Kantharyar Centre
×






Credit : Trend Myanmar

#Unicode Version

၁၉၃၉ က ပိုလန်ကို ဂျာမနီ မကျူးကျော်ခင် ၃ နှစ်အလိုမှာ ကမ္ဘာ့အကြီးဆုံး ကမ္ဘာလှည့်ခရီးသည်များ အပန်းဖြေရာနေရာ အဆောက်အအုံ တည်ဆောက်ဖို့ အဒေါ့ဖ်ဟစ်တလာ အမိန့်ပေးခဲ့ပါတယ်။ အဲဒီအဆောက်အဦးက Rugen ကျွန်း ကမ်းနဖူးမှာ တည်ရှိပါတယ်။ နာဇီတွေက ဒါကို Prora လို့ ခေါ်ဆိုကြပါတယ်။

တစ်ချိန်တည်းမှာ လူ ၂၀,၀၀၀ ကျော်ဆန့်တဲ့ Prora ဟာ မနားတမ်း အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကိုင်တဲ့ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်နေသူ ဂျာမန်အလုပ်သမားတွေ သက်တောင့်သက်သာ အပန်းဖြေဖို့လည်း ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက် Prora အဆောက်အအုံ အသက်မဲ့ခဲ့တာ ယခုအချိန်ထိ ပါပဲ။ ၁၉၃၆ ခုနှစ် ပထမကမ္ဘာစစ်ကနေ ဂျာမနီဟာ "people community" အယူအဆထဲမှာ ရုန်းမထွက်သာအောင် ပိတ်မိ နေခဲ့ပါတယ်။ ဘာဖြစ်ဖြစ် ဒါက ဂျာမန်တွေ စည်းလုံးမှု ဖြစ်စေပါတယ်။

နာဇီစစ်သားတွေတိုးပွားလာတဲ့အခါ ဂျာမန်ဆက်လက်လွှမ်းမိုးနိုင်ဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ နောက် Prora လို နေရာမျိုး ဖြစ်တည်လာပါတယ်။ ၂၀၁၃ မှာ ဂျာမန်အိမ်ခြံမြေကုမ္ပဏီ Metropole Marketing က Prora ကို ပြင်ဆင်မွမ်းမံခွင့်ရရှိခဲ့ပြီး ဇိမ်ခံနွေရာသီအပန်းဖြေနေရာတွေအဖြစ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

Metropole ကုမ္ပဏီအနေနဲ့ အပြီးသတ်ပြင်ဆင်မွမ်းမံမှုအားလုံးကို ၂၀၂၂ မှာ ပြီးစီးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top