Property Expo
×

ရန္ကုန္ႏွင့္မႏၲေလး အ ေ၀းသင္တကၠသုိလ္တို႔၏ အနီး ကပ္သင္တန္းႏွင့္ အတန္းတင္စာ ေမးပဲြ အခ်ိန္စာရင္းမ်ား ထုတ္ျပန္ ခဲ့ၿပီး သိပၸံအထူးျပဳဘာသာရပ္ အားလံုးကို ေအာက္တိုဘာ ၃ရက္တြင္ စတင္ေျဖဆိုရမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။


‘‘အခု ေၾကညာထားတဲ့ရက္ ေတြမွာ အနီးကပ္နဲ႔ စာေမးပဲြေျဖ ဆုိရမယ္။ ဒီပါ၀လီေန႔က ႀကိဳမသိ ႏုိင္ေတာ့ အဲဒီရက္နဲ႔ တိုက္တဲ့ရက္ ကို ေနာက္တစ္ရက္ေျပာင္းလဲေျဖ ဆုိဖို႔ စီစဥ္သြားမယ္’’ဟု ရန္ကုန္ အေ၀းသင္တကၠသိုလ္မွ အဆင့္ ျမင့္ အရာရွိတစ္ဦးက ေျပာသည္။

အေ၀းသင္တကၠသုိလ္ ပထ မအသုတ္ျဖစ္သည့္ သိပၸံအထူးျပဳ ဘာသာရပ္အားလံုးရွိ ပထမႏွစ္၊ ဒုတိယႏွစ္၊ တတိယႏွစ္ႏွင့္စတုတၳႏွစ္ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ အတန္းတင္စာေမးပဲြကို ေအာက္တုိဘာ ၃ ရက္မွ ၈ ရက္အထိ က်င္းပျပဳလုပ္မည္ျဖစ္သည္။

အေ၀းသင္တကၠသုိလ္ ဒုတိယအသုတ္ျဖစ္သည့္ အဂၤလိပ္ စာ၊ ပထ၀ီ၀င္၊ ဒႆနိကေဗဒ၊ စိတ္ပညာ၊ အေရွ႕တုိင္းပညာႏွင့္ ဥပေဒပညာ အထူးျပဳေက်ာင္း သားမ်ား၏ အနီးကပ္သင္တန္း မ်ားကို ေအာက္တုိဘာ ၁၁ ရက္မွ ၂၁ ရက္အထိ ပို႔ခ်မည္ျဖစ္ၿပီး အ တန္းတင္စာေမးပဲြကို ေအာက္တို ဘာ ၂၅ ရက္မွ ၃၁ ရက္အထိ က်င္းပမည္ျဖစ္သည္။

 အေ၀းသင္တကၠသုိလ္ တတိယအသုတ္ျဖစ္သည့္ ျမန္မာ စာ၊ သမုိင္း၊ စီးပြားေရးပညာႏွင့္ စီးပြားစီမံ အထူးျပဳဘာသာရပ္မ်ား ပထမႏွစ္ေက်ာင္းသူ၊ ေက်ာင္း သားမ်ားႏွင့္ ျမန္မာစာ၊ ျမန္မာမႈ၊ ရသစာေပ၊ သမုိင္း၊ စီးပြားေရး ပညာ၊ ျပည္သူ႔ေရးရာ၊ အိမ္တြင္း စီးပြားႏွင့္ စီးပြားစီမံ အထူးျပဳဘာ သာရပ္မ်ား၏ ဒုတိယႏွစ္၊တတိယ ႏွစ္ႏွင့္ စတုတၳႏွစ္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ အနီးကပ္ သင္တန္းကို ႏို၀င္ဘာ ၃ ရက္မွ ၁၂ ရက္အထိ ပို႔ခ်မည္ျဖစ္ၿပီး အ တန္းတင္စာေမးပဲြကို ႏုိ၀င္ဘာ ၁၇ ရက္မွ ၂၅ ရက္အထိ က်င္းပ မည္ျဖစ္သည္။

အေ၀းသင္တကၠသုိလ္တက္ ေရာက္ေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔ႏွင့္ သက္ဆုိင္ရာဌာနခဲြမ်ား တည္ရွိ သည့္ တကၠသုိလ္၊ဒီဂရီေကာလိပ္၊ ေကာလိပ္တို႔တြင္ အနီးကပ္ပုိ႔ခ် သင္တန္းမ်ား တက္ေရာက္ၿပီး အ ဆိုပါဌာနခဲြမ်ားတြင္ စာေမးပဲြေျဖ ဆုိရမည္ျဖစ္ေၾကာင္း ရန္ကုန္အ ေ၀းသင္တကၠသုိလ္မွ သိရသည္။

