင့္မရွိ၊ အလုပ္အ ကိုင္မရွိျဖစ္ေနေၾကာင္း၊ ေဒၚ ေအာင္ဆန္းစုၾကည္ အစိုးရက အ သံတိတ္ေနေၾကာင္းႏွင့္ ယခုရရွိ ေသာ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာ ဆုႏွင့္အညီေဆာင္ ရြက္၍ ႐ိုဟင္ဂ်ာ (ဘဂၤါလီ)မ်ား အတြက္ရပ္တည္ရန္ဆိုသည့္ စာ သားမ်ားေရးသားထားသည့္ စာ တန္းမ်ားကို ဆႏၵျပသူမ်ားကကိုင္ ဆြဲျပသခဲ့သည္။ျပည္တြင္းတြင္ ႐ို ဟင္ဂ်ာ (ဘဂၤါလီ) အေရးမေဆာင္ရြက္ဘဲ ယခုဆုကို ဟားဗတ္ေဖာင္ေဒးရွင္းက ေပးအပ္ျခင္းမွာ မထိုက္တန္ေၾကာင္းလည္း ၎တို႔က ကန္႔ကြက္ခဲ့ၾကသည္။

စေနေန႔က ေဒၚေအာင္ဆန္း စုၾကည္၏ အလည္အပတ္ခရီးကို ဆႏၵျပရန္ စီစဥ္ၾကေသာ မြတ္စလင္ေက်ာင္းသားအနည္းငယ္အားဟားဗတ္ေဖာင္ေဒး ရွင္း က ေတြ႕ ဆံုေဆြးေႏြးခဲ့ေၾကာင္း ေဖာင္ေဒး ရွင္း ၫႊန္ၾကားေရးမွဴး အက္စ္ အယ္လင္ေကာင္တာကေၾကညာ ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

‘ဟားဗတ္ မြတ္စလင္ ေက်ာင္းသားေတြနဲ႔ မဟာဌာန အပါအ၀င္ တိုင္းရင္းလူမ်ိဳး ယဥ္ ေက်းမႈ ေနာက္ခံေပါင္းစံုက လာ ၾကတဲ့ ဟားဗတ္ေက်ာင္းသားေတြ နဲ႔ မဟာဌာနကေနၿပီးေတာ့ အ ႀကီးအက်ယ္ေလးစားရသူျဖစ္တဲ့ ဒီဟားဗတ္ေဖာင္ေဒးရွင္း ဧည့္ သည္ေတာ္ကို အခုလို ဆႏၵျပမႈ ဟာ ကြၽန္ေတာ္တို႔ရဲ႕ ျမန္မာ ေက်ာင္းသားေတြကို ထိခိုက္ေစ ၿပီးေတာ့ မသင့္ေတာ္၊ မမွန္ကန္ ပါဘူး’ဟု ဦးေႏွာက္ႏွင့္ အာ႐ံု ေၾကာေဗဒ ပါေမာကၡလည္းျဖစ္ သည့္ ေဒါက္တာေကာင္တာက ထိုေၾကညာခ်က္၌ ေရးသားခဲ့ သည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ျပည္ပရွိအဖြဲ႕အစည္းအခ်ိဳ႕က ႐ို ဟင္ဂ်ာ (ဘဂၤါလီ)အေရး မရပ္ တည္၊ မေဆာင္ရြက္ႏိုင္ဟုဆိုကာ ေ၀ဖန္ဆႏၵျပေနၾကခ်ိန္တြင္ ျပည္ တြင္း၌ ျပည္ခိုင္ၿဖိဳးပါတီ၊ ရခိုင္ အမ်ိဳးသားပါတီတို႔ကလည္း ကိုဖီ အာနန္ဥကၠ႒အျဖစ္ ပါ၀င္ဖြဲ႕စည္း ထားေသာ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္သည္ တရား မ၀င္ေၾကာင္းႏွင့္ ဖ်က္သိမ္းေပး ရန္တို႔ကို ေၾကညာခ်က္ထုတ္၍ ေတာင္းဆိုလ်က္ရွိသည္။

ရခိုင္ျပည္နယ္တြင္ ယခင္ အစိုးရလက္ထက္ ၂၀၁၂ အတြင္း က လူမ်ိဳးေရး၊ ဘာသာေရးအေျခ ခံသည့္ ပဋိပကၡမ်ား ျဖစ္ပြားခဲ့ၿပီး လူဦးေရ ၁၀၀,၀၀၀ ေက်ာ္ အိုးမဲ့ အိမ္မဲ့ျဖစ္ခဲ့သည္။

