Kantharyar Centre
×




Credit : Trend Myanmar

#Unicode Version

စိတ်ဖိစီးလို့ အစားတွေ နင်းကန်စားခြင်း stress-eating ဆိုတာ သိပ်သဘာဝကျတဲ့ အကြောင်းပြချက်တစ်ခု မဟုတ်ဘူးလို့ လေ့လာမှုတစ်ခုက ထောက်ခံထားပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုအပေါ် ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုက အစာစားချင်စိတ်လျှော့နည်းမှုတစ်ခုလို့ အခိုင်အမာဆိုပါတယ်။

စမ်းသပ်ခံစားသူ ၅၉ ယောက်ကို စိတ်ဖိစီးမှုကြောင့် အာသီသဘယ်လိုပြောင်းလဲ ဖြစ်ပေါ်စေလဲဆိုတာသိရဖို့ ၁၀ရက်ကြာ စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ သူတို့စိတ်ခံစားမှုအခြေအနေ၊ စိတ်ဖိစီးမှုနှုန်းတွေကို volunteer တွေ တစ်နေ့ ၅ ကြိမ် စူးစမ်းခဲ့ကြပါတယ်။ အစားအသောက်ရွေးချယ်မှုက ဗိုက်ဆာမှုကြောင့်လား၊ အချိန်အပိုင်းအခြားနဲ့လား၊ တကယ်မလိုအပ်ဘဲ စားချင်ရုံသက်သက်လားဆိုတာတွေအပြင် စားတဲ့အစားအစာက ထမင်းလားဒါမှမဟုတ် အဆာပြေအစားအစာပဲလား ဆိုတာကိုလည်း ဆက်လက်တိုင်းတာခဲ့ပါတယ်။

အထက်ပါအချက်တွေ အခြေခံပြီး သုတေသီတွေဟာ စိတ်ဖိစီးချိန် အစာစားသုံးတဲ့ လူတွေ ခံတွင်းတွေ့မှု လျှော့နည်းကြတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုနဲ့ စားတဲ့ အစားအစာပမာဏကြား ဆက်နွယ်မှုအနည်းငယ်သာတွေ့ရပေမယ့် စိတ်ဖိစီးတဲ့အချိန် အစားစားသူတွေဟာ စိတ်ဖိစီးမှုမရှိသူတွေထက် အစားပိုနည်းကြတာ သတိပြုမိခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top