ယခုပညာသင္ႏွစ္၌ ပညာ ေရး၀န္ႀကီးဌာန လက္ေအာက္ရွိ တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ အေ၀းသင္တကၠသုိလ္ တက္ ေရာက္ေနေသာ ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း သံုးသိန္းတစ္ ေသာင္းေက်ာ္ရွိၿပီး ပံုမွန္ဘဲြ႕ႀကိဳ (Day) တက္ေရာက္သူမ်ားထက္ ႏွစ္ဆခန္႔မ်ားျပားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်နှင့်မန္တလေး အ ဝေးသင်တက္ကသိုလ်တို့၏ အနီး ကပ်သင်တန်းနှင့် အတန်းတင်စာ မေးပွဲ အချိန်စာရင်းများ ထုတ်ပြန် ခဲ့ပြီး သိပ္ပံအထူးပြုဘာသာရပ် အားလုံးကို အောက်တိုဘာ ၃ရက်တွင် စတင်ဖြေဆိုရမည်ဖြစ် ကြောင်း သတင်းရရှိသည်။


‘‘အခု ကြေညာထားတဲ့ရက် တွေမှာ အနီးကပ်နဲ့ စာမေးပွဲဖြေ ဆိုရမယ်။ ဒီပါဝလီနေ့က ကြိုမသိ နိုင်တော့ အဲဒီရက်နဲ့ တိုက်တဲ့ရက် ကို နောက်တစ်ရက်ပြောင်းလဲဖြေ ဆိုဖို့ စီစဉ်သွားမယ်’’ဟု ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အဆင့် မြင့် အရာရှိတစ်ဦးက ပြောသည်။

အဝေးသင်တက္ကသိုလ် ပထ မအသုတ်ဖြစ်သည့် သိပ္ပံအထူးပြု ဘာသာရပ်အားလုံးရှိ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့်စတုတ္ထနှစ်ကျောင်းသူ၊ ကျောင်းသားများ၏ အတန်းတင်စာမေးပွဲကို အောက်တိုဘာ ၃ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်ဖြစ်သည့် အင်္ဂလိပ် စာ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဥပဒေပညာ အထူးပြုကျောင်း သားများ၏ အနီးကပ်သင်တန်း များကို အောက်တိုဘာ ၁၁ ရက်မှ ၂၁ ရက်အထိ ပို့ချမည်ဖြစ်ပြီး အ တန်းတင်စာမေးပွဲကို အောက်တို ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 အဝေးသင်တက္ကသိုလ် တတိယအသုတ်ဖြစ်သည့် မြန်မာ စာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံ အထူးပြုဘာသာရပ်များ ပထမနှစ်ကျောင်းသူ၊ ကျောင်း သားများနှင့် မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ၊ သမိုင်း၊ စီးပွားရေး ပညာ၊ ပြည်သူ့ရေးရာ၊ အိမ်တွင်း စီးပွားနှင့် စီးပွားစီမံ အထူးပြုဘာ သာရပ်များ၏ ဒုတိယနှစ်၊တတိယ နှစ်နှင့် စတုတ္ထနှစ် ကျောင်းသူ၊ ကျောင်းသားများသည် အနီးကပ် သင်တန်းကို နိုဝင်ဘာ ၃ ရက်မှ ၁၂ ရက်အထိ ပို့ချမည်ဖြစ်ပြီး အ တန်းတင်စာမေးပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျင်းပ မည်ဖြစ်သည်။

အဝေးသင်တက္ကသိုလ်တက် ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့နှင့် သက်ဆိုင်ရာဌာနခွဲများ တည်ရှိ သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်၊ ကောလိပ်တို့တွင် အနီးကပ်ပို့ချ သင်တန်းများ တက်ရောက်ပြီး အ ဆိုပါဌာနခွဲများတွင် စာမေးပွဲဖြေ ဆိုရမည်ဖြစ်ကြောင်း ရန်ကုန်အ ဝေးသင်တက္ကသိုလ်မှ သိရသည်။

ယခုပညာသင်နှစ်၌ ပညာ ရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် အဝေးသင်တက္ကသိုလ် တက် ရောက်နေသော ကျောင်းသူ၊ ကျောင်းသားပေါင်း သုံးသိန်းတစ် သောင်းကျော်ရှိပြီး ပုံမှန်ဘွဲ့ကြို (Day) တက်ရောက်သူများထက် နှစ်ဆခန့်များပြားသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top