Property Expo
×

ယခင္သီဆိုေနက် သီခ်င္းမ်ားႏွင့္မတူဘဲ ဂီတပံုစံ ေျပာင္း၍ သီဆုိထားသည့္ သီခ်င္း အခ်ိဳ႕ပါဝင္ေသာ ေတးသံရွင္ ရတနာမိုင္၏ ေလးေခြေျမာက္ တစ္ကိုယ္ေတာ္အေခြ ‘သူသိေစ’ စီးရီးကို  စက္တင္ဘာ ၂၆ ရက္ တြင္ ျဖန္႔ခ်ိမည္ျဖစ္ေၾကာင္း သိရသည္။

‘‘ဒီအေခြထဲက သီခ်င္းေတြ ကို အရင္ေခြနဲ႔မတူတဲ့ R & B ပံုစံ ေလးေတြဆိုထားပါတယ္။ ေမေမ မိုင္ရဲ႕ သီခ်င္းႏွစ္ပုဒ္ကိုလည္း မိုင္ ေလးျပန္ဆုိထားတယ္။ ထူးျခား တာက ‘ေမာင္’၊ ‘မလြမ္းပို’သီခ်င္း ကို ဇြဲျပည့္နဲ႔ ၿဖိဳးျပည့္စံုတုိ႔ ႏွစ္ဦးနဲ႔ ေပါင္းစပ္ဆုိထားပါတယ္’’ဟု ရတနာမိုင္က ေျပာသည္။

အဆုိပါအေခြတြင္ ေတး သီခ်င္း ၁၅ ပုဒ္ပါဝင္ၿပီး ရတနာ မိုင္ႏွင့္အတူ ၿဖိဳးျပည့္စံု၊ ေအာင္ ထက္၊ စိန္လင္း၊ ဇြဲျပည့္ႏွင့္ ေမမီ ကိုတုိ႔က ပါဝင္သီဆိုေပးထားကာ Myanmar Music Network က စီစဥ္ေပးထားျခင္းျဖစ္သည္။

‘‘ဒီအေခြမွာေတာ့ သီခ်င္း သစ္ေရးထားတာမဟုတ္ဘဲ စိုးသူ အတြက္ ေရးေပးထားခဲ့တဲ့ ‘ဘရိတ္မပါတဲ့ ကား’ဆုိတဲ့ သီခ်င္းေလး ကို မိုင္ေလး ျပန္ဆုိေပးထားတာ ျဖစ္ပါတယ္။ ပရိသတ္အတြက္ သူအတတ္ႏုိင္ဆံုး ႀကိဳးစားအား ထုတ္ထားတဲ့အေခြေလးလည္း ျဖစ္ပါတယ္’’ဟု ေတးေရးမင္းခ်စ္ သူက ေျပာသည္။

အဆုိပါအေခြတြင္ မင္းခ်စ္ သူ၊ ေရႊေဂ်ာ္ေဂ်ာ္၊ ထက္မြန္၊ မိုးမင္းဝင္း၊ စိုးမိုးသန္း၊ Wilson Smith၊ ေဇရဲ၊ မီးမီးခဲ၊ သဟာ ေအာင္ႏွင့္ Nger (Drive)တုိ႔က ေတးသီခ်င္းမ်ား ေရးသားေပး ထားၿပီး MTV Bonus အေနျဖင့္ ေအာင္ထက္ႏွင့္ တြဲဖက္သီဆို ထားသည့္ ‘ၿငိမ္းခ်မ္းပါေစ ကမၻာ ေျမ’သီခ်င္းကို ထည့္သြင္းေပးထားသည္။ရတနာမိုင္သည္ ပထမဆံုး တစ္ကိုယ္ေတာ္အေခြျဖစ္သည့္ ‘မရွိလို႔မျဖစ္’ကို ၂၀၁၀ တြင္ ထြက္ရွိခဲ့ၿပီး ၂၀၁၂ တြင္ ‘ပဖဗဘမ’ အေခြႏွင့္ ၂၀၁၄ တြင္ ‘Good Night ခ်စ္သူ’တုိ႔ ထြက္ရွိထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ယခင်သီဆိုနေကျ သီချင်းများနှင့်မတူဘဲ ဂီတပုံစံ ပြောင်း၍ သီဆိုထားသည့် သီချင်း အချို့ပါဝင်သော တေးသံရှင် ရတနာမိုင်၏ လေးခွေမြောက် တစ်ကိုယ်တော်အခွေ ‘သူသိစေ’ စီးရီးကို  စက်တင်ဘာ ၂၆ ရက် တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

‘‘ဒီအခွေထဲက သီချင်းတွေ ကို အရင်ခွေနဲ့မတူတဲ့ R & B ပုံစံ လေးတွေဆိုထားပါတယ်။ မေမေ မိုင်ရဲ့ သီချင်းနှစ်ပုဒ်ကိုလည်း မိုင် လေးပြန်ဆိုထားတယ်။ ထူးခြား တာက ‘မောင်’၊ ‘မလွမ်းပို’သီချင်း ကို ဇွဲပြည့်နဲ့ ဖြိုးပြည့်စုံတို့ နှစ်ဦးနဲ့ ပေါင်းစပ်ဆိုထားပါတယ်’’ဟု ရတနာမိုင်က ပြောသည်။

အဆိုပါအခွေတွင် တေး သီချင်း ၁၅ ပုဒ်ပါဝင်ပြီး ရတနာ မိုင်နှင့်အတူ ဖြိုးပြည့်စုံ၊ အောင် ထက်၊ စိန်လင်း၊ ဇွဲပြည့်နှင့် မေမီ ကိုတို့က ပါဝင်သီဆိုပေးထားကာ Myanmar Music Network က စီစဉ်ပေးထားခြင်းဖြစ်သည်။

‘‘ဒီအခွေမှာတော့ သီချင်း သစ်ရေးထားတာမဟုတ်ဘဲ စိုးသူ အတွက် ရေးပေးထားခဲ့တဲ့ ‘ဘရိတ်မပါတဲ့ ကား’ဆိုတဲ့ သီချင်းလေး ကို မိုင်လေး ပြန်ဆိုပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်အတွက် သူအတတ်နိုင်ဆုံး ကြိုးစားအား ထုတ်ထားတဲ့အခွေလေးလည်း ဖြစ်ပါတယ်’’ဟု တေးရေးမင်းချစ် သူက ပြောသည်။

အဆိုပါအခွေတွင် မင်းချစ် သူ၊ ရွှေဂျော်ဂျော်၊ ထက်မွန်၊ မိုးမင်းဝင်း၊ စိုးမိုးသန်း၊ Wilson Smith၊ ဇေရဲ၊ မီးမီးခဲ၊ သဟာ အောင်နှင့် Nger (Drive)တို့က တေးသီချင်းများ ရေးသားပေး ထားပြီး MTV Bonus အနေဖြင့် အောင်ထက်နှင့် တွဲဖက်သီဆို ထားသည့် ‘ငြိမ်းချမ်းပါစေ ကမ္ဘာ မြေ’သီချင်းကို ထည့်သွင်းပေးထားသည်။ရတနာမိုင်သည် ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်သည့် ‘မရှိလို့မဖြစ်’ကို ၂၀၁၀ တွင် ထွက်ရှိခဲ့ပြီး ၂၀၁၂ တွင် ‘ပဖဗဘမ’ အခွေနှင့် ၂၀၁၄ တွင် ‘Good Night ချစ်သူ’တို့ ထွက်ရှိထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top