ဒီခ်ဳပ္အစိုးရလက္ထက္တြင္ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္း မႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အ ေကာင္အထည္ေဖာ္ေရး ေကာ္မ  တီကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာ၀န္ယူ၍ ဖြဲ႕စည္း ထားသည္။ ရခိုင္ျပည္နယ္ရွိ အ သိုက္အ၀န္းႏွစ္ဖက္စလံုး အက်ိဳး ရွိေစရန္၊ ျပႆနာကို ေျဖရွင္းရန္၊  အတတ္ႏိုင္ဆံုးႏွင့္ အေကာင္းဆံုး လုပ္ရန္ ႀကိဳးစားေနသည္ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာၾကား ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  ဒေါ်အောင်ဆန်းစုကြည် သည် ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်သည့် ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဆု ကို ယမန်နေ့က လက်ခံရယူခဲ့ပြီး ယခုဆုမှာ အနာဂတ်တွင် အောင် မြင်ရန် ကြိုးပမ်းနေသော အရာ အတွက် သငေ်္ကတတစ်ခုအဖြစ် မှတ်ယူူကြောင်း ပြောကြားခဲ့ သည်။


‘‘ဒီဆုကို ကျွန်မလုပ်ဆောင် ထားပြီးတဲ့အရာအတွက်ရတဲ့ ဆု လာဘ်တစ်ခုအဖြစ် ကျွန်မမမှတ် ယူဘဲ အနာဂတ်မှာရရှိအောင်မြင် ဖို့ ကျွန်မတို့ကြိုးပမ်းနေတဲ့အရာ အတွက် ရှေ့ဖြစ်ဟောသငေ်္ကတ တစ်ခုအဖြစ် ကျွန်မမှတ်ယူပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဟားဗတ်တက္ကသိုလ် သိပ္ပံဆောင်ခန်းမအတွင်း ဆုပေး ပွဲတက်ရောက်ကြသော ပရိသတ် များအား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ‘ကျွန် မရဲ့နိုင်ငံမှာဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ လွတ်လပ်ပြီး လုံခြုံကြပါတယ်လို့ ကျွန်မ မပြော နိုင်ခင်မှာ လုပ်စရာတွေအများကြီး ရှိနေတုန်းပါပဲ’’ဟု ပြောသည်။

အမုန်းတရားသည် အ ကြောက်တရားမှ မြစ်ဖျားခံအမြစ် တွယ်လာခြင်းဖြစ်ကြောင်း ၎င်းက ဟားဗတ်စာသင်ဆောင်အတွင်း ပြောကြားခဲ့သည်။

လူသားတိုင်းသည် အရင်းခံ စိတ်ကောင်းစေတနာတစ်ခုရှိပြီး ယင်းအချက်ကိုသာ အလေးထား လျှင် အကြောက်တရားကို ကျော် လွှားနိုင်စေလိမ့်မည်ဟုလည်း ထောက်ပြသည်။

‘‘အကြောက်တရားဟာ စိတ်ဝမ်းကွဲပြားမှုအားလုံးရဲ့ ဇာစ်မြစ်မှာရှိတယ်လို့ ကျွန်မယုံကြည် တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောက်တရားဟာ အမုန်းတရားဆီကို ဦးတည်သွားစေပြီးတော့ အမုန်းတရားက စိတ်ဝမ်းကွဲပြား မှုဆီ ဦးဆောင်သွားတာကြောင့်ပါပဲ’’ဟု ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးစာအုပ်၏ စာရေးဆရာလည်းဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဟားဗတ်တက္ကသိုလ် သိပ္ပံ ဆောင်ခန်းမထဲ၌ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံ ရယူချိန်တွင် ထိုအဆောက်အအုံ အပြင်ဘက်၌ ဟားဗတ်ကျောင်း သား မွတ်စလင်လူငယ်အချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒ ပြခဲ့ကြပြီး ဘင်္ဂါလီ (ဆန္ဒပြသည့် စာတမ်းတွင် ရိုဟင်ဂျာဟု ရေး သားထားသည်) အရေး ရပ်တည်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခအရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ နှစ်ဖက်စလုံး၏ ဆန့်ကျင်ဝေဖန်မှုများကို ခံနေခဲ့ရသည့်အတောအတွင်း ဤဆန္ဒပြမှုမှာ ၎င်း၏ ပြည်ပခရီးစဉ်တစ်လျှောက် ပထမဆုံးအကြိမ် ကြုံတွေ့ရမှုဖြစ်သည်။

အကျဉ်းစခန်းများတွင် လူ ပေါင်း ၁၄၀,၀၀၀ ရှိနေကြောင်း၊ သန်းနှင့်ချီသော ဒုက္ခသည်များ သည် နိုင်ငံသားဖြစ်ခွင့်မရှိ၊ ပညာ သင်ကြားနိုင်ခွင့်မရှိ၊ အလုပ်အ ကိုင်မရှိဖြစ်နေကြောင်း၊ ဒေါ် အောင်ဆန်းစုကြည် အစိုးရက အ သံတိတ်နေကြောင်းနှင့် ယခုရရှိ သော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဆုနှင့်အညီဆောင် ရွက်၍ ရိုဟင်ဂျာ (ဘင်္ဂါလီ)များ အတွက်ရပ်တည်ရန်ဆိုသည့် စာ သားများရေးသားထားသည့် စာ တန်းများကို ဆန္ဒပြသူများကကိုင် ဆွဲပြသခဲ့သည်။ပြည်တွင်းတွင် ရို ဟင်ဂျာ (ဘင်္ဂါလီ) အရေးမဆောင်ရွက်ဘဲ ယခုဆုကို ဟားဗတ်ဖောင်ဒေးရှင်းက ပေးအပ်ခြင်းမှာ မထိုက်တန်ကြောင်းလည်း ၎င်းတို့က ကန့်ကွက်ခဲ့ကြသည်။

စနေနေ့က ဒေါ်အောင်ဆန်း စုကြည်၏ အလည်အပတ်ခရီးကို ဆန္ဒပြရန် စီစဉ်ကြသော မွတ်စလင်ကျောင်းသားအနည်းငယ်အားဟားဗတ်ဖောင်ဒေး ရှင်း က တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း ဖောင်ဒေး ရှင်း ညွှန်ကြားရေးမှူး အက်စ် အယ်လင်ကောင်တာကကြေညာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

‘ဟားဗတ် မွတ်စလင် ကျောင်းသားတွေနဲ့ မဟာဌာန အပါအဝင် တိုင်းရင်းလူမျိုး ယဉ် ကျေးမှု နောက်ခံပေါင်းစုံက လာ ကြတဲ့ ဟားဗတ်ကျောင်းသားတွေ နဲ့ မဟာဌာနကနေပြီးတော့ အ ကြီးအကျယ်လေးစားရသူဖြစ်တဲ့ ဒီဟားဗတ်ဖောင်ဒေးရှင်း ဧည့် သည်တော်ကို အခုလို ဆန္ဒပြမှု ဟာ ကျွန်တော်တို့ရဲ့ မြန်မာ ကျောင်းသားတွေကို ထိခိုက်စေ ပြီးတော့ မသင့်တော်၊ မမှန်ကန် ပါဘူး’ဟု ဦးနှောက်နှင့် အာရုံ ကြောဗေဒ ပါမောက္ခလည်းဖြစ် သည့် ဒေါက်တာကောင်တာက ထိုကြေညာချက်၌ ရေးသားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပရှိအဖွဲ့အစည်းအချို့က ရို ဟင်ဂျာ (ဘင်္ဂါလီ)အရေး မရပ် တည်၊ မဆောင်ရွက်နိုင်ဟုဆိုကာ ဝေဖန်ဆန္ဒပြနေကြချိန်တွင် ပြည် တွင်း၌ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင် အမျိုးသားပါတီတို့ကလည်း ကိုဖီ အာနန်ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်း ထားသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် တရား မဝင်ကြောင်းနှင့် ဖျက်သိမ်းပေး ရန်တို့ကို ကြေညာချက်ထုတ်၍ တောင်းဆိုလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ယခင် အစိုးရလက်ထက် ၂၀၁၂ အတွင်း က လူမျိုးရေး၊ ဘာသာရေးအခြေ ခံသည့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၀၀,၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့သည်။

ဒီချုပ်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အ ကောင်အထည်ဖော်ရေး ကော်မ  တီကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဖွဲ့စည်း ထားသည်။ ရခိုင်ပြည်နယ်ရှိ အ သိုက်အဝန်းနှစ်ဖက်စလုံး အကျိုး ရှိစေရန်၊ ပြဿနာကို ဖြေရှင်းရန်၊  အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး လုပ်ရန် ကြိုးစားနေသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top