Property Expo
×

ႏ်ဴကလီးယားလက္နက္ စမ္းသပ္ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့သည့္ ေျမာက္ကိုရီးယားအေပၚ ေနာက္ထပ္ အေရးယူ ပိတ္ဆို႔မႈမ်ား ျပဳလုပ္မည့္ အစီအစဉ္ကို တ႐ုတ္အစုိးရက လက္ခံမည္ မဟုတ္ဟု သိရသည္။


တ႐ုတ္ ႏုိင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ဂ်ပန္ ႏုိင္ငံျခားေရးဝန္ႀကီး ဖူမီယို ကီရွီဒါႏွင့္ ေတြ႕ဆံုခ်ိန္၌ ေျမာက္ကိုရီးယားအေပၚ ပိတ္ဆို႔မႈ အသစ္မ်ား တိုးျမႇင့္ျခင္းသည္ လက္ရွိ ျပႆနာကို ေျဖရွင္းရန္ အေထာက္အကူ ျဖစ္ႏုိင္မည္ မဟုတ္ဟု အသိေပး ေျပာၾကားခဲ့သည္။ ၎က ေျမာက္ကိုရီးယား၏ ပဉၥမေျမာက္ ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈ အၿပီးတြင္ အထီးက်န္ ကြန္ျမဴနစ္ ႏုိင္ငံအေနျဖင့္ ကုလသမဂၢႏွင့္ ပိုမို၍ လက္တြဲလုပ္ေဆာင္မႈမ်ား လိုအပ္လာၿပီဟု ယူဆေၾကာင္းလည္း ဆိုသည္။

တ႐ုတ္သည္ ေျမာက္ကိုရီးယား၏ အဓိက စစ္ေရးမဟာမိတ္ ႏုိင္ငံအျဖစ္ ရပ္တည္ခဲ့ေသာ္လည္း ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယား စမ္းသပ္မႈမ်ားက ႏွစ္ႏုိင္ငံ ဆက္ဆံေရးကို ေအးခဲလာေစခဲ့သည္။ ၿပီးခဲ့သည့္ သီတင္းပတ္က ေျမာက္ကိုရီးယား၏ အင္အားအျပင္းထန္ဆံုး ႏ်ဴကလီးယား စမ္းသပ္ေဖာက္ခြဲမႈအေပၚ တ႐ုတ္က ေဒါသထြက္ေနမွန္း သိသာေသာ္လည္း တိုက္႐ိုက္က်က် ပိတ္ဆုိ႔အေရးယူမႈမ်ားက အေျခအေနကို ေျဖရွင္းရန္ အေကာင္းဆံုး လုပ္ေဆာင္မႈ မဟုတ္ဟု ယူဆေနျခင္း ျဖစ္သည္။

တ႐ုတ္က ကုလသမဂၢ အေနျဖင့္ ေျမာက္ကိုရီးယားကို ေဆြးေႏြးပြဲမ်ားသို႔ ျပန္လည္ ဖိတ္ေခၚရန္ အားထုတ္သင့္ေၾကာင္း တိုက္တြန္းေနသည္။ ဝမ္က ကီရွီဒါႏွင့္ ေတြ႕ဆံုရာတြင္ ကုလသမဂၢ လံုၿခံဳေရး ေကာင္စီ၏ အျခားအဖဲြ႕ဝင္ ႏိုင္ငံမ်ားက ကိုရီးယားကၽြန္းဆြယ္ ၿငိမ္းခ်မ္းေရးအတြက္ ကြဲျပားေသာ နည္းလမ္းမ်ားျဖင့္ ခ်ဉ္းကပ္ရန္ လိုအပ္ေနၿပီကို နားလည္သင့္ေၾကာင္း ေျပာၾကားခဲ့သည္။

“ကိုရီးယားကၽြန္းဆြယ္ ၿငိမ္းခ်မ္းေရးကို ႏုိင္ငံတိုင္းက လိုလားၾကပါတယ္။ တ႐ုတ္က ျပႆနာေတြကို အမွန္တကယ္ ေျဖရွင္းႏုိင္ဖုိ႔ မွန္ကန္တဲ့ ခ်ဉ္းကပ္မႈ မဟုတ္တဲ့အတြက္ အေရးယူ ပိတ္ဆို႔မႈ အသစ္ေတြ သတ္မွတ္တာကို ဆန္႔က်င္ပါတယ္”ဟု တ႐ုတ္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ေၾကညာခဲ့သည္။

ေျမာက္ကိုရီးယားသည္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္က ႏ်ဴကလီးယား စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့ၿပီးေနာက္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ကုလသမဂၢ အေနျဖင့္ ေျမာက္ကိုရီးယားအေပၚ အေရးယူ ပိတ္ဆို႔မႈ အသစ္မ်ား သတ္မွတ္ ျပ႒ာန္းရန္ ဦးေဆာင္ တိုက္တြန္းလ်က္ ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအပေါ် နောက်ထပ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည့် အစီအစဉ်ကို တရုတ်အစိုးရက လက်ခံမည် မဟုတ်ဟု သိရသည်။


တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါနှင့် တွေ့ဆုံချိန်၌ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု အသစ်များ တိုးမြှင့်ခြင်းသည် လက်ရှိ ပြဿနာကို ဖြေရှင်းရန် အထောက်အကူ ဖြစ်နိုင်မည် မဟုတ်ဟု အသိပေး ပြောကြားခဲ့သည်။ ၎င်းက မြောက်ကိုရီးယား၏ ပဉ္စမမြောက် နျူကလီးယားလက်နက် စမ်းသပ်မှု အပြီးတွင် အထီးကျန် ကွန်မြူနစ် နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပိုမို၍ လက်တွဲလုပ်ဆောင်မှုများ လိုအပ်လာပြီဟု ယူဆကြောင်းလည်း ဆိုသည်။

တရုတ်သည် မြောက်ကိုရီးယား၏ အဓိက စစ်ရေးမဟာမိတ် နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုများက နှစ်နိုင်ငံ ဆက်ဆံရေးကို အေးခဲလာစေခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယား၏ အင်အားအပြင်းထန်ဆုံး နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုအပေါ် တရုတ်က ဒေါသထွက်နေမှန်း သိသာသော်လည်း တိုက်ရိုက်ကျကျ ပိတ်ဆို့အရေးယူမှုများက အခြေအနေကို ဖြေရှင်းရန် အကောင်းဆုံး လုပ်ဆောင်မှု မဟုတ်ဟု ယူဆနေခြင်း ဖြစ်သည်။

တရုတ်က ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယားကို ဆွေးနွေးပွဲများသို့ ပြန်လည် ဖိတ်ခေါ်ရန် အားထုတ်သင့်ကြောင်း တိုက်တွန်းနေသည်။ ဝမ်က ကီရှီဒါနှင့် တွေ့ဆုံရာတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အခြားအဖွဲ့ဝင် နိုင်ငံများက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ကွဲပြားသော နည်းလမ်းများဖြင့် ချဉ်းကပ်ရန် လိုအပ်နေပြီကို နားလည်သင့်ကြောင်း ပြောကြားခဲ့သည်။

“ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို နိုင်ငံတိုင်းက လိုလားကြပါတယ်။ တရုတ်က ပြဿနာတွေကို အမှန်တကယ် ဖြေရှင်းနိုင်ဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှု မဟုတ်တဲ့အတွက် အရေးယူ ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်တာကို ဆန့်ကျင်ပါတယ်”ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကုလသမဂ္ဂ အနေဖြင့် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ သတ်မှတ် ပြဋ္ဌာန်းရန် ဦးဆောင် တိုက်တွန်းလျက် ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top