Property Expo
×

စာသင္ေက်ာင္းေဆာင္ သစ္ေဆာက္လုပ္ရာတြင္ သခ်ႋဳင္း ေျမပါ၀င္ေနသျဖင့္ ယင္းေျမအား ျပန္ေပးရန္ႏွင့္ နာနာဘာ၀ဘ၀မွ ကၽြတ္လြတ္ေအာင္ေဆာင္ရြက္ ေပးရန္ ေျမာင္းျမၿမိဳ႕နယ္ ရွမ္းေရ ေက်ာ္အထကခြဲေက်ာင္းတြင္ ေက်ာင္းသားအခ်ဳိ႕အား ၀ိညာဥ္ ၀င္ပူး၍ ေတာင္းဆုိျခင္းမ်ားျဖစ္ ေပၚခဲ့ေၾကာင္း ေက်ာင္းမွတာ၀န္ရွိ သူမ်ားကဆုိသည္။

လြန္ခဲ့သည့္တစ္လခန္႔မွစ၍  ေက်ာင္းသားအခ်ဳိ႕ထံ ၀ိညာဥ္ပူးျခင္းမွာ    ေန႔စဥ္နီးပါးျဖစ္ေန၍ ေက်ာင္းအတြင္း စက္တင္ဘာ၂၆ ရက္တြင္ ပရိတ္ရြတ္ဖတ္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း    ဆက္ လက္ျဖစ္ပြားေနေၾကာင္း အဆုိပါေက်ာင္း၏ ေက်ာင္းအုပ္ဆရာ မႀကီးေဒၚႏုႏုကေျပာသည္။

‘‘ဒီေန႔က ေတာ္ေတာ္ၾကမ္း တယ္။ ဆရာေတာ္ေတြ ပရိတ္ ရြတ္ေနတဲ့ၾကားက ေသာင္းက်န္း ေနတာ။ အဓိကက ငါးတန္း၊ ခု နစ္တန္း၊ ကုိးတန္းက ကေလး ေတြကို ၀င္ပူးတာ။ က်န္ခဲ့တဲ့ရက္ ေတြကဆုိ ၀င္ပူးတဲ့မိန္းကေလး ေတြက ေက်ာင္းမွာရွိတဲ့ သံခုံေတြ ႐ုိက္ခ်ဳိးတဲ့အထိျဖစ္ခဲ့တယ္’’ဟု ၎က ေျပာသည္။

ယင္းျဖစ္ရပ္မ်ားေၾကာင့္ ေျမာင္းျမၿမိဳ႕နယ္ အေထြေထြအုပ္ ခ်ဳပ္ေရးဦးစီးဌာနက သြားေရာက္၍ အမိန္႔ျပန္ျခင္းမ်ားေဆာင္ရြက္ခဲ့ ၿပီး ဆရာေတာ္ႀကီးမ်ား၏ ၾသ၀ါဒ ျဖင့္ လုပ္သင့္သည္မ်ားကို လုပ္ ေဆာင္လ်က္ရွိေၾကာင္း ဒုၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦး ေအာင္စုိးမုိးကေျပာသည္။

‘‘ဒီေနရာက ကုန္းျမင့္ေလး ဆုိေတာ့ ေက်ာင္းေဆာင္သစ္ ေဆာက္လုိက္တာေနမွာ။ ရြာေတြ ျဖစ္ေတာ့ ေက်ာင္းေျမ၊ သခ်ႋဳင္းေျမဆုိၿပီး သတ္သတ္မွတ္မွတ္ခြဲ ထားတာမရွိဘူး။ ေျမနဲ႔ပတ္သက္ ၿပီး စိစစ္လုိက္ေတာ့ သခ်ႋဳင္းေျမ နည္းနည္းပါေနတာေတြ႕ရတယ္။ အခုလုိျဖစ္တာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ယုံတာ၊ မယုံတာထား။  ဆရာေတာ္ႀကီးေတြဆီက ၾသ၀ါဒ ခံယူၿပီးေတာ့ လုပ္သင့္လုပ္ထုိက္ တာေတြလုပ္ထားတယ္’’ဟု ဦး ေအာင္စုိးမုိးကေျပာသည္။

အဆုိပါေက်ာင္းရွိသည့္ ေက်းရြာသည္ ေျမာင္းျမၿမိဳ႕မွ ကုန္းလမ္း၊ ေရလမ္းႏွစ္မ်ဳိးျဖင့္ ႏွစ္နာရီေက်ာ္သြားေရာက္ရသည့္ ေဒသျဖစ္ၿပီး ေနထုိင္သူအမ်ားစုမွာ ဗုဒၶဘာသာ၀င္မ်ားျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။   

အဆုိပါေက်ာင္းတြင္ ေက်ာင္းသားေပါင္း    ငါးရာေက်ာ္ရွိၿပီး မူလေက်ာင္းေဆာင္မ်ားမွ ထပ္မံတုိးခ်ဲ႕သည့္ေက်ာင္းေဆာင္သစ္ ကို ေဆာက္လုပ္ခ်ိန္ လြန္ခဲ့သည့္တစ္လခန္႔မွစ၍ ေန႔စဥ္ေက်ာင္း သူ၊ ေက်ာင္းသား ငါးဦးမွ ဆယ္ဦးအထိ ယင္းသို႔ ၀င္ပူးခံရေၾကာင္း သတင္းရရွိသည္။ ၿပီးခဲ့သည့္ရက္မ်ားတြင္ ရဟန္းသံဃာမ်ားက ကမၼ၀ါဖတ္ျခင္း၊ ရဲတပ္ဖြဲ႕က လာေရာက္ ေစာင့္ၾကပ္ျခင္းေၾကာင့္ ယင္းကဲ့ သို႔ မျဖစ္ပြားေသာ္လည္း ယေန႔ (စက္တင္ဘာ ၂၆ရက္)တြင္ ေက်ာင္းသူ၊ေက်ာင္းသားေျခာက္ ဦးအား ၀င္ေရာက္ပူးျခင္းမ်ားျပန္ လည္ျဖစ္ေပၚေၾကာင္း ေက်ာင္း အုပ္ဆရာမႀကီးေဒၚႏုႏုကေျပာ သည္။ အဆုိပါအေျခအေနမ်ား ေၾကာင့္ ဆရာ၊ ဆရာမမ်ားအပါ အ၀င္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား၏ မိဘမ်ားမွာ စိုးရိမ္ထိတ္ လန္႔ေနၿပီး ေန႔စဥ္ေက်ာင္းမတက္ သည့္ ေက်ာင္းသားဦးေရတစ္ရာ ေက်ာ္ရွိလာေၾကာင္း ဆရာမႀကီး ေဒၚႏုႏုကေျပာသည္။

‘‘ဒီအေျခအေနေတြကိုၾကား တယ္။ ေျမာင္းျမမွာ ဘုန္းတန္ခုိး ႀကီးတဲ့ ဆရာေတာ္ႀကီးေတြဆီ သြားၿပီး ကေလးေတြကို အကာအ ကြယ္ေပးတာေတြလုပ္ေပးဖုိ႔ၿမိဳ႕ နယ္ပညာေရးမွဴးကိုေျပာထား တယ္။ ေက်ာင္းေခၚခ်ိန္ ၇၅ရာခုိင္ ႏႈန္းမျပည့္ရင္ စာေမးပြဲေျဖခြင့္မရွိ တာမွန္တယ္။ ကေလးေတြစာေမး ပြဲေျဖႏုိင္ေအာင္ ေက်ာင္းေခၚခ်ိန္ ျပည့္မီေအာင္ေတာ့ လုပ္ရမွာပါ။ ေက်ာင္းမွာလည္း ပရိတ္၊ ပ႒ာန္း ေတြရြတ္ေနတယ္။ ကမၼ၀ါဖတ္တဲ့ အထိလုပ္ေနတာေတြရွိတယ္လုိ႔ သိထားရတယ္’’ဟု ဧရာ၀တီတုိင္း ပညာေရးမွဴး႐ုံးမွ ဒုတိယၫႊန္ၾကားေရးမွဴး(စီမံ)ဆရာေတာ္ႀကီး ဦးအမ္ဘ႐ုိ႕ကေျပာသည္။

‘‘သခ်ႋဳင္းေျမဘယ္ေလာက္ ပါပါ။ ေသၿပီးသားလူတုိင္းလည္း သရဲမျဖစ္ဘူး။ သရဲကလည္းသူ႔ ေျမကုိေတာင္းတယ္ဆုိတာလည္း မရွိဖူးဘူး။ သခ်ႋဳင္းေျမျဖစ္လုိ႔ သရဲ ကသာျပန္ေတာင္းမယ္ဆုိရင္ ကၽြန္မတုိ႔ေျမာင္းျမၿမိဳ႕ေပၚမွာရွိတဲ့ ၿမိဳ႕မေစ်းအနီးကသူေတြ အလုပ္ ေတာင္လုပ္စားလုိ႔ရမွာမဟုတ္ ဘူး။ ဒါေၾကာင့္ ကၽြန္မကေတာ့ယုံ လည္းမယုံဘူး။ သြားလည္းမ ၾကည့္ျဖစ္ဘူး။ ကၽြန္မတုိ႔အစုိးရ သစ္တက္လာမွ လူေတြတင္ေျမ ျပန္ေတာင္းတာမဟုတ္ဘူး။ သရဲ ေတြေတာင္ေျမျပန္ေတာင္းသလုိ ျဖစ္ေနတယ္’’ဟု ေျမာင္းျမၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္ စားလွယ္ေဒၚခုိင္ဇင္ဦးကေျပာ သည္။လက္ရွိတြင္ အဆုိပါေက်ာင္း ၌ ေက်ာင္းသားမ်ားကို ၀ိညာဥ္ပူး သည္ဆုိျခင္းအေပၚ ယုံသူမ်ားရွိ သကဲ့သုိ႔ မယုံသူမ်ားလည္းရွိေနေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စာသင်ကျောင်းဆောင် သစ်ဆောက်လုပ်ရာတွင် သချႋုင်း မြေပါဝင်နေသဖြင့် ယင်းမြေအား ပြန်ပေးရန်နှင့် နာနာဘာဝဘ၀မှ ကျွတ်လွတ်အောင်ဆောင်ရွက် ပေးရန် မြောင်းမြမြို့နယ် ရှမ်းရေ ကျော်အထကခွဲကျောင်းတွင် ကျောင်းသားအချို့အား ဝိညာဉ် ဝင်ပူး၍ တောင်းဆိုခြင်းများဖြစ် ပေါ်ခဲ့ကြောင်း ကျောင်းမှတာဝန်ရှိ သူများကဆိုသည်။

လွန်ခဲ့သည့်တစ်လခန့်မှစ၍  ကျောင်းသားအချို့ထံ ဝိညာဉ်ပူးခြင်းမှာ    နေ့စဉ်နီးပါးဖြစ်နေ၍ ကျောင်းအတွင်း စက်တင်ဘာ၂၆ ရက်တွင် ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း    ဆက် လက်ဖြစ်ပွားနေကြောင်း အဆိုပါကျောင်း၏ ကျောင်းအုပ်ဆရာ မကြီးဒေါ်နုနုကပြောသည်။

‘‘ဒီနေ့က တော်တော်ကြမ်း တယ်။ ဆရာတော်တွေ ပရိတ် ရွတ်နေတဲ့ကြားက သောင်းကျန်း နေတာ။ အဓိကက ငါးတန်း၊ ခု နစ်တန်း၊ ကိုးတန်းက ကလေး တွေကို ဝင်ပူးတာ။ ကျန်ခဲ့တဲ့ရက် တွေကဆို ဝင်ပူးတဲ့မိန်းကလေး တွေက ကျောင်းမှာရှိတဲ့ သံခုံတွေ ရိုက်ချိုးတဲ့အထိဖြစ်ခဲ့တယ်’’ဟု ၎င်းက ပြောသည်။

ယင်းဖြစ်ရပ်များကြောင့် မြောင်းမြမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက သွားရောက်၍ အမိန့်ပြန်ခြင်းများဆောင်ရွက်ခဲ့ ပြီး ဆရာတော်ကြီးများ၏ သြဝါဒ ဖြင့် လုပ်သင့်သည်များကို လုပ် ဆောင်လျက်ရှိကြောင်း ဒုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦး အောင်စိုးမိုးကပြောသည်။

‘‘ဒီနေရာက ကုန်းမြင့်လေး ဆိုတော့ ကျောင်းဆောင်သစ် ဆောက်လိုက်တာနေမှာ။ ရွာတွေ ဖြစ်တော့ ကျောင်းမြေ၊ သချႋုင်းမြေဆိုပြီး သတ်သတ်မှတ်မှတ်ခွဲ ထားတာမရှိဘူး။ မြေနဲ့ပတ်သက် ပြီး စိစစ်လိုက်တော့ သချႋုင်းမြေ နည်းနည်းပါနေတာတွေ့ရတယ်။ အခုလိုဖြစ်တာတွေနဲ့ ပတ်သက်ပြီးတော့ ယုံတာ၊ မယုံတာထား။  ဆရာတော်ကြီးတွေဆီက သြဝါဒ ခံယူပြီးတော့ လုပ်သင့်လုပ်ထိုက် တာတွေလုပ်ထားတယ်’’ဟု ဦး အောင်စိုးမိုးကပြောသည်။

အဆိုပါကျောင်းရှိသည့် ကျေးရွာသည် မြောင်းမြမြို့မှ ကုန်းလမ်း၊ ရေလမ်းနှစ်မျိုးဖြင့် နှစ်နာရီကျော်သွားရောက်ရသည့် ဒေသဖြစ်ပြီး နေထိုင်သူအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။  

အဆိုပါကျောင်းတွင် ကျောင်းသားပေါင်း    ငါးရာကျော်ရှိပြီး မူလကျောင်းဆောင်များမှ ထပ်မံတိုးချဲ့သည့်ကျောင်းဆောင်သစ် ကို ဆောက်လုပ်ချိန် လွန်ခဲ့သည့်တစ်လခန့်မှစ၍ နေ့စဉ်ကျောင်း သူ၊ ကျောင်းသား ငါးဦးမှ ဆယ်ဦးအထိ ယင်းသို့ ဝင်ပူးခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်ရက်များတွင် ရဟန်းသံဃာများက ကမ္မဝါဖတ်ခြင်း၊ ရဲတပ်ဖွဲ့က လာရောက် စောင့်ကြပ်ခြင်းကြောင့် ယင်းကဲ့ သို့ မဖြစ်ပွားသော်လည်း ယနေ့ (စက်တင်ဘာ ၂၆ရက်)တွင် ကျောင်းသူ၊ကျောင်းသားခြောက် ဦးအား ဝင်ရောက်ပူးခြင်းများပြန် လည်ဖြစ်ပေါ်ကြောင်း ကျောင်း အုပ်ဆရာမကြီးဒေါ်နုနုကပြော သည်။ အဆိုပါအခြေအနေများ ကြောင့် ဆရာ၊ ဆရာမများအပါ အဝင် ကျောင်းသား၊ ကျောင်းသူ များ၏ မိဘများမှာ စိုးရိမ်ထိတ် လန့်နေပြီး နေ့စဉ်ကျောင်းမတက် သည့် ကျောင်းသားဦးရေတစ်ရာ ကျော်ရှိလာကြောင်း ဆရာမကြီး ဒေါ်နုနုကပြောသည်။

‘‘ဒီအခြေအနေတွေကိုကြား တယ်။ မြောင်းမြမှာ ဘုန်းတန်ခိုး ကြီးတဲ့ ဆရာတော်ကြီးတွေဆီ သွားပြီး ကလေးတွေကို အကာအ ကွယ်ပေးတာတွေလုပ်ပေးဖို့မြို့ နယ်ပညာရေးမှူးကိုပြောထား တယ်။ ကျောင်းခေါ်ချိန် ၇၅ရာခိုင် နှုန်းမပြည့်ရင် စာမေးပွဲဖြေခွင့်မရှိ တာမှန်တယ်။ ကလေးတွေစာမေး ပွဲဖြေနိုင်အောင် ကျောင်းခေါ်ချိန် ပြည့်မီအောင်တော့ လုပ်ရမှာပါ။ ကျောင်းမှာလည်း ပရိတ်၊ ပဋ္ဌာန်း တွေရွတ်နေတယ်။ ကမ္မဝါဖတ်တဲ့ အထိလုပ်နေတာတွေရှိတယ်လို့ သိထားရတယ်’’ဟု ဧရာဝတီတိုင်း ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဆရာတော်ကြီး ဦးအမ်ဘရို့ကပြောသည်။

‘‘သချႋုင်းမြေဘယ်လောက် ပါပါ။ သေပြီးသားလူတိုင်းလည်း သရဲမဖြစ်ဘူး။ သရဲကလည်းသူ့ မြေကိုတောင်းတယ်ဆိုတာလည်း မရှိဖူးဘူး။ သချႋုင်းမြေဖြစ်လို့ သရဲ ကသာပြန်တောင်းမယ်ဆိုရင် ကျွန်မတို့မြောင်းမြမြို့ပေါ်မှာရှိတဲ့ မြို့မဈေးအနီးကသူတွေ အလုပ် တောင်လုပ်စားလို့ရမှာမဟုတ် ဘူး။ ဒါကြောင့် ကျွန်မကတော့ယုံ လည်းမယုံဘူး။ သွားလည်းမ ကြည့်ဖြစ်ဘူး။ ကျွန်မတို့အစိုးရ သစ်တက်လာမှ လူတွေတင်မြေ ပြန်တောင်းတာမဟုတ်ဘူး။ သရဲ တွေတောင်မြေပြန်တောင်းသလို ဖြစ်နေတယ်’’ဟု မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဒေါ်ခိုင်ဇင်ဦးကပြော သည်။လက်ရှိတွင် အဆိုပါကျောင်း ၌ ကျောင်းသားများကို ဝိညာဉ်ပူး သည်ဆိုခြင်းအပေါ် ယုံသူများရှိ သကဲ့သို့ မယုံသူများလည်းရှိနေကